မြောက်ဥက္ကလာပမြို့နယ် ကြိုးတံတားပေါ်မှ အမျိုးသားတစ်ဦး ခုန်ချ

မြောက်ဥက္ကလာပမြို့နယ် ကြိုးတံတားပေါ်မှ အမျိုးသားတစ်ဦး ခုန်ချ
ဓာတ်ပုံ - ဂရုဏာကမ်းလက် လူမှုကူညီကယ်ဆယ်ရေး ပရဟိတအသင်း
ဓာတ်ပုံ - ဂရုဏာကမ်းလက် လူမှုကူညီကယ်ဆယ်ရေး ပရဟိတအသင်း
Published 7 July 2020
သီဟအောင်

မြောက်ဥက္ကလာပမြို့နယ် ကြိုးတံတားပေါ်မှ အမျိုးသားတစ်ဦး ခုန်ချမှု ဇူလိုင် ၇ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဇူလိုင် ၇ ရက်၊ မွန်းလွဲ ၁ နာရီခန့်တွင် မြောက်ဥက္ကလာပမြို့နယ် ကြိုးတံတားပေါ်မှ လူတစ်ဦးခုန်ချကြောင်း သတင်းရသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများမှ သွားရောက်ခဲ့ကြောင်း သိရသည်။

“၁ နာရီလောက်က ဖြစ်တာ။ မြောက်ဥက္ကလာနဲ့ မြောက်ဒဂုံကို ဆက်ထားတဲ့ ကြိုးတံတားပေါ်က ခုန်ချတာပါ။ သူခုန်ချသွားတာ မြင်တဲ့သူကိုတော့ စခန်းက ခေါ်စစ်နေတယ်လို့ သိရတယ်။ ခုန်ချသွားတာ အမျိုးသား တစ်ဦးပါ။ အခုတော့ ဆက်လက်ရှာဖွေနေပါတယ်” ဟု အခင်းဖြစ်ပွားရာ နေရာသို့ သွားရောက်ခဲ့သည့် ဂရုဏာကမ်းလက် လူမှုကူညီ ကယ်ဆယ်ရေး ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ခုန်ချသွားသူမှာ သုံးဘီးဆိုင်ကယ် မောင်းနှင်သူဖြစ်ကြောင်း ဂရုဏာကမ်းလက် လူမှုကူညီကယ်ဆယ်ရေး ပရဟိတအသင်းမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

အခင်းဖြစ်ပွားရာ နေရာသို့ မြောက်ဥက္ကလာ မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်တစီး (191)၊ M.A.N ကရုဏာကမ်းလက် (မြောက်ဥက္ကလာအသင်းခွဲ)၊ ကြက်ခြေနီတပ်ဖွဲ့၊ We Love North Okkalapa ပရဟိတအသင်း၊ အခြားသော မိတ်ဖက်ပရဟိတ အသင်းများ လာရောက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent