အင်တာမီလန်အသင်း၏ တရားစွဲဆိုမှုကြောင့် ဒေးဗစ်ဘက်ခမ်ပူးတွဲပိုင်ဆိုင်သည့် အင်တာမိုင်ယာမီအသင်း အမည်ပြောင်းလဲရဖွယ်ရှိ

အင်တာမီလန်အသင်း၏ တရားစွဲဆိုမှုကြောင့် ဒေးဗစ်ဘက်ခမ်ပူးတွဲပိုင်ဆိုင်သည့် အင်တာမိုင်ယာမီအသင်း အမည်ပြောင်းလဲရဖွယ်ရှိ
Photos: Daily Mail, Getty Images & PA Images
Photos: Daily Mail, Getty Images & PA Images
Published 11 February 2020

နာမည်ကျော် အင်္ဂလန်ဘောလုံးသမားဟောင်း ဒေးဗစ်ဘက်ခမ် ပူးတွဲပိုင်ဆိုင်သည့် အင်တာမိုင်ယာမီအသင်းသည် စီးရီးအေကလပ် အင်တာမီလန်အသင်း၏ တရားစွဲဆိုမှုကြောင့် အသင်း၏ အမည်ကို ပြောင်းလဲရဖွယ်ရှိနေကြောင်း သိရသည်။ 

 

နာမည်ကျော် အင်္ဂလန်ဘောလုံးသမားဟောင်း ဒေးဗစ်ဘက်ခမ် ပူးတွဲပိုင်ဆိုင်သည့် အင်တာမိုင်ယာမီအသင်းသည် စီးရီးအေကလပ် အင်တာမီလန်အသင်း၏ တရားစွဲဆိုမှုကြောင့် အသင်း၏ အမည်ကို ပြောင်းလဲရဖွယ်ရှိနေကြောင်း သိရသည်။ 

အင်တာမီလန်အသင်းသည် ယခုရာသီတွင် မေဂျာလိဂ်ပြိုင်ပွဲ၌ စတင်ယှဉ်ပြိုင်မည့် အင်တာမိုင်ယာမီအသင်းအနေဖြင့် ၎င်းတို့မူပိုင်ဖြစ်သည့် "အင်တာ"ဆိုသည့် အမည်ကို အသုံးပြုထားသဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

အင်တာမီလန်အသင်းသည် ၂၀၁၄ ခုနှစ်တွင် "အင်တာ"ဆိုသည့် အမည်အား ၎င်းတို့တစ်သင်းတည်းသာ အသုံးပြုခွင့်ရရန် အမေရိကန်မူပိုင်ခွင့်နှင့် အမှတ်တံဆိပ်ရုံး(USPTO)တွင် မူပိုင်ခွင့်လျှောက်ခဲ့ကာ ခွင့်ပြုချက်ရပြီးသား ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် အင်တာမီလန်အသင်းသည် မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းကို ၎င်းတို့၏ "အင်တာ"ဆိုသည့် အမည်ကို အသုံးပြုခြင်းအတွက် တရားစွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ပထမအဆင့်တရားရင်ဆိုင်မှုတွင် မေဂျာလိဂ်အဖွဲ့ချုပ်မှ တင်ပြသည့်အချက်ကို USPTO က ပယ်ချခဲ့ကြောင်း သိရသည်။ 

Law.com ၏ ဖော်ပြချက်တွင် "မေဂျာလိဂ်ဘက်က အင်တာအမည်နဲ့ အသင်းတွေ ရှိတယ်ဆိုပြီး အင်တာနေစီယွန်နယ် (ဘရာဇီးလ်)၊ FC အင်တာတာကူ (ဖင်လန်)၊ NK အင်တာဇာပရီဆစ် (ခရိုအေးရှား) စတဲ့ အသင်းတွေကို ဥပမာပေးကာ တင်ပြခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီတင်ပြမှုကို USPTO က ပယ်ချခဲ့ပါတယ်"ဟု ပါရှိသည်။ 

မေဂျာလိဂ်အဖွဲ့ချုပ်အနေဖြင့် အင်တာမီလန်အသင်း၏ တရားစွဲဆိုမှုနှင့်ပတ်သက်ပြီး တရားဆက်လက်ရင်ဆိုင်သွားရန် ပြင်ဆင်နေပြီး ထပ်မံရှုံးနိမ့်မည်ဆိုပါက အင်တာမိုင်ယာမီအသင်းအနေဖြင့် အမည်ပြောင်းလဲရဖွယ်ရှိနေကြောင်း သိရသည်။ 

အင်တာမိုင်ယာမီအသင်းသည် လာမည့် ၂၀၂၀ ရာသီတွင် မေဂျာလိဂ်ပြိုင်ပွဲတွင် အရှေ့ပိုင်းဇုန်၌ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး အဖွင့်ပွဲစဉ်အဖြစ် မတ်လ (၁)ရက်တွင် လော့စ်အိန်ဂျလိစ်အသင်းနှင့် အဝေးကွင်းပွဲစဉ်ကို ယှဉ်ပြိုင်ရမည်ဖြစ်သည်။ 

 

Most Read

Most Recent