ကာကွယ်​​ရေး ဝန်ကြီးဌာန၏ ဖြည့်စွက်​တောင်းခံ​ငွေများ၊ နှစ်ပတ်လည် အစီရင်ခံစာမူကြမ်း နှစ်​စောင်တို့နှင့် ပတ်သက်၍ ပြည်သူ့​ငွေစာရင်း ပူး​ပေါင်း​ကော်မတီ ​ဆွေး​နွေး

Published 12 May 2020

ကာကွယ်​​ရေး ဝန်ကြီးဌာန၏ ဖြည့်စွက်​တောင်းခံ​ငွေများ၊ နှစ်ပတ်လည် အစီရင်ခံစာမူကြမ်း နှစ်​စောင်တို့နှင့် ပတ်သက်၍ ပြည်သူ့​ငွေစာရင်း ပူး​ပေါင်း​ကော်မတီဝင်များက ​ဆွေး​နွေးခဲ့ကြ​ကြောင်း ယင်းကော်မတီ၏ ထုတ်ပြန်မှုအရ သိရသည်။

​မေ ၁၂ ရက်က ပြည်​ထောင်စုလွှတ်​တော် D ဆောင်တွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းနှင့် ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာ၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းတို့နှင့် စပ်လျဉ်းသည့် အစည်းအဝေးများကို ကျင်းပခဲ့ခြင်း ဖြစ်သည်။