ရာသီဝက်အပြောင်းအရွှေ့ကာလကို ဇူလိုင် ၁ ရက်မှ ၂၅ ရက်အထိသတ်မှတ်ကြောင်း မြန်မာနေရှင်နယ်လိဂ်ကော်မတီ အတည်ပြု

ရာသီဝက်အပြောင်းအရွှေ့ကာလကို ဇူလိုင် ၁ ရက်မှ ၂၅ ရက်အထိသတ်မှတ်ကြောင်း မြန်မာနေရှင်နယ်လိဂ်ကော်မတီ အတည်ပြု
Photo: YUFC
Photo: YUFC
Published 14 June 2020

MNL ကလပ်အသင်းအချို့မှာ လက်ကျန်ပွဲများ အတွက် ကစားသမားသစ်များ ခေါ်ယူထားပြီး ထပ်မံခေါ်ယူမည့် ကစားသမားများကိုလည်း ရာသီဝက်အပြောင်းအရွှေ့ကာလအတွင်း အပြီးသတ်ခေါ်ယူနိုင်မည်ဖြစ်သည်။ ပြည် တွင်းကစားသမားဖြစ်ပါက အသင်းဟောင်းမှ ပြောင်းရွှေ့ခွင့်လက်မှတ်နှင့် နိုင်ငံခြားသား ကစားသမားဖြစ်ပါက အသင်းဟောင်းမှ ITC လက်မှတ်ပြသရမည်ဖြစ်ပြီး တင်ပြနိုင်သူများ သာ အသင်းသစ်အတွက် ကစားခွင့်ရမည်ဖြစ်သည်။ 

 

မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် ယခုနှစ် ရာသီဝက်အပြောင်းအရွှေ့ကာလကို ဇူလိုင် ၁ ရက်မှ ၂၅ ရက်အထိ သတ်မှတ်ကြောင်း အတည်ပြုခဲ့သည်။ 

မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် ပြည်တွင်းပြိုင်ပွဲများကို ဇူလိုင် ၁၆ ရက်တွင် ပြန်လည်စတင်ရန် စီစဉ်ထားသောကြောင့် ရာသီဝက်အပြောင်းအရွှေ့ကာလကိုလည်း မေ ၂၇ ရက်က ပြောင်းလဲသတ်မှတ်ခဲ့သည့် အတိုင်း ဇူလိုင် ၁ ရက်မှ ၂၅ ရက်ကို အတည်ပြု ခဲ့ခြင်းဖြစ်သည်။ မြန်မာနေရှင်နယ်လိဂ်ကော် မတီသည် ဇွန် ၁၂ ရက်ကပြုလုပ်သည့် ကလပ်အသင်းများနှင့် အစည်းအဝေးတွင် အတည်ပြုခဲ့ခြင်းဖြစ်ပြီး ကစားသမားသစ်များ ခေါ်ယူခြင်း၊ လက်ကျန်ပွဲများအတွက် မှတ်ပုံ တင်ခြင်း ပြုလုပ်နိုင်မည်ဖြစ်သည်။ 

MNL ကလပ်အသင်းအချို့မှာ လက်ကျန်ပွဲများ အတွက် ကစားသမားသစ်များ ခေါ်ယူထားပြီး ထပ်မံခေါ်ယူမည့် ကစားသမားများကိုလည်း ရာသီဝက်အပြောင်းအရွှေ့ကာလအတွင်း အပြီးသတ်ခေါ်ယူနိုင်မည်ဖြစ်သည်။ ပြည် တွင်းကစားသမားဖြစ်ပါက အသင်းဟောင်းမှ ပြောင်းရွှေ့ခွင့်လက်မှတ်နှင့် နိုင်ငံခြားသား ကစားသမားဖြစ်ပါက အသင်းဟောင်းမှ ITC လက်မှတ်ပြသရမည်ဖြစ်ပြီး တင်ပြနိုင်သူများ သာ အသင်းသစ်အတွက် ကစားခွင့်ရမည်ဖြစ်သည်။ 

မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် အသင်းတစ်သင်းလျှင် ကစားသမား ၃၀ မှတ် ပုံတင်ခွင့်ပြုထားပြီး နိုင်ငံခြားသားကစားသမားခေါ်ယူသည့်အသင်းမှာ ယင်းသတ်မှတ်ချက်အတွင်း ထည့်သွင်းမှတ်ပုံတင်ရမည် ဖြစ်သည်။ ထို့ပြင် ပထမအကျော့က အသုံးပြု ခဲ့သည့် ကစားသမားများကိုလည်း ပြောင်းလဲ မှတ်ပုံတင်နိုင်မည်ဖြစ်ပြီး မှတ်ပုံတင်ထားသည့် ကစားသမားများကိုသာ ထည့်သွင်း အသုံးပြုရမည်ဖြစ်သည်။ 

ရန်ကုန်အသင်း ခေါ်ယူထားသည့် မြန်မာ့လက်ရွေးစင်တောင်ပံကစားသမား ရန်နိုင်ဦးမှာလည်း ပြိုင်ပွဲပြန်လည်စတင်ပါက အသင်းသစ်တွင် ပါဝင်ကစားနိုင်မည်ဖြစ်သည်။ ရန်နိုင်ဦးသည် ပြီးခဲ့သည့် ဧပြီတွင် ရှမ်းယူနိုက်တက်အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးခဲ့သောကြောင့် ရန်ကုန်အသင်းသို့ ပြောင်းရွှေ့လာသူဖြစ်သည်။ မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် ရာသီဝက်အပြောင်းအရွှေ့ကာလ သတ်မှတ် ပြီးမှ လိဂ်ပြန်လည်စတင်သောကြောင့် ရန်နိုင်ဦးအနေဖြင့် ရန်ကုန်အသင်းတွင် ပါဝင် ကစားခွင့်ရခြင်းဖြစ်သည်။

MNL ကလပ်အသင်းအများစုသည် ရာသီဝက်အပြောင်းအရွှေ့ကာလတွင် ကစားသမားသစ်များ ခေါ်ယူအားဖြည့်မည်ဖြစ်ပြီး နိုင်ငံခြားသားကစားသမား လဲလှယ်လိုသည့် အသင်းများရှိသော်လည်း ပြည်ဝင်ခွင့်အခြေ အနေကြောင့် အခက်အခဲရှိနေကြောင်း သိရ သည်။

Most Read

Most Recent