ချယ်လ်ဆီးအသင်းမှ ပြင်သစ်ဝါရင့်တိုက်စစ်မှူး ဂျရူးကို ခေါ်ယူရန် မော်ရင်ဟို စိတ်ဝင်စားနေ

ချယ်လ်ဆီးအသင်းမှ ပြင်သစ်ဝါရင့်တိုက်စစ်မှူး ဂျရူးကို ခေါ်ယူရန် မော်ရင်ဟို စိတ်ဝင်စားနေ
Photos: Getty Images
Photos: Getty Images
Published 14 June 2020

မော်ရင်ဟိုသည် ပြီးခဲ့သည့်ဇန်နဝါရီအပြောင်း အရွှေ့ကာလကတည်းက ဂျရူးအား ခေါ်ယူရန် ပစ်မှတ်ထားခဲ့သော်လည်း ထိုစဉ်က ချယ်လ်ဆီးအသင်းသည် ၎င်းအား လက်လွှတ်လိုခြင်း မရှိသဖြင့် ခေါ်ယူနိုင်ခြင်း မရှိခဲ့ပေ။ 

စပါးအသင်းနည်းပြ မော်ရင်ဟိုသည် ချယ်လ်ဆီးအသင်းမှ ပြင်သစ်ဝါရင့်တိုက်စစ်မှူး ဂျရူးအား ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း Daily Express သတင်းစာက ဖော်ပြခဲ့သည်။

မော်ရင်ဟိုသည် ပြီးခဲ့သည့်ဇန်နဝါရီအပြောင်း အရွှေ့ကာလကတည်းက ဂျရူးအား ခေါ်ယူရန် ပစ်မှတ်ထားခဲ့သော်လည်း ထိုစဉ်က ချယ်လ်ဆီးအသင်းသည် ၎င်းအား လက်လွှတ်လိုခြင်း မရှိသဖြင့် ခေါ်ယူနိုင်ခြင်း မရှိခဲ့ပေ။ 

ဂျရူးသည် ပြီးခဲ့သည့်မေလအတွင်းက ချယ်လ်ဆီးအသင်း နှင့် စာချုပ်သစ်တစ်ရပ် ချုပ်ဆိုခဲ့သော်လည်း လာမည့်နွေရာသီတွင် အသင်းနှင့် လမ်းခွဲဖွယ် ရှိနေကြောင်း သိရှိရသည်။ ချယ်လ်ဆီးအသင်းသို့ လိုက်ပ်ဇစ်တိုက်စစ်မှူး တီမိုဗာနာ ရောက် ရှိလာခဲ့ပါက ဂျရူးမှာ အသင်းမှထွက်ဖွယ်ရှိသည်ဟု ဗြိတိန်သတင်းစာများက ဖော်ပြနေသည်။ 

ဂျရူးအားခေါ်ယူရန် အင်တာမီလန်အသင်းနည်းပြ ကွန်တီကလည်း စိတ်ဝင်စားနေကြောင်း သိရသည်။

Most Read

Most Recent