မက်ဆီအား ပေါင်သန်း (၂၀၀)ရမှသာ ဘာစီလိုနာအသင်း လက်လွှတ်ဖွယ်ရှိ

မက်ဆီအား ပေါင်သန်း (၂၀၀)ရမှသာ ဘာစီလိုနာအသင်း လက်လွှတ်ဖွယ်ရှိ
Published 27 August 2020

ဘာစီလိုနာအသင်းသည် မက်ဆီအား အသင်းတွင် ဆက်ရှိနေရန် အစွမ်းကုန်ကြိုးစားသွားမည်ဖြစ်ပြီး မည်သို့မျှတားမရပါကလည်း ပေါင်သန်း (၂၀၀)ရရှိမှ လက်လွှတ်သွားဖွယ်ရှိကြောင်း စပိန်အားကစားသတင်းစာ ASက ဖော်ပြခဲ့သည်။

မက်ဆီသည် ဘာစီလိုနာအသင်းနှင့်ချုပ်ဆိုထားသည့် စာချုပ်လျော်ကြေးမှာ ယူရိုသန်း (၇၀၀) ဖြစ်ပြီး ယင်းစာချုပ်တွင် မက်ဆီအနေဖြင့် အသင်းနှင့်လမ်းခွဲရန်ဆန္ဒရှိပါက ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ထွက်ခွာရန် ဇွန်(၁၀)ရက်မတိုင်မီ တောင်းဆိုခွင့်ရှိသည်ဆိုသော အချက်ပါဝင်ကြောင်း သိရသည်။

သို့သော် ကပ်ဘေးကြောင့် ၂၀၁၉-၂၀ ရာသီမှာ သြဂုတ်လတွင်မှ အဆုံးသတ်ခဲ့သဖြင့် မက်ဆီအနေဖြင့် ယင်းအချက်ကိုတိုးမြှင့်ကာ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ထွက်ခွာခွင့်ပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

သို့သော် ဘာစီလိုနာအသင်းသည် မက်ဆီအားအသင်းတွင် ဆက်နေရန်ကြိုးစားမှု အဆင်မပြေပါက ၎င်းအား ပြောင်းရွှေ့ကြေးအလွတ်ဖြင့် လက်လွှတ်မည် မဟုတ်ကြောင်း သိရသည်။

ထို့ပြင် ဘာစီလိုနာအသင်းသည် မက်ဆီနှင့် တရားရင်ဆိုင်လိုခြင်းမရှိဘဲ ပေါင်သန်း (၂၀၀)ရပါက ၎င်းကို အသင်းမှထွက်ခွာခွင့်ပေးဖွယ်ရှိနေကြောင်း AS က ဖော်ပြခဲ့သည်။

 

Most Read

Most Recent