ဂျူဗင်တပ်စ်ယူ-၂၃ အသင်း၏ နည်းပြအဖြစ် ပီယာလို ခန့်အပ်ခံရ

ဂျူဗင်တပ်စ်ယူ-၂၃ အသင်း၏ နည်းပြအဖြစ် ပီယာလို ခန့်အပ်ခံရ
Photo: Getty Images
Photo: Getty Images
Published 30 July 2020

ဂျူဗင်တပ်စ်အသင်း၏ ကွင်းလယ်ကစားသမားဟောင်း ပီယာလိုသည် ဂျူဗင်တပ်စ်ယူ-၂၃ အသင်း၏ နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရကြောင်း သိရှိရသည်။

ပီယာလို(၄၁ နှစ်)သည် ဂျူဗင်တပ်စ်အသင်းတွင် ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ကစားခဲ့သူဖြစ်ပြီး ၂၀၁၇ ခုနှစ်တွင် ဘောလုံးသမားဘဝမှ အနားယူခဲ့သူဖြစ်သည်။

ပီယာလိုသည် အေစီမီလန်အသင်းတွင် ဆယ်စုနှစ်တစ်ခုကြာ ပါဝင်ကစားခဲ့သော်လည်း ကစားသမားဘဝမှ အနားယူပြီးနောက် ဂျူဗင်တပ်စ်အသင်းနှင့် ပိုမိုနီးစပ်မှုရှိခဲ့ပြီး နည်းပြဘဝကို ဂျူဗင်တပ်စ်အသင်းတွင် စတင်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

ဂျူဗင်တပ်စ်အသင်းသည် ပီယာလိုကို ယူ-၂၃ အသင်း၏ နည်းပြအဖြစ် ခန့်အပ်ရန် စီစဉ်နေပြီဖြစ်ကြောင်း အစောပိုင်းကတည်းက သတင်းများထွက်ပေါ်ခဲ့သော်လည်း ယခုမှ တရားဝင်ခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။

Most Read

Most Recent