အီတလီစီးရီးအေပွဲစဉ် (၃၈) ပွဲကြိုသုံးသပ်ချက်

အီတလီစီးရီးအေပွဲစဉ် (၃၈) ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 1 August 2020

ဘရက်စီယာ - ဆမ်ဒိုးရီးယား (စနေည ၁၀း၃၀ နာရီ)]

နှုတ်ဆက်ပွဲမှာ ဘရက်စီယာ ရလဒ်ကောင်းအောင်ကြိုး စားနိုင်ပေမယ့် ဆမ်ဒိုးရီးယားရဲ့ ကစားအားကို ဘယ်လိုမှယှဉ် နိုင်မယ်မထင်ဘူး။ ဂျူဗင်တပ်စ်နဲ့ပွဲတုန်းကလို တိုက်ပွဲဝင်စိတ် ဓာတ်မျိုးနဲ့ဆိုရင် ဆမ်ဒိုးရီးယား (၂)ဂိုးပြတ်နိုင်မယ်။

အေစီမီလန် - ကာဂလီယာရီ (တနင်္ဂနွေနံနက် ၁း၁၅ နာရီ)

ပထမအကျော့တုန်းက ကာဂလီယာရီက အေစီမီလန်ကို ဒုက္ခပေးနိုင်ခဲ့ပေမယ့် လက်ရှိအချိန်မှာ အခြေအနေတွေ ခြား နားသွားပါပြီ။ အေစီမီလန်က နည်းပြပီအိုလီလက်ထက်မှာ တိုး တက်နေပြီး တိုက်စစ်မှာလည်းဂိုးသွင်းနိုင်သူတွေများပါတယ်။  ရာသီပိတ် အိမ်ကွင်းနောက်ဆုံးပွဲဖြစ်နေလို့လည်း အေစီမီလန် မဖြစ်မနေအနိုင်ရအောင် ကြိုးစားပါလိမ့်မယ်။ အေစီမီလန် အနိုင်သေချာပြီး (၂)ဂိုးပြတ်၊ မပြတ်ပဲ စောင့်ကြည့်ရမယ်။

အတ္တလန်တာ - အင်တာမီလန် (တနင်္ဂနွေနံနက် ၁း၁၅ နာရီ)

ဒီလိုတွေ့ဆုံမှုမျိုးဟာ တစ်စုံတစ်ခုအတွက် မျှော်လင်ချက်တိုက်ပွဲဖြစ်နေမယ်ဆိုရင် သိပ်ပြီးကြည့်ကောင်းလိမ့်မယ်။ ဒါ ပေမဲ့ ဂုဏ်သိက္ခာသက်သက်တိုက်ပွဲဖြစ်နေလို့ သိပ်ပြီးဆွဲဆောင်မှုမရှိတော့ဘူး။ နှစ်သင်းစလုံးက သြဂုတ်လအတွင်းမှာ ဥရော ပပြိုင်ပွဲတွေကစားရမယ်။ အတ္တလန်တာက သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အတွက်၊ အင် တာမီလန်က နည်းပြ ကွန်တီရဲ့ ယူရိုပါလိဂ်အောင်မြင်ရေးမျှော်လင့်ချက်အတွက် အကြိုပြင်ဆင်မှုအနေနဲ့ စီးချင်းထိုးမယ့်ပွဲလို့ ဆို နိုင်ပါတယ်။ အတ္တလန်တာမှာ အီလီချစ် မပါဝင်လို့ တိုက်စစ်ကစားပုံအပြောင်းအလဲဖြစ်ပြီး ဂိုးအရနည်းသွားပေမယ့် စီးရီးအေ (၂၅)ပွဲဆက် ဂိုးသွင်းထားနိုင်တဲ့မှတ်တမ်းက လေးစားချင်စရာပါပဲ။ အင်တာမီလန်က ရာသီပိတ်ကာလမှာ ပေးဂိုးမရှိနိုင်ပွဲတွေ ယူထားနိုင်ပေမယ့် အတ္တလန်တာတိုက်စစ်ကို ဂိုးပေးရဦးမယ်။ အတ္တလန်တာ (၂-၁)လောက်နဲ့ နိုင်မယ်။

နာပိုလီ - လာဇီယို (တနင်္ဂနွေနံနက် ၁း၁၅ နာရီ)

အင်တာမီလန်ကို ရှုံးနိမ့်ခဲ့ပေမယ့် နာပိုလီရဲ့တိုက်စစ်ကစား ပုံက ကောင်းမွန်နေဆဲဖြစ်ပြီး အခွင့်အရေးတွေအသုံးမချနိုင်လို့ သာ အမှတ်မရခဲ့တာပါပဲ။ လာဇီယိုက ရာသီအဆုံးသတ်ကာလ မှာ ဂိုးပြန်မြူးနေပြီး ဂိုးသွင်းဘုရင်ဆုမျှော်လင့်ချက်အတွက် အီမို ဘီလီ ရုန်းကန်နေတယ်။ ဂိုးများနိုင်ပြီး နာပိုလီအမှတ်ရမယ်။

ဂျူဗင်တပ်စ် - ရိုးမား (တနင်္ဂနွေနံနက် ၁း၁၅ နာရီ)

ဂျူဗင်တပ်စ်ရဲ့ကစားပုံက အကောင်းကြီးမဟုတ်ပါဘူး။ စီ ရော်နယ်လ်ဒိုက ရုန်းအားလျော့နေသလို၊ တောင်ပံကလည်း ဖန်တီး မှုတွေသိပ်ပြီးမလုပ်ပေးနိုင်လို့ အခက်တွေ့နေရတယ်။ ရိုးမားရဲ့ လက်ရှိခြေစွမ်းက ဂျူဗင်တပ်စ်ဆီကနေ တစ်မှတ်လုယူနိုင်စွမ်းရှိပါ တယ်။ ဂျူဗင်တပ်စ် အလွန်ဆုံးကပ်နိုင်ရုံပါပဲ။

Most Read

Most Recent