လီဗာပူးလ်အသင်း အမှုဆောင်ချုပ် ပီတာမိုး၏နေရာတွင် COO ဘီလီဟိုဂန်ကို အစားထိုးခန့်အပ်မည်

လီဗာပူးလ်အသင်း အမှုဆောင်ချုပ် ပီတာမိုး၏နေရာတွင် COO ဘီလီဟိုဂန်ကို အစားထိုးခန့်အပ်မည်
Photos: Getty Images
Photos: Getty Images
Published 1 August 2020

လီဗာပူးလ်အသင်းသည် စာချုပ်သက် တမ်းကုန်ဆုံးတော့မည့် အမှုဆောင်ချုပ် ပီတာမိုး၏နေရာတွင် Chief Operating Officer (COO) ဘီလီဟိုဂန်ကို အစားထိုး ခန့်အပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အမှုဆောင်ချုပ် ပီတာမိုး၏စာချုပ်မှာ သြဂုတ်လကုန်တွင် ကုန်ဆုံးတော့မည်ဖြစ်ရာ လီဗာပူးလ်အသင်းက သက်တမ်းမတိုးဘဲ ဘီလီဟိုဂန်ကို အမှုဆောင်ချုပ်အဖြစ် ရာထူး တိုးမြှင့်ခန့်အပ်မည်ဖြစ်သည်။ ပီတာမိုးသည် လီဗာပူးလ်အသင်း အမှုဆောင်ချုပ်အဖြစ် (၃)နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး ၎င်း နေရာဆက်ခံမည့် ဘီလီဟိုဂန်မှာလည်း စီး ပွားရေးကဏ္ဍ တိုးတက်လာစေရန် အဓိက ဆောင်ရွက်ပေးထားသူဖြစ်သည်။ ဘီလီဟို ဂန်သည် Nike ကုမ္ပဏီနှင့် ကလပ်စံချိန်တင် စပွန်ဆာစာချုပ် ချုပ်ဆိုနိုင်ရန် စွမ်းဆောင်ပေး ခဲ့သူဖြစ်ပြီး အသင်းပိုင်ရှင် Fenway Sports Group က ၎င်းတို့ပိုင်ဆိုင်သည့် မေဂျာလိဂ် ဘေ့စ်ဘောကလပ် ဘော်စတွန်ရက်ဆော့စ် အသင်းမှ လီဗာပူးလ်အသင်းသို့ ၂၀၁၄ ခုနှစ် ကတည်းက စေလွှတ်ထားခြင်းဖြစ်သည်။

''ဒီကလပ်မှာ ရှစ်နှစ်ကြာအလုပ်လုပ် ခွင့်ရတာက အထူးအခွင့်အရေးတစ်ရပ်ပါပဲ။ CEO ရာထူးနေရာကို တာဝန်ယူရမှာဖြစ်လို့ တကယ်ဂုဏ်ယူပါတယ်။ ဒီအဖွဲ့အစည်းတစ်ခု လုံးအတွက် ဆက်ပြီးကြိုးစားသွားမှာပါ။ ဒီလို စိတ်လှုပ်ရှားစရာကောင်းတဲ့ အခန်းကဏ္ဍက နေ စီးပွားရေးလုပ်ငန်းတွေ ဦးဆောင်ခွင့်ရ မယ့် အခွင့်အရေးပေးတဲ့ (အသင်းပိုင်ရှင်) ဂျွန် (ဟင်နရီ)၊ တွမ် (ဝါနာ)၊ မိုက် (ဂေါ်ဒွန်) တို့ကိုလည်း ကျေးဇူးတင်ပါတယ်'' ဟု ဘီလီ ဟိုဂန်က ပြောကြားသည်။

Brand Finance ၏ ထုတ်ပြန်ချက်အရ လီဗာပူးလ်အသင်း၏ အမှတ်တံဆိပ်တန်ဖိုး မှာ ပေါင် (၁.၁၄၃) ဘီလျံအထိ ရှိလာပြီ ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent