စံချိန်များပိုင်ဆိုင်နေသော်လည်း လူကာကူ မပျော်ရွှင်

စံချိန်များပိုင်ဆိုင်နေသော်လည်း လူကာကူ မပျော်ရွှင်
Photo: Goal
Photo: Goal
Published 27 July 2020

အင်တာမီလန်တိုက်စစ်မှူး လူကာကူက လက်ရှိအချိန်တွင် သွင်းဂိုးစံချိန်များ ပိုင်ဆိုင်နေသော်လည်း မပျော်ရွှင်ကြောင်း ပြောကြားခဲ့သည်။ 

ပြီးခဲ့သည့် ဂျီနိုအာအသင်းနှင့် စီးရီးအေပွဲစဉ်တွင် (၂)ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် လူကာကူ၏ လက်ရှိရာသီ ပြိုင်ပွဲစုံသွင်းဂိုးသည် (၂၉)ဂိုးအထိ ရှိလာခဲ့ပြီး ကစားသမားဘဝ၌ တစ်ရာသီအတွင်း ဂိုးအများဆုံးသွင်းယူနိုင်သည့် မှတ်တမ်းကို ပိုင်ဆိုင်ခဲ့သည်။ 

ထို့ပြင် စီးရီးအေသွင်းဂိုး (၂၃)ဂိုးသွင်းယူထားနိုင်သည့် လူကာကူသည် အင်တာမီလန် ဂန္ထဝင်တိုက်စစ်မှူး နီယာ (၂၆ ဂိုး)၊ ရော်နယ်လ်ဒို(၂၅ ဂိုး)တို့နောက်ပိုင်း တစ်ရာသီအတွင်း စီးရီးအေသွင်းဂိုး အများဆုံးသွင်းယူနိုင်သူအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ 

လူကာကူသည်  လက်ရှိရာသီတွင် အဝေးကွင်းသွင်းဂိုး (၁၅)ဂိုး သွင်းယူထားနိုင်ပြီး ၁၉၅၀ ခုနှစ်နောက်ပိုင်း အဝေးကွင်းသွင်းဂိုးအများဆုံး အင်တာမီလန်ကစားသမားအဖြစ် မှတ်တမ်းဝင်နေသည်။ 

သို့သော် လူကာကူက စံချိန်များထက် အသင်းအောင်မြင်မှုရရှိရန်အရေးကြီးသည်ဟု ဆိုခဲ့သည်။

Most Read

Most Recent