စီရော်နယ်လ်ဒို၊ မက်ဆီနှင့် နေမာတို့မှာ မိမိ၏စံပြပုဂ္ဂိုလ်များဖြစ်သည်ဟု ဘာပေ မှတ်ချက်ပြု

စီရော်နယ်လ်ဒို၊ မက်ဆီနှင့် နေမာတို့မှာ မိမိ၏စံပြပုဂ္ဂိုလ်များဖြစ်သည်ဟု ဘာပေ မှတ်ချက်ပြု
Photo: Getty Images
Photo: Getty Images
Published 30 April 2020

 

ကမ္ဘာကျော်ဘောလုံးသမားများဖြစ်သည့်စီရော်နယ်လ်ဒို၊ မက်ဆီနှင့် နေမာတို့မှာ သူ၏ စံပြပုဂ္ဂိုလ်များဖြစ်သည်ဟု ပြင်သစ်လူငယ်တိုက် စစ်မှူး ဘာပေက မှတ်ချက်ပြုခဲ့သည်။ 

''စံပြ ပုဂ္ဂိုလ်အများအပြား ကျွန်တော့်မှာ ရှိပါတယ်။ ခရစ္စတီယာနိုက နှစ်လိုဖွယ်ကောင်းပါတယ်။ လက်ရှိအခိုက်အတန့်မှာ ကျွန်တော်တို့ ခရစ္စတီယာနိုနဲ့ မက်ဆီတို့ ရှိနေခဲ့ပြီးပါပြီ။ ကျွန်တော်ဟာ ကလေးဘဝတုန်းက အတော်လေးအားကျရတဲ့ နေမာနဲ့ အတူတွဲကစားခွင့်ရခဲ့တယ်။ သူတို့ဟာ ကျွန်တော် လေးစားရတဲ့ ကစားသမားတွေပါ။ ထိပ်တန်းအဆင့်မှာ ကစားခွင့်ရရင် အကောင်း ဆုံးဆိုတဲ့ ချီးကျူးမှုတွေ လိုအပ်ပါတယ်။ သူတို့ တစ်ယောက်စီက ကိုယ်ပိုင်ဟန်နဲ့သန်မာမှုရှိပြီး သူတို့ဟာ လူတိုင်းကို လှုံ့ဆော်မှုပေးနိုင်ခဲ့ပါတယ်''ဟု ဘာပေက ပြောကြားခဲ့သည်။

ဘာပေသည် သူမြင်ဖူးသမျှ အကောင်းဆုံးသွင်းဂိုးအဖြစ် စီရော်နယ်လ်ဒို၏သွင်းဂိုးအား ရွေးချယ်ခဲ့ကြောင်း သိရသည်။

ယင်းဂိုးမှာ ရီးယဲံလ်မက်ဒရစ်အသင်းတွင် စီရော်နယ်လ်ဒို ကစားခဲ့စဉ် ၂၀၁၈ ခုနှစ်က လက်ရှိကလပ် ဂျူဗင်တပ်စ်အသင်းဘက်သို့ Overhead Kick ဖြင့် ကန်သွင်းခဲ့ခြင်းဖြစ်သည်။

မက်ဆီနှင့် စီရော်နယ်လ်ဒိုတို့နှစ်ဦးသည် Ballon d'Or ဆု နောက်ဆုံး(၁၂)ကြိမ်တွင် (၁၁)ကြိမ်အထိ ရယူထားနိုင်ခဲ့သည်။

ဘာပေသည် PSG အသင်းအတွက် (၁၁၁)ပွဲကစားရာတွင် ဂိုး(၉၀)အထိ သွင်းယူထားပြီး ယခုရာသီတွင်လည်း ပြိုင်ပွဲစုံ ဂိုး(၃၀) သွင်းယူထားသည်။

 

Most Read

Most Recent