မန်ယူအသင်းကို အဆင့် (၇)လောက်သာမှန်းခဲ့သည့် မီဒီယာများကို မန်ယူအသင်းနည်းပြ ဆိုးလ်ရှား ပြန်လည်လှောင်ပြောင်

မန်ယူအသင်းကို အဆင့် (၇)လောက်သာမှန်းခဲ့သည့် မီဒီယာများကို မန်ယူအသင်းနည်းပြ ဆိုးလ်ရှား ပြန်လည်လှောင်ပြောင်
Photo: Getty Images
Photo: Getty Images
Published 27 July 2020

မန်ယူအသင်း၏ နည်းပြဖြစ်သူ ဆိုးလ်ရှားသည် ယခုရာသီမစတင်မီက ၎င်းတို့အသင်းကို အဆင့် (၇) နေရာလောက်သာ ရရှိမည်ဟု မှန်းထားသည့် မီဒီယာများအား ပြန်လည်လှောင်ပြောင်ခဲ့ကြောင်း သိရှိရသည်။

လက်စတာအသင်းကို (၂-၀)ဂိုး ဖြင့်အနိုင်ရရှိကာ ရာသီကုန်တွင် အဆင့် (၃)နေရာ ရပ်တည်နိုင်ခဲ့ပြီးနောက် ဆိုးလ်ရှားက ''အခု ကျွန်တော်တို့အသင်း ရပ်တည်ခဲ့တဲ့နေရာက ခင်ဗျားတို့ မီဒီယာတွေ မျှော်လင့်မထားတဲ့ နေရာမဟုတ်လား။ ကျွန်တော်တို့ကို ခင်ဗျားတို့အားလုံး သတ်မှတ်ခဲ့တဲ့နေရာက အဆင့် (၆၊ ၇) လောက်ပဲ မဟုတ်လား။ ကောင်းပါတယ်။ ကျွန်တော်က အဲ့ဒီလိုဝေဖန်ခံရရင် ပိုမိုသန်မာလာတတ်ပြီး၊ ကျွန်တော်ဘာလုပ်ရမလဲဆိုတာကို ပိုသိလာပါတယ်။ ကျွန်တော့်ကို အရမ်းမချီးကျူးကြပါနဲ့။ အဲ့ဒါဆိုရင် ခင်ဗျားတို့ တကယ်ကျေနပ်ရတဲ့ကိစ္စ ဖြစ်လာလိမ့်မယ်။ ကျွန်တော်လုပ်နိုင်ခဲ့တာ ဝေဖန်မှုတွေ ခံခဲ့ရလို့ပဲ''ဟု ပြောကြားခဲ့သည်။

ဆိုးလ်ရှား ဆိုလိုသည်မှာ မီဒီယာများကသာ ရာသီကြိုတွင်ချီးကျူးခဲ့ပါက  မိမိသည် ယင်းချီးကျူးမှုတွင် သာယာနေပြီး ယခုလောက်ကောင်းအောင်လုပ်နိုင်မည်မဟုတ်ဘဲ ထိုအခါ မီဒီယာများက ပိုမိုကျေနပ်ကြလိမ့်မည်ဟု ဆိုခဲ့ခြင်းဖြစ်ရာ မီဒီယာများအပေါ် ဆိုးလ်ရှား၏ ဒေါသမှာ ပိုမိုပေါ်လွင်နေခဲ့သည်။ 

ရာသီကြိုကာလက မန်ယူအသင်းအပေါ် မှန်းဆမှုများမှာ Daily Mail ဂျာနယ်လစ် (၁၂)ဦးအနက် (၃)ဦးသာအဆင့် (၄)နေရာပေးခဲ့ပြီး၊ BBC က သုံးသပ်သူ (၆)ဦးတွင်  (၆)ဦးစလုံး၊ Sky Sports က နီကိုလက်စ်၊ ဖီးလ်သွန်မဆင်နှင့် လီတစ်ဆီယာ (၃)ဦးစလုံးတို့သည် အဆင့် (၄)အပြင်တွင် ရှိမည်ဟုဆိုခဲ့ကြသည်။ 

Most Read

Most Recent