ဟံသာဝတီအသင်းသည် မေ ၂၆ ရက် ကတည်းက ကစားသမားများအား ကြံ့ခိုင်မှု စစ်ဆေးနေခြင်းဖြစ်ပြီး ဇွန် ၂ ရက်အထိ ကစား သမားအစုံအလင်နီးပါး ပြန်လည်လေ့ကျင့်လျက်ရှိသည်။ နိုင်ငံခြားသားကစားသမား သုံးဦးအပါအဝင် ကျန်ရှိနေသည့်ကစားသမား အချို့မှာ ဇွန် ၂ ရက်တွင် အသင်းနှင့် စတင် ပူးပေါင်းခဲ့ပြီး ကယားပြည်နယ်ရှိ နေရပ်သို့ ပြန်လည်ရောက်ရှိနေသည့် အောင်လှိုင်ဝင်း နှင့် ဂျွန်ဘာဘူတို့သာ မပူးပေါင်းနိုင်သေးခြင်း ဖြစ်သည်။
မြန်မာနေရှင်နယ်လိဂ်ကလပ် ဟံသာဝတီအသင်းသည် ကစားသမားများအား တစ်ပတ်လျှင် သုံးရက်ဖြင့် ကြ့ံခိုင်မှုစစ်ဆေးလျက်ရှိကြောင်း သိရသည်။
ဟံသာဝတီအသင်းသည် မေ ၂၆ ရက် ကတည်းက ကစားသမားများအား ကြံ့ခိုင်မှု စစ်ဆေးနေခြင်းဖြစ်ပြီး ဇွန် ၂ ရက်အထိ ကစား သမားအစုံအလင်နီးပါး ပြန်လည်လေ့ကျင့်လျက်ရှိသည်။ နိုင်ငံခြားသားကစားသမား သုံးဦးအပါအဝင် ကျန်ရှိနေသည့်ကစားသမား အချို့မှာ ဇွန် ၂ ရက်တွင် အသင်းနှင့် စတင် ပူးပေါင်းခဲ့ပြီး ကယားပြည်နယ်ရှိ နေရပ်သို့ ပြန်လည်ရောက်ရှိနေသည့် အောင်လှိုင်ဝင်း နှင့် ဂျွန်ဘာဘူတို့သာ မပူးပေါင်းနိုင်သေးခြင်း ဖြစ်သည်။
" ဒီအချိန်ကတော့ ကစားသမားတွေကို ကြံ့ခိုင်မှုစစ်ဆေးနေတာဖြစ်ပါတယ်။ နှစ်လကျော်လောက် လေ့ကျင့်မှုပြတ်ထားတဲ့အတွက် ကြံ့ခိုင်မှုအပိုင်းကိုပဲ ဦးစားပေး လုပ်ဆောင်နေတာဖြစ်ပါတယ်။ ဇွန် ၂ ရက်မှာ နိုင်ငံခြားသားကစားသမား သုံးဦးအပါအဝင် ကျန်ရှိနေတဲ့ကစားသမားတချို့ လာရောက် ပူးပေါင်းခဲ့ပါတယ်။ သူတို့နေထိုင်တဲ့ နေရပ်မှာ Lockdown လုပ်ခံထားရလို့ ပြန်မလာနိုင်သေးတဲ့ နှစ်ဦးပဲ ကျန်ပါတော့တယ်။ ကစားသမားအားလုံးကို တစ်ပတ်ကို သုံးရက် ကြံ့ခိုင်မှု စစ်ဆေးနေပါတယ်" ဟု ဟံသာဝတီ အသင်းအုပ်ချုပ်သူ ဦးထွန်းထွန်းလင်းက ပြောကြားခဲ့သည်။
ဟံသာဝတီအသင်းသည် မြန်မာနေရှင် နယ်လိဂ်ကလပ်အသင်းများတွင် ပထမဆုံး ပြန်လည်လေ့ကျင့်သည့်အသင်းဖြစ်ပြီး အစုအဖွဲ့ လေ့ကျင့်ခွင့်မရှိသေးသောကြောင့် တစ်ကြိမ်လျှင် ကစားသမားလေးဦးသာ ကြံ့ခိုင်မှု စစ်ဆေးနေခြင်းဖြစ်သည်။