ဘဏ္ဍာရေးထောက်ပံ့မှုမရှိ၍ ဗာဒီ၏ ပွဲကြည့်စင်အမည်အားပယ်ဖျက်ပြီး စပွန်ဆာရှာဖွေရန် စတော့ဘရစ်ချ်အသင်း စဉ်းစားနေ

ဘဏ္ဍာရေးထောက်ပံ့မှုမရှိ၍ ဗာဒီ၏ ပွဲကြည့်စင်အမည်အားပယ်ဖျက်ပြီး စပွန်ဆာရှာဖွေရန် စတော့ဘရစ်ချ်အသင်း စဉ်းစားနေ
Published 30 July 2020

အင်္ဂလန် Northern ပရီးမီးယားလိဂ်အသင်းတစ်သင်းဖြစ်သည့် စတော့ဘရစ်ချ်ပတ်ခ်စတီးလ်အသင်းသည် ၎င်းတို့၏အိမ်ကွင်းဖြစ်သည့် Bracken Moor ကွင်းအတွင်းရှိသော ဗာဒီအမည်ရှိ ပွဲကြည့်စင်ကို အမည်ပြောင်းလဲရန် စဉ်းစားနေကြောင်း သိရသည်။

ယင်းအသင်းမှာ အင်္ဂလန်ဘောလုံးအဆင့်သတ်မှတ်ချက်တွင် သတ္တမတန်းဖြစ်သည့် Northern ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ကစားနေသောအသင်းဖြစ်ပြီး ငွေရေးကြေးရေး အကျပ်အတည်း ကြုံတွေ့နေသည်။

လက်စတာအသင်း၏ အင်္ဂလန်ဝါရင့်တိုက်စစ်မှူး ဂျေမီဗာဒီမှာ ယင်းအသင်းတွင် လူငယ်ဘောလုံးသမားဘဝစတင်ခဲ့ပြီး ၂၀၀၇ မှ ၂၀၁၀ ခုနှစ်အထိ အသင်းကြီးတွင် ပါဝင်ကစားခဲ့သည်။

သို့ဖြစ်ရာ ယင်းအသင်းက အင်္ဂလန်ဘောလုံးလောကတွင် အောင်မြင်လာသော ၎င်းတို့၏ကစားသမားဟောင်း ဗာဒီကို ဂုဏ်ပြုသောအားဖြင့် (၂၀၁၅ ခုနှစ်အတွင်းက ပရီးမီးယားလိဂ် ၁၅ ပွဲဆက် ဂိုးသွင်းပြီး မန်ယူ တိုက်စစ်မှူးဟောင်း နစ္စတယ်ရွိုင်း၏ စံချိန်ကို ကျော်ဖြတ်စဉ်က)အသင်း၏ ပွဲကြည့်စင်တစ်ခုအား သူ၏အမည်ပေးခဲ့သည်။

သို့သော် ဗာဒီသည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘဏ္ဍာရေးအကျပ်အတည်း ကြုံတွေ့နေရသော အသင်းဟောင်းကို ပြန်လည်ထောက်ပံ့ခြင်းမရှိသဖြင့် ယခုအခါ သူ၏ပွဲကြည့်စင်အမည်ကို စပွန်ဆာကုမ္ပဏီတစ်ခုခုသို့ ရောင်းချရန် စီစဉ်နေကြောင်း သိရသည်။

Most Read

Most Recent