အသင်းတာဝန်ရှိသူများ၏ ထောက်ခံမှုနှင့် ယုံကြည်မှုနည်းပါးခြင်းကြောင့် ဟာသာဘာလင်နည်းပြရာထူးမှ နုတ်ထွက်ခဲ့ခြင်းဖြစ်သည်ဟု ကလင်းစမန်း ပြောကြား

အသင်းတာဝန်ရှိသူများ၏ ထောက်ခံမှုနှင့် ယုံကြည်မှုနည်းပါးခြင်းကြောင့် ဟာသာဘာလင်နည်းပြရာထူးမှ နုတ်ထွက်ခဲ့ခြင်းဖြစ်သည်ဟု ကလင်းစမန်း ပြောကြား
Photo: Getty Images
Photo: Getty Images
Published 11 February 2020

ဂျာမန်ဂန္ထဝင်ဘောလုံးသမား ယာဂန်ကလင်းစမန်းက ဟာသာဘာလင်အသင်းနည်းပြရာထူးမှနုတ်ထွက်ရခြင်းမှာ သူ့အပေါ် ထောက်ခံမှုနှင့် ယုံကြည်မှုနည်းပါးခြင်းကြောင့်ဖြစ်သည်ဟု ဖြေရှင်းချက်ပေးခဲ့သည်။

ဂျာမန်ဂန္ထဝင်ဘောလုံးသမား ယာဂန်ကလင်းစမန်းက ဟာသာဘာလင်အသင်းနည်းပြရာထူးမှနုတ်ထွက်ရခြင်းမှာ သူ့အပေါ် ထောက်ခံမှုနှင့် ယုံကြည်မှုနည်းပါးခြင်းကြောင့်ဖြစ်သည်ဟု ဖြေရှင်းချက်ပေးခဲ့သည်။

ကလင်းစမန်းသည် ဟာသာဘာလင်အသင်းကို (၁၀)ပတ်ကျော်သာ ကိုင်တွယ်ပြီးနောက် ရာထူးမှ နုတ်ထွက်ခဲ့ခြင်း ဖြစ်သည်။ 

    

"နည်းပြချုပ်တစ်ဦးအနေနဲ့ အသင်းတာဝန်ရှိသူတွေရဲ့ယုံကြည်မှုကို ကျွန်တော် လိုအပ်ပါတယ်။ အထူးသဖြင့် တန်းဆင်းဇုန် တိုက်ပွဲမှာ ညီညွတ်မှု၊ အသင်းစိတ်ဓာတ်၊ အာရုံစူးစိုက်မှု စတာတွေဟာ အခြေခံအားဖြင့် အလွန်အရေးကြီးတဲ့အရာတွေပါပဲ။ သူတို့ဆီက ဘာအာမခံချက်မှ မရှိဘူးဆိုရင် နည်း ပြချုပ်တစ်ဦးရာထူးနဲ့လျော်ညီအောင် တာဝန်ကျေပွန်စွာ စွမ်းဆောင်နိုင်ဖို့က မဖြစ်နိုင်ပါဘူး"ဟု ကလင်းစမန်းက ပြောကြားခဲ့သည်။ 

ကလင်းစမန်းသည် ဟာသာဘာလင်အသင်းကို (၇၆) ရက်သာ ကိုင်တွယ်ခဲ့ပြီး ပွဲပေါင်း (၁၀) ပွဲသာရှိခဲ့ကာ ယင်း (၁၀) ပွဲတွင် (၃)ပွဲသာအနိုင် ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။ 

ဟာသာဘာလင်အသင်းသည် လက်ရှိတွင် ဘွန်ဒစ်လီဂါအမှတ်ပေးဇယား၌ အဆင့် (၁၄) နေရာတွင် ရပ်တည်နေပြီး (၁၃) ပွဲကစားရန်ကျန်ရှိချိန်တွင် တန်းဆင်းဇုန်နှင့် (၆)မှတ်သာ ကွာဟလျက်ရှိသည်။ 

စပါး၊ အင်တာမီလန် နှင့် ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးဟောင်း ကလင်းစမန်းမှာ ဟာသာဘာလင်အသင်းနည်းပြအဖြစ် ရာသီကုန်အထိသာ ခန့်အပ်ခံထားရသူဖြစ်သည်။

 

Most Read

Most Recent