ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ COVID-19 အားကာကွယ်ရန် လေဆိပ်အ ဆောက်အအုံများအားလုံးတွင် ခရီးသည်များ နှင့် တာဝန်ကျလေဆိပ်ဝန်ထမ်းများကိုသာ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ပြီး ခရီးသည်များ လိုက်ပါပို့ဆောင်/ကြိုဆိုသူများ လေဆိပ်အ တွင်းသို့ ဝင်ရောက်ခွင့်အား တားမြစ်ထား ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် မှ သတင်းရရှိသည်။
မြန်မာနိုင်ငံ၊ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ထုတ်ပြန်ချက်နှင့်အညီ ရန်ကုန်လေဆိပ်အဆောက်အအုံများအတွင်း သို့ အများပြည်သူဝင်ရောက်ခွင့်ကို ကန့်သတ် ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။ အဆိုပါ ကန့်သတ်ချက်အရ ၂၀၂၀ ပြည့်နှစ်၊ မတ် ၂၉ ရက် တနင်္ဂနွေနေ့မှစ၍ တရားဝင်လေယာဉ် လက်မှတ်ကိုင်ဆောင်သူ ခရီးသည်များနှင့် တာဝန်ကျ လေဆိပ်ဝန်ထမ်းများကိုသာ လေ ဆိပ်အဆောက်အအုံများအတွင်းသို့ ဝင်ရောက်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ရန်ကုန် လေဆိပ်မှ သတင်းထုတ်ပြန်ခဲ့သည်။
ကူးစက်မြန်ရောဂါ COVID-19 ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ချက်များအတွက် ခရီးသည်များအနေဖြင့် လေဆိပ်အဆောက်အအုံအားလုံး၏ ဝင်ထွက်ပေါက်များရှိ တာဝန်ကျဝန်ထမ်းများနှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ပေးပါရန် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့မှ တိုက်တွန်းနှိုးဆော်ထားကြောင်း သိရသည်။
သို့ဖြစ်၍ ၂၀၂၀ ပြည့်နှစ် မတ် ၂၉ ရက် မှစတင်ကာ ခရီးသည်များအား လိုက်ပါပို့ ဆောင်/ကြိုဆိုသူများအနေဖြင့် လေဆိပ်အဆောက်အအုံများအတွင်းသို့ ဝင်ရောက်ခွင့် ရရှိတော့မည်မဟုတ်ကြောင်း သိရသည်။
ယင်းပြင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ COVID-19 အားကာကွယ်ရန် ပိုးသတ်ဆေးနှင့် အသေးစိတ်သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေပြီး Terminal 1 နှင့် Terminal 3 ရှိ ဂိတ်အချို့နှင့် လေဆိပ်ကား ပါကင်နှင့် လေဆိပ်အဆောက်အုံအား ဆက်သွယ်ထားသည့် Sky Link အား ခေတ္တပိတ် ထားမည်ဖြစ်ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ သတင်းရရှိသည်။
အဆိုပါရောဂါ စတင်ကူးစက်ပြန့်ပွား သည့် ဇန်နဝါရီမှစတင်ကာ ရန်ကုန်လေဆိပ် အတွင်း ကြိုတင်ကာကွယ်မှုများအနေဖြင့် ပိုး သတ်ဆေးများနှင့် အသေးစိတ်သန့်ရှင်းရေး လုပ်ငန်းစဉ်များ ဆောင်ရွက်နေပြီး ပိုးသတ် ခြင်းနှင့် အပူချိန်တိုင်းတာခြင်း လုပ်ငန်းစဉ် များနှင့် ကျန်းမာရေးအသိပညာပေးအစီအ စဉ်များ လုပ်ဆောင်ခဲ့ပြီး ကာကွယ်ရေးလုပ် ငန်းစဉ်များကို ဆက်လက်တိုးမြှင့်လုပ်ဆောင် နေကြောင်း သိရသည်။
လက်ရှိ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် COVID-19 ကာကွယ်ရန် တိုးမြှင့်လုပ်ဆောင်သွားမည့် လုပ်ငန်းစဉ် များမှာ ရန်ကုန်လေဆိပ်၊ စက်မှုဂိတ် (လေ ယာဉ်များ ရပ်နားရာနေရာသို့ ဝင်ထွက်ဂိတ်) မှ ဝင်/ထွက်သော လေကြောင်းလိုင်းဝန်ထမ်း များနှင့် Ground Handler များအတွက် ကိုယ် အပူချိန်တိုင်းတာစက်များ ထားရှိစစ်ဆေး ခြင်း၊ ပြည်တွင်းလေဆိပ်အဆောက်အအုံ (Terminal 3 ) တွင် ကိုယ်အပူချိန်တိုင်းတာ စက်များထားရှိကာ ခရီးသည်များအားလုံးနှင့် လေဆိပ်ဝန်ထမ်းများအားလုံးကို စစ်ဆေး ခြင်း၊ ပြည်ပလေဆိပ်အဆောက်အအုံ Terminal 1 တွင် ဂိတ်အမှတ် ၂၊ ၇ နှင့် Sky Link တို့အား ပိတ်ထားမည်ဖြစ်ပြီး ဂိတ်အမှတ် ၃ နှင့် ၄ တို့မှ ဝင်ရန်နှင့် ဂိတ်အမှတ် ၂၊ ၆ နှင့် ၈ တို့မှထွက်ရန်၊ ပြည်တွင်းလေဆိပ်အဆောက် အအုံ Terminal 3 တွင် ဂိတ်အမှတ် ၂ အား ပိတ်ထားမည်ဖြစ်ပြီး ဂိတ်အမှတ် ၁ နှင့် ၄ တို့မှ ဝင်ရန်နှင့် ဂိတ်အမှတ် ၁၊ ၃ နှင့် ၄ တို့မှ ထွက် ရန်၊ လေဆိပ်အဆောက်အအုံ ဝင်ထွက်နေရာ အားလုံးနှင့် လေဆိပ်ဧရိယာအတွင်းသို့ အ ခြားဝင်ပေါက်များမှ ဝင်ရောက်မည့်သူအားလုံးခြွင်းချက်မရှိ အပူချိန်တိုင်းတာစစ်ဆေးခြင်း အားဆောင်ရွက်ရန်၊ တာဝန်ထမ်းဆောင်သည့် နေရာများတွင် အစားအသောက်များ ယူ ဆောင်စားသောက်ခြင်းအား တားမြစ်ရန်၊ လေဆိပ်၊ လေကြောင်းလိုင်း၊ ဆက်စပ်ဌာန/ အဖွဲ့အစည်းများမှ ဝန်ထမ်းများနှင့် ခရီးသည် များအနေဖြင့် လေဆိပ်ဧရိယာအတွင်း ကွမ်း စားခြင်း၊ ကွမ်းသွေးထွေးခြင်းများ မပြုလုပ်ရန် တားမြစ်ချက်ထုတ်ပြန်ထားကြောင်း သိရသည်။















