လာဇီယိုအနေဖြင့် ဂျူဗင်တပ်စ်နှင့် အင်တာမီလန်တို့ကို ယှဉ်နိုင်သည့်အနေအထားမရှိဟု ကန်နာဗာရို သုံးသပ်

လာဇီယိုအနေဖြင့် ဂျူဗင်တပ်စ်နှင့် အင်တာမီလန်တို့ကို ယှဉ်နိုင်သည့်အနေအထားမရှိဟု ကန်နာဗာရို သုံးသပ်
Photo: Getty Images
Photo: Getty Images
Published 12 February 2020

အီတလီနောက်ခံလူဟောင်း ကန်နာဗာရိုက လာဇီယိုအသင်းအနေဖြင့် စီးရီးအေချန်ပီယံဆုအတွက် ဂျူဗင်တပ်စ်နှင့် အင်တာမီလန်အသင်းတို့ကို ယှဉ်နိုင်သည့်အနေအထားမရှိသေးကြောင်း သုံးသပ်ခဲ့သည်။ 

 

အီတလီနောက်ခံလူဟောင်း ကန်နာဗာရိုက လာဇီယိုအသင်းအနေဖြင့် စီးရီးအေချန်ပီယံဆုအတွက် ဂျူဗင်တပ်စ်နှင့် အင်တာမီလန်အသင်းတို့ကို ယှဉ်နိုင်သည့်အနေအထားမရှိသေးကြောင်း သုံးသပ်ခဲ့သည်။ 

လာဇီယိုအသင်းသည် စီးရီးအေပွဲစဉ် (၂၃)အပြီးတွင် ရမှတ် (၅၃)မှတ်ဖြင့် အဆင့် (၃)နေရာတွင် ရပ်တည်နေပြီး အမှတ်ပေးဇယားထိပ်ဆုံးမှ အင်တာမီလန်အသင်း(၅၄ မှတ်)နှင့် (၁)မှတ်သာ ကွာဟသည်။ 

သို့သော် ကန်နာဗာရိုက လာဇီယိုအသင်းမှာ အသင်းကောင်းတစ်သင်းဖြစ်သော်လည်း ကစားသမားအင်အားပိုင်းတွင် ဂျူဗင်တပ်စ်နှင့် အင်တာမီလန်အသင်းတို့ကို ယှဉ်နိုင်သည့်အနေအထားမရှိကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ကန်နာဗာရိုက "လာဇီယိုအသင်းမှာ ဂိုးသွင်းကောင်းတဲ့ အီမိုဘီလီ ရှိတယ်။ ဖန်တီးမှုအားကောင်းတဲ့ လူးဝစ္စအယ်လ်ဘာတို ရှိတယ်။ ပြီးတော့ သူတို့ရဲ့ ခံစစ်က ကောင်းတယ်။ ဒါပေမဲ့ သူတို့ရဲ့ လူစာရင်းက ဂျူဗင်တပ်စ်နဲ့ အင်တာမီလန်အသင်းတွေနဲ့ နှိုင်းယှဉ်ရင် အတော်လေးအားနည်းပါတယ်။ သူတို့အနေနဲ့ အဲဒီအသင်းတွေကို မယှဉ်နိုင်သေးပါဘူး။ လာဇီယိုအနေနဲ့ လာမယ့်တနင်္ဂနွေမှာ အင်တာမီလန်အသင်းနဲ့ ရင်ဆိုင်ရမှာပါ။ အဲဒီအခါကျရင် လာဇီယိုအသင်းအနေနဲ့ အင်တာမီလန်နဲ့ ဘယ်လောက်ကွာတယ်ဆိုတာ နားလည်သွားပါလိမ့်မယ်။ ဒီရာသီ စီးရီးအေချန်ပီယံဆုကို အင်တာမီလန်နဲ့ ဂျူဗင်တပ်စ်တို့ အပြိုင်လုရမှာဖြစ်ပြီး သူတို့ထိပ်တိုက်တွေ့ဆုံမယ့်ပွဲက ချန်ပီယံဆုအတွက် အဆုံးအဖြတ်လာမယ် ထင်ပါတယ်"ဟု ပြောကြားခဲ့သည်။ 

ထို့ပြင် ကန်နာဗာရိုက ၎င်း၏ အသင်းဟောင်း နာပိုလီအနေဖြင့် ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့်တွင် ဘာစီလိုနာအသင်းကို ကျော်ဖြတ်နိုင်မည် မထင်ကြောင်းလည်း သုံးသပ်ခဲ့သည်။ 

 

Most Read

Most Recent