ဘန်လေအသင်းမှ အိုင်ယာလန်ကွင်းလယ်ကစားသမား ဟန်းဒရစ်ကို နယူးကာဆယ်အသင်း ခေါ်ယူ

ဘန်လေအသင်းမှ အိုင်ယာလန်ကွင်းလယ်ကစားသမား ဟန်းဒရစ်ကို နယူးကာဆယ်အသင်း ခေါ်ယူ
Photo: NUFC
Photo: NUFC
Published 24 August 2020

နယူးကာဆယ်အသင်းသည် ဘန်လေအသင်းမှ အိုင်ယာလန်ကွင်းလယ်ကစားသမား ဟန်းဒရစ်ကို ခေါ်ယူပြီး (၄)နှစ်စာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရှိရသည်။

ဟန်းဒရစ်(၂၈ နှစ်)သည် ပြီးခဲ့သည့်ဇွန်လတွင် ဘန်လေအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးခဲ့သူဖြစ်ပြီး သက်တမ်းတိုးရန် ကမ်းလှမ်းမှုကို ပယ်ချခဲ့သူလည်းဖြစ်သည်။

ထို့ကြောင့် နယူးကာဆယ်အသင်းသည် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်ပြီး နယူးကာဆယ်အသင်းနည်းပြ စတိဗ်ဘရုစ်က ဘန်လေအသင်းသို့ မရောက်မီကတည်းက စောင့်ကြည့်ခဲ့သည့်ကစားသမားဖြစ်သည်ဟု ဆိုခဲ့သည်။

ဟန်းဒရစ်က ''ကျွန်တော် ပရီးမီးယားလိဂ်ပွဲပေါင်း(၁၀၀)ကျော် ကစားခဲ့ပြီးပါပြီ။ ဒါပေမဲ့ တခြားအသင်းတစ်သင်းနဲ့အတူ ဒီအရေအတွက်ကို ထပ်တိုးမြှင့်သွားချင်ပါတယ်။ ဒါကြောင့် အခုလိုရွေးချယ်ခဲ့တာဖြစ်ပြီး ပွဲထွက်ဖို့ မစောင့်နိုင်အောင် ဖြစ်နေမိပါတယ်'' ဟု ပြောကြားခဲ့သည်။

ဟန်းဒရစ်သည် အိုင်ယာလန်လက်ရွေးစင်အသင်းအတွက် (၅၄)ပွဲ ကစားထားသူဖြစ်ပြီး ကွင်းလယ်နေရာစုံတွင် ကစားနိုင်သူဖြစ်ကြောင်း သိရှိရသည်။

Most Read

Most Recent