COVID-19 ကာကွယ်ရေးအတွက် လိုအပ်သော Surgical Mask နှင့် PPE ဝတ်စုံများ မူဆယ်နယ်စပ်မှတစ်ဆင့် လိုင်စင် လျှောက်ထားရန်မလိုဘဲ တင်သွင်းနိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနက မူဆယ်- နမ့်ခမ်းနယ်စပ်ကုန်သည်အသင်းကို အကြောင်းကြားထားကြောင်း သိရသည်။
COVID-19 အတွက် လိုအပ်သော Surgical Mask နှင့် PPE ဝတ်စုံတို့အား တင်သွင်းရန် သွင်းကုန်လိုင်စင် လျှောက်ထားမှုများ ရှိလာပါက အဆိုပါကုန်စည်များသည် Negative List တွင် ပါဝင်ခြင်းမရှိသောကြောင့် သွင်းကုန်လိုင်စင် လျှောက်ထားရယူရန် မလိုအပ်ကြောင်းနှင့် လွယ်ကူစွာတင်သွင်းနိုင်ကြောင်း အကြောင်းကြားထားခြင်းဖြစ်သည်။
အဆိုပါကုန်ပစ္စည်းများ၏ HS Code များမှာ HS 6307904000 (Surgical Mask) ၊ HS 6211439000 (of man-mask Fiber-Other) ၊ HS 3926303900 (Other Article of Plastics, Hygienic, Medical and Surgical, Article: Other) တို့ဖြစ်ကြောင်း သိရသည်။
သို့ဖြစ်ပါ၍ COVID-19 ကာကွယ်ထိန်းချုပ် ကုသရေးအတွက် လိုအပ်လျက်ရှိသော Surgical Mask နှင့် PPE ဝတ်စုံများ တင်သွင်းရန်ကိစ္စအား သိရှိနိုင်ရန်နှင့် အသင်းဝင်ကုမ္ပစီများအား အသိပေး ဆောင်ရွက်နိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနက မူဆယ်- နမ့်ခမ်းနယ်စပ် ကုန်သည်အသင်းကို အကြောင်းကြားထားကြောင်း သိရသည်။















