မန်ယူအသင်းကို ထိပ်ဆုံး (၄)သင်းစာရင်းဝင်အောင် ပြုလုပ်ပေးနိုင်ပါက နည်းပြ ဆိုးလ်ရှား ဆုကြေးငွေ ပေါင်(၁)သန်းခန့်အထိ ရဖွယ်ရှိ

မန်ယူအသင်းကို ထိပ်ဆုံး (၄)သင်းစာရင်းဝင်အောင် ပြုလုပ်ပေးနိုင်ပါက နည်းပြ ဆိုးလ်ရှား ဆုကြေးငွေ ပေါင်(၁)သန်းခန့်အထိ ရဖွယ်ရှိ
Published 15 June 2020

မန်ယူအသင်းနည်းပြ  ဆိုးလ်ရှား သည် သူ၏အသင်းအား ရာသီကုန်တွင် ပရီးမီးယားလိဂ်ထိပ်ဆုံး (၄)သင်း စာရင်းဝင်အောင် ပြုလုပ်ပေးနိုင်ခဲ့ပါက ဆုကြေးငွေ ပေါင်(၁)သန်းခန့်အထိ ရဖွယ်ရှိကြောင်း ဗြိတိန်အသင်းစာ The Sun က ဖော်ပြခဲ့သည်။            

လက်ရှိတွင် မန်ယူအသင်းသည် ပရီးမီးယားလိဂ်အမှတ်ပေးဇယား၌ အဆင့် (၅)နေရာတွင် ရပ်တည်နေပြီး အဆင့် (၄)နေရာ၌ရပ်တည်နေသော ချယ်လ်ဆီးအသင်းနှင့် ရမှတ်(၃)မှတ်သာ ကွာဟခြင်းကြောင့် ထိပ်ဆုံး(၄)သင်းစာရင်းဝင်ရန် မျှော်လင့်ခွင့်ရှိနေသည်။

မန်ယူအသင်းသည် ရာသီအစပိုင်းတွင် နှစ်ပေါင်း(၃၀)အတွင်း အဆိုးရွားဆုံးရလဒ်ပိုင်းကို ကြုံတွေ့ခဲ့ရသော်လည်း နောက်ပိုင်းပွဲစဉ်များတွင် ရလဒ်ကောင်းများ ပြန်လည်ရယူနိုင် ခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်ပြဿနာကြောင့် ဘောလုံးပွဲများ ရပ်နားသည့်ကာလမတိုင်မီ နောက်ဆုံးကစားခဲ့ သော ပြိုင်ပွဲစုံ(၁၁)ပွဲဆက်တိုက် ရှုံးပွဲ မရှိကစားနိုင်ခဲ့သည်။

ဆိုးလ်ရှားသည် မန်ယူအသင်းတွင် ယခင်နည်းပြ မော်ရင်ဟိုရရှိသော လစာငွေ(တစ်နှစ်ပေါင် ၁၅ သန်း)၏ ထက်ဝက်ပင်မရသော်လည်း အသင်းတာဝန်ရှိသူများက  ရည်မှန်းချက်ပြည့်ပါက ဆုကြေးမြောက်မြားစွာပေးမည်ဟု ကတိကဝတ်ပြုထားကြောင်း The Sun သတင်းစာက ဖော်ပြခဲ့သည်။

သို့ ဖြစ်ရာ မန်ယူအသင်းကို ထိပ်ဆုံး(၄)သင်းစာရင်းဝင်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် ပြန်လည်ပြုလုပ်ပေးနိုင်ပါက ဆိုးလ်ရှားရရှိမည့် ဆုကြေးငွေများကို တွက်ချက်လျှင် ပေါင် (၁)သန်းခန့်အထိရှိနိုင်ကြောင်း The Sun က ဖော်ပြခဲ့သည်။

 

Most Read

Most Recent