အာဆီယံအဆင့်ပြိုင်ပွဲများ ရွှေ့ဆိုင်းသော်လည်း မြန်မာ့လက်ရွေးစင်အသင်း၏ ကမ္ဘာ့ဖလားခြေစစ်ပွဲနှင့်ပတ်သက်၍ AFC အကြောင်းမကြားသေး

အာဆီယံအဆင့်ပြိုင်ပွဲများ ရွှေ့ဆိုင်းသော်လည်း မြန်မာ့လက်ရွေးစင်အသင်း၏ ကမ္ဘာ့ဖလားခြေစစ်ပွဲနှင့်ပတ်သက်၍ AFC အကြောင်းမကြားသေး
Photo: MFF
Photo: MFF
Published 1 August 2020

အာရှနိုင်ငံများအပါအဝင် ကမ္ဘာ့နိုင်ငံ များတွင် ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ် ကို အလုံးစုံထိန်းချုပ်နိုင်ခြင်းမရှိသေးသော ကြောင့် အာဆီယံအဆင့်ပြိုင်ပွဲအားလုံး ရွှေ့ ဆိုင်းခဲ့သော်လည်း မြန်မာ့လက်ရွေးစင်အသင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ လက်ကျန်ပွဲများနှင့်ပတ်သက်၍ အာရှဘောလုံးအဖွဲ့ချုပ် (AFC) က အကြောင်း မကြားသေးကြောင်း သိရသည်။

အာရှဘောလုံးအဖွဲ့ချုပ်သည် ရွှေ့ဆိုင်း ထားသည့် ကမ္ဘာ့ဖလားခြေစစ်ပွဲ ဒုတိယ အဆင့် အုပ်စုလက်ကျန်ပွဲများကို အောက်တို ဘာနှင့် နိုဝင်ဘာတွင် ပြန်လည်ကျင်းပရန် စီစဉ်ထားသော်လည်း အာရှနိုင်ငံအများစု တွင် ပြည်တွင်းလိဂ်ပြိုင်ပွဲများ ပြန်လည်ကျင်းပ နိုင်ခြင်းမရှိသေးသဖြင့် အာဆီယံဘောလုံး အဖွဲ့ချုပ် (AFF) က ယခုနှစ်အတွင်း ကျင်းပ ရန် စီစဉ်ထားသည့် AFF အဆင့်ပြိုင်ပွဲအား လုံးကို မကျင်းပရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ယခင်က နှစ်ကုန်ပိုင်းတွင် နိုင်ငံတကာပြိုင်ပွဲများ ဆက် တိုက်ယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း နိုဝင်ဘာ လကုန်ပိုင်းတွင် စတင်မည့် ၂၀၂၀ အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲကို ၂၀၂၁ ခုနှစ်သို့ ရွှေ့ ဆိုင်းလိုက်သောကြောင့် ကမ္ဘာ့ဖလားခြေစစ်ပွဲ သာ ယှဉ်ပြိုင်ရတော့မည်ဖြစ်သည်။

''ကမ္ဘာ့ဖလားခြေစစ်ပွဲနဲ့ပတ်သက်ပြီး လက်ရှိအချိန်ထိတော့ ဘာမှအကြောင်း မကြားသေးပါဘူး။ ဒါကြောင့် ပုံမှန်အတိုင်း ကျင်းပမယ်လို့တော့ ထင်ပါတယ်။ AFF က တော့ ဒီနှစ်ထဲမှာလုပ်မယ့် ပြိုင်ပွဲအားလုံးကို နှစ်ကုန်ပိုင်းမှာ ပြန်ကျင်းပဖို့ စီစဉ်ထားပါ တယ်'' ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) အထွေထွေအတွင်းရေးမှူး ဦးကိုကို သိန်းက ပြောကြားသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ကမ္ဘာ့ ဖလားခြေစစ်ပွဲ လက်ကျန် (၃)ပွဲကစားရန် ကျန်ရှိနေသေးပြီး အောက်တိုဘာ (၈) ရက်တွင် ဂျပန်အသင်းနှင့် အဝေးကွင်း၊ အောက်တိုဘာ (၁၃) ရက်တွင် ကာဂျစ္စတန်အသင်းနှင့် အိမ် ကွင်း၊ နိုဝင်ဘာ (၁၇) ရက်တွင် တာဂျစ်ကစ္စတန် အသင်းနှင့် အဝေးကွင်း ကစားရမည်ဖြစ် သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ဂျပန်၊ ကာဂျစ္စတန်၊ တာဂျစ်ကစ္စတန်၊ မွန်ဂို လီးယားတို့နှင့် တစ်အုပ်စုတည်း ကျရောက် နေပြီး (၅)ပွဲကစား (၆)မှတ်ဖြင့် အဆင့် (၄) နေရာတွင် ရပ်တည်နေသည်။ မြန်မာ အသင်းသည် လက်ကျန်ပွဲနှင့် ရမှတ်ရရှိထား သည့်အခြေအနေအရ အုပ်စုဒုတိယနေရာ အထိ မျှော်လင့်ချက်ရှိနေပြီး လက်ကျန်ပွဲ များတွင် ရလဒ်ကောင်းရန် လိုအပ်နေသည်။ မြန်မာ့လက်ရွေးစင်အသင်းနှင့် ကာဂျစ္စတန် အသင်းတို့၏ပွဲကို မန္တလေးမြို့ရှိ မန္တလာသီရိ ကွင်း၌ကျင်းပရန် စီစဉ်ထားသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် တာ ဂျစ်ကစ္စတန်အသင်းနှင့် အုပ်စုနောက်ဆုံးပွဲ မတိုင်မီ ဂျော်ဒန်အသင်းနှင့် နိုဝင်ဘာ (၆) ရက် တွင် ခြေစမ်းပွဲကစားရန် စီစဉ်ထားပြီး ရန်ကုန် မြို့၌သာ ကစားဖြစ်ဖွယ်ရှိနေသည်။

 

 

Most Read

Most Recent