မူဆယ်တွင် ဒေသန္တရ ညမထွက်ရအမိန့် မလိုက်နာဘဲ ဖွင့်လှစ်ထားသည့် Bar ဆိုင်ပိုင်ရှင်နှင့် လာရောက် စားသုံးနေသူများကို ထောင်ဒဏ်ချမှတ်

မူဆယ်တွင် ဒေသန္တရ ညမထွက်ရအမိန့် မလိုက်နာဘဲ ဖွင့်လှစ်ထားသည့် Bar ဆိုင်ပိုင်ရှင်နှင့် လာရောက် စားသုံးနေသူများကို ထောင်ဒဏ်ချမှတ်
Published 4 September 2020

မူဆယ်တွင် ဒေသန္တရ ညမထွက်ရအမိန့် မလိုက်နာဘဲ ဖွင့်လှစ်ထားသည့် Bar ဆိုင်ပိုင်ရှင်နှင့် လာရောက် စားသုံးနေသူများကို ထောင်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ ကောင်းမူးတုံရပ်ကွက် ထူးရှယ်လမ်းကြားရှိ Beer City Bar@Restaurant ဆိုင်ရှင်နှင့် ဝန်ထမ်းများအပါအဝင် စားသုံးနေသူ စုစုပေါင်း ၇ ဦးကို စက်တင်ဘာ ၃ ရက်တွင်နေ့ခြင်းပြီး အရေးယူခဲ့ကြောင်း သိရသည်။

အဆိုပါ ခုနစ်ဦးသည် COVID-19 ကာလ အမိန့်ညွန်ကြားချက်များဖြစ်သော မြို့နယ်အ‌ထွေ‌ထွေ အုပ်ချုပ်‌ရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည့်  ဒေသန္တရအမိန့်စာအမှတ်၊ (၁၃/၂၀၂၀) "ညမထွက်ရ အမိန့်"အားချိုးဖောက်ခြင်း နှင့် ဒေသန္တရအမိန့်စာအမှတ်၊(၁၆/၂၀၂၀) ကာရာအိုကေ (KTV)ဆိုင်များ၊ ဘားဆိုင် များ၊ ကလပ်(Club)များ ဖွင့်လှစ်ခြင်းမပြုရန် အမိန့်အား ချိုးဖောက်ကြောင်း စစ်ဆေးတွေ့ရှိရပါသဖြင့် ဉပဒေနှင့် အညီ လိုက်နာခြင်းမရှိသဖြင့် ရာဇဝတ်ကြီး အမှုအမှတ်/၄၄၃/၂၀၂ဝရာဇသတ်ကြီး ဉပဒေပုဒ်မ၊၁၁၈/(၁)ဖြင့် စစ်ဆေးခဲ့ပြီး ၎င်းတို့မှ အပြစ်ရှိကြောင်းဝန်ခံသဖြင့် မူဆယ်မြို့နယ်တရားရုံးက အလုပ်မဲ့ ထောင်ဒဏ်တစ်လစီ ကျခံစေရန် စက်တင်ဘာ ၃ ရက်တွင် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် စက်တင်ဘာလ ၄ ရက်တွင် ဒေသန္တရအမိန့် ဖောက်ဖျက်သူ ၂၇ ဦးကိုဆက်လက် အရေးယူ မည်ဖြစ်ကြောင်း သိရသည်။

မူဆယ်မြို့သည် မြန်မာ-တရုတ် နှစ်နိုင်ငံ ကူးသန်းရောင်းတယ်နေသော နယ်စပ်မြို့ဖြစ်သည်နှင့်အညီ ကုန်သည်ပွဲစား၊ ကားသမားများနှင့် ခရီးသွားများ အဆက်မပြတ်ဝင်ထွက်လျက်ရှိသောမြို့ဖြစ်သည်။

Most Read

Most Recent