ရုပ်သံတော်လှန်ရေးအစီအစဉ်ကို ပရီးမီးယားလိဂ်ရေးဆွဲနေပြီး ပရီးမီးယားလိဂ် ပွဲစဉ်များအား Netflix ကဲ့သို့ ဒစ်ဂျစ်တယ်ထုတ်လွှင့်မှုဖြင့် ရောင်းချရန်စီစဉ်

ရုပ်သံတော်လှန်ရေးအစီအစဉ်ကို ပရီးမီးယားလိဂ်ရေးဆွဲနေပြီး ပရီးမီးယားလိဂ် ပွဲစဉ်များအား Netflix ကဲ့သို့ ဒစ်ဂျစ်တယ်ထုတ်လွှင့်မှုဖြင့် ရောင်းချရန်စီစဉ်
Photos : Getty Images
Photos : Getty Images
Published 11 February 2020

ပရီးမီးယားလိဂ်၏ တာဝန်ရှိသူများသည် ၎င်းတို့၏ ပွဲစဉ်များအား ရုပ်သံကုမ္ပဏီများထံသို့ နှစ်ပေါင်းများစွာ မူပိုင်ခွင့်ရောင်းချလာခဲ့သည့် အစီအစဉ်အား ပြောင်းလဲ ကာ ရုပ်သံတော်လှန်ရေးအစီအစဉ်အဖြစ် Netflix ကဲ့ သို့ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုဖြင့် ပရိသတ်များထံ တိုက် ရိုက်ရောင်းချသွားရန် စီစဉ်နေပြီဖြစ်ကြောင်း သိရသည်။

ပရီးမီးယားလိဂ်၏ အမှုဆောင်ချုပ်သစ်ဖြစ်သူ ရစ် ချက်မာစတာစ်က ယင်းအကြံအစည်ကို အကောင်အ ထည်ဖော်ရန် စီစဉ်နေခြင်းဖြစ်ပြီး စတင်နိုင်ပြီဆိုပါက က လပ်အသင်းများအနေဖြင့် ဝင်ငွေပိုတိုးလာနိုင်သလို၊ ပရိ သတ်များအနေဖြင့်လည်း ကြည့်ရှုခနှုန်းထား လျော့ကျ သွားမည်ဖြစ်သည်။ ပရီးမီးယားလိဂ်က လက်ရှိရောင်းချ နေသည့် ရုပ်သံမူပိုင်ခွင့်စနစ်တွင် နာမည်ကျော်ရုပ်သံ ကုမ္ပဏီများက လိဂ်ပြိုင်ပွဲနှင့် ပရိသတ်များအကြား မူပိုင် ခွင့်ဝယ်ကာ ပြန်လည်ရောင်းချသည့်ပုံစံဖြင့် ကြားခံဝန် ဆောင်မှုပေးနေသည့်ပုံစံဖြစ်ပြီး ရစ်ချတ်မာစတာစ်က ယင်းကဲ့သို့ ကြားခံစနစ်ကိုဖြတ်ချရန် စီစဉ်ခြင်းဖြစ်သည်။ ယင်းအတွက်ကြောင့် ဗြိတိန်မီဒီယာများက ယင်းအစီအ စဉ်ကို ရုပ်သံတော်လှန်ရေးတစ်ခုအဖြစ်လည်း သုံးသပ် လျက်ရှိသည်။

ယင်းအစီအစဉ်ကို Over the Top (OTT) ဝန်ဆောင်မှုဟု အမည်ပေးထားပြီး လက်ရှိရုပ်သံကုမ္ပဏီများ နှင့် ချုပ်ဆိုထားသည့် စာချုပ်ကုန်ဆုံးမည့် ၂၀၂၂ ခုနှစ် တွင် စတင်နိုင်ရန် ကြိုးပမ်းနေသည်။ ''အခုလက်ရှိ ရောင်းချထားတဲ့ ၂၀၁၉-၂၀၂၂ (၃)နှစ်ကာလအတွင်းမှာ ကျွန်တော်တို့ စမ်းသပ်မှုတွေပြုလုပ်သွားဖို့အတွက် အချိန်လုံလုံလောက်လောက်ရရှိပြီး အောင်မြင်ခဲ့ရင် Direct to Consumer အစီအစဉ်ဖြစ်လာဖို့ သေချာပါပြီ'' ဟု ရစ်ချက်မာစတာစ်က ပြောကြားခဲ့သည်။ ''ကျွန်တော်တို့က နောက်ဆုံးအချိန် ရုပ်သံမူပိုင်ခွင့်တွေရောင်းခဲ့ချိန်တုန်းက ဒီလိုလုပ်နိုင်တာကို မစဉ်းစားမိခဲ့ဘူး။ ပြီးခဲ့တဲ့ စာချုပ်မတိုင်ခင်တုန်းက ဒါကိုစမ်းသပ်လုပ်ဆောင်ဖို့ အဆင်သင့် ဖြစ်သလို၊ နောက်တစ်ကြိမ်မှာလည်း အဆင်သင့်ရှိပါတယ်။ ကျွန်တော်တို့ဟာ ၂၀၁၉-၂၀၂၂ (၃)နှစ်သက် တမ်းစာချုပ်မချုပ်ခင်မှာ အနည်းဆုံးတော့ သမားရိုးကျ နည်းဖြစ်တဲ့ ရုပ်သံကုမ္ပဏီတွေကိုရောင်းတာနဲ့ ပရိသတ်လက်ထဲ တိုက်ရိုက်ထည့်ပေးတဲ့အစီအစဉ် နှစ်ခုစလုံးကို လုပ်ခဲ့သင့်ပါတယ်'' ဟု ရစ်ချတ်မာစတာစ်က ဆိုသည်။

၎င်းက Netflix ကို အတုယူကာ PremFlix ဟု အမည်ပေးဖွယ်ရှိပြီး ရုပ်သံဝင်ငွေတိုးလာခြင်းနှင့် ပရိသတ်များအနေဖြင့် ကြည့်ရှုခနှုန်းထား ကျဆင်းသွားဖွယ်ရှိကြောင်းလည်း သိရှိရသည်။ လက်ရှိအချိန်၌ ဗြိတိန်တွင် ရှိသည့် မည်သူမဆိုသည် ပရီးမီးယားလိဂ်ပွဲစဉ်တိုင်းကို တရားဝင်ကြည့်ရှုလိုပါက Sky, BT Sports နှင့် Amazon Prime တို့အားလုံးကို ဝန်ဆောင်ခပေးရန် လိုအပ် နေပြီး ပွဲ (၃၈၀)လုံးစာအတွက် တစ်နှစ်စာကျသင့်ငွေမှာ (၉၁၂)ပေါင် အထိရှိနေသည်။ ယင်းပမာဏမှာ တစ်လ ပျမ်းမျှ (၇၆)ပေါင် ကျသင့်နေခြင်းဖြစ်ပြီး PremFlix က ကျသင့်ငွေ ပိုမိုလျော့နည်းမည်ဖြစ်သည်။ ပရီးမီးယားလိဂ် အနေဖြင့် ၂၀၂၂ တွင်  စတင်မည်ဆိုပါက စကင်ဒီနေဗီး ယန်းနိုင်ငံများတွင် ပြသနေသည့် Nent နှင့် ဆွေးနွေး ရန်လိုအပ်ပြီး ၎င်းင်းတို့နှင့် ပေါင် (၂)ဘီလီယံတန်စာချုပ်မှာ ၂၀၂၈ အထိ ချုပ်ဆိုထားခြင်းဖြစ်သည်။ 

 

Most Read

Most Recent