လက်စတာနောက်ခံလူ ဘင်ချီဝဲလ်ကို ခေါ်ယူရန် ချယ်လ်ဆီးအသင်း စီစဉ်

လက်စတာနောက်ခံလူ ဘင်ချီဝဲလ်ကို ခေါ်ယူရန် ချယ်လ်ဆီးအသင်း စီစဉ်
Photos: Goal.com & Getty Images
Photos: Goal.com & Getty Images
Published 5 June 2020

ချယ်လ်ဆီးအသင်းသည် လက်စတာအသင်းမှ အင်္ဂလန်ဘယ်နောက်ခံလူ ဘင်ချီဝဲလ်ကို ခေါ်ယူရန် စီစဉ်နေကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့သည်။ 

ချယ်လ်ဆီးအသင်းသည် လက်စတာအသင်းမှ အင်္ဂလန်ဘယ်နောက်ခံလူ ဘင်ချီဝဲလ်ကို ခေါ်ယူရန် စီစဉ်နေကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့သည်။ 

ချယ်လ်ဆီးအသင်းသည် လာမည့် ၂၀၂၀-၂၁ ရာသီအတွက် အင်အားဖြည့်တင်းမှုများကို အရှိန်အဟုန်မြင့်ပြုလုပ်နေပြီး အေဂျက်စ်အသင်းမှ မော်ရိုကိုတောင်ပံကစားသမား ဇီယာ့ရှ်ကို ခေါ်ယူထားပြီးဖြစ်သလို၊ လိုက်ပ်ဇစ်အသင်းမှ ဂျာမန်တိုက်စစ်မှူး တီမိုဗာနာကိုလည်း ပေါင် (၅၃)သန်းဖြင့် ခေါ်ယူရန် သဘောတူညီမှုရခဲ့ပြီဟု ဥရောပမီဒီယာများက ဖော်ပြနေကြသည်။ 

ဇီယာ့ရှ်နှင့် ဗာနာအတွက် ပေါင်သန်း (၉၀)ကျော် အသုံးပြုပြီးဖြစ်သော်လည်း ချယ်လ်ဆီးအသင်းသည် လာမည့်ရာသီအတွက် ကစားသမားသစ်ခေါ်ယူမှုများကို ရပ်တန့်ဦးမည်မဟုတ်ဘဲ ယခုအခါ လက်စတာ ဘယ်နောက်ခံလူ ဘင်ချီဝဲလ်ကို ခေါ်ယူရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။ 

အသက် (၂၃)နှစ်အရွယ်ရှိ ဘင်ချီဝဲလ်သည် လက်စတာအသင်းနှင့် ၂၀၂၄ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသူဖြစ်ပြီး လက်စတာအသင်းက ၎င်းအတွက် ပေါင် (၈၅)သန်းအထိ အလိုရှိနေကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။ 

သို့သော် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် လက်စတာအသင်းအနေဖြင့် ဘင်ချီဝဲလ်အတွက် အလိုရှိနေသည့် ကြေးကို လျှော့ချပေးမည်ဟု ချယ်လ်ဆီးအသင်းက ယုံကြည်နေကြောင်း သိရသည်။ 

ချယ်လ်ဆီးအသင်းအနေဖြင့် ဘင်ချီဝဲလ်ကို ခေါ်ယူရန် အဆင်မပြေပါက ဘုန်းမောက်အသင်းမှ အသင်းနောက်ခံလူဟောင်း နသန်အကီကို ပြန်လည်ခေါ်ယူရန် စီစဉ်ထားကြောင်းလည်း Goal.com က ဖော်ပြခဲ့သည်။

Most Read

Most Recent