Canal+ TV ညဖျော်ဖြေရေးအစီအစဉ်နှင့် ‘လောကကြိုးဝိုင်း Season 2’ ဇာတ်လမ်းတွဲမိတ်ဆက်ပွဲ ပြုလုပ်မည်

Canal+ TV ညဖျော်ဖြေရေးအစီအစဉ်နှင့် ‘လောကကြိုးဝိုင်း Season 2’ ဇာတ်လမ်းတွဲမိတ်ဆက်ပွဲ ပြုလုပ်မည်
Published 24 February 2020

Canal+ TV ညဖျော်ဖြေရေး အစီအစဉ်များနှင့် ‘လောကကြိုးဝိုင်း Season 2’ ရုပ်သံဇာတ်လမ်းတွဲ မိတ်ဆက်ခြင်းအစီအစဉ်ကို မတ်လ ၁ ရက်တွင် ရန်ကုန်မြို့မဟာဗန္ဓုလပန်းခြံ၌ ပြုလုပ်ရန်စီစဉ်ထားသည်ဟု သိရသည်။ ယင်းအစီအစဉ်တွင် Canal+ မှထုတ်လွှင့်ပြသလျက်ရှိသည့် အစီအစဉ်ကောင်းများအား ပိတ်ကားထက်တွင် နမူနာအဖြစ်ပြသခြင်း၊ တေးသံရှင်ဟဲလေးနှင့် အေသင်ချိုဆွေတို့၏ တေးသီချင်း များဖြင့် ဖျော်ဖြေတင်ဆက်ခြင်း၊ မတ်လ ၅ ရက်တွင် ထုတ်လွှင့်ပြသသွားမည့် ‘လောကကြိုးဝိုင်း Season 2’ ဇာတ်လမ်းတွဲတွင် ပါဝင်ထားသော သရုပ်ဆောင်ရဲနောင်၊ ခါရာ၊ ယဉ်လတ်၊ မေမြတ်နိုး၊ မေကဗျာ၊ ဦးအောင်ခိုင်၊ ဒေါ်ဝါ၀ါအောင်တို့နှင့် တွေ့ဆုံကာ မိတ်ဆက်ခြင်းအစီအစဉ်များ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

“ Canal+ TV ညအစီအစဉ်ကို မန္တလေးနဲ့ ပဲခူးမြို့တွေမှာ ပြုလုပ်ခဲ့တာ ပရိသတ်အများအပြားအား ပေးခဲ့ကြတဲ့အတွက် ဝမ်းသာပါတယ်။ အခုတစ်ကြိမ်ကတော့ ရန်ကုန်မြို့မှာ ပြုလုပ်သွားမှာပါ။ ဖျော်ဖြေရေးအစီအစဉ်တွေလည်း ပါဝင်မှာဖြစ်သလို Canal+ မှာထုတ်လွှင့်သွားမယ့် အစီအစဉ်တွေကိုလည်း ပိတ်ကားထက်မှာ မိတ်ဆက်သွားပါမယ်။ မတ် ၅ ရက်မှာပြသတော့မယ့် လောကကြိုးဝိုင်းဇာတ်ကား မိတ်ဆက်ဗီဒီယိုကို ပြသမှာဖြစ်သလို ဇာတ်ကားမှာပါဝင်ထားတဲ့ အနုပညာရှင်တွေလည်း မိတ်ဆက်ရှင်းလင်းမှာ ဖြစ်ပါတယ်။ ဒါကြောင့် လာရောက်ပါဝင်ဆင်နွှဲကြဖို့ ဖိတ်ခေါ်ပါတယ်” ဟု Canal+ မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

Canal+ TV ညအစီအစဉ်ကို ဝင်ကြေးအခမဲ့ဖြင့် ပြုလုပ်မည်ဖြစ်ပြီး ညနေ ၄နာရီတွင် စတင်မည်ဖြစ်သည်။ ဖျော်ဖြေရေးအစီအစဉ်များတွင်တေးသံရှင်ဟဲလေးနှင့် အေသင်ချိုဆွေတို့က ထင်ရှားအောင်မြင်သည့် တေးသီချင်းများစွာဖြင့် ဖျော်ဖြေတင်ဆက်မည်ဖြစ်သည်။ လောကကြိုးဝိုင်းဇာတ်လမ်းတွဲ မိတ်ဆက်ပွဲတွင် ဇာတ်ကားတွင်ပါဝင်ထားသူများက မိတ်ဆက်ရှင်းလင်းပြီးနောက် ပရိသတ်သိလိုသည်များအား ဖြေကြားပေးခြင်း၊ အမှတ်တရလက်မှတ် ရေးထိုးပေးခြင်းအစီအစဉ်များလည်း ပြုလုပ်မည်ဖြစ်သည်။ ယင်းအစီအစဉ်တွင် Canal+ ရုပ်သံဖမ်းစက်များအား လက်ဆောင်အဖြစ် ပေးအပ်သွားမည့် အစီအစဉ်များလည်း ပါဝင်ကာအထူးစျေးနှုန်းများဖြင့်လည်း ရောင်းချပေးမည်ဖြစ်သည်။ စိတ်ပါဝင်စားသူတိုင်း အခမဲ့ ပါဝင်ဆင်နွှဲနိုင်မည်ဖြစ်သည်။