ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိုင်းနှင့် စင်ကာပူနိုင်ငံ၌ကျင်းပမည့် LPGA အမျိုးသမီးဂေါ့ဖ်ပြိုင်ပွဲနှစ်ပွဲ ဖျက်သိမ်း

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိုင်းနှင့် စင်ကာပူနိုင်ငံ၌ကျင်းပမည့် LPGA အမျိုးသမီးဂေါ့ဖ်ပြိုင်ပွဲနှစ်ပွဲ ဖျက်သိမ်း
HSBC Women's World Championship ပြိုင်ပွဲကျင်းပမည့် စင်ကာပူနိုင်ငံရှိ ဆန်တိုဆာဂေါ့ဖ်ကွင်း(Photo: golfscape)
HSBC Women's World Championship ပြိုင်ပွဲကျင်းပမည့် စင်ကာပူနိုင်ငံရှိ ဆန်တိုဆာဂေါ့ဖ်ကွင်း(Photo: golfscape)
Published 11 February 2020

 

ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် ယခုလအတွင်း ထိုင်းနိုင်ငံနှင့် စင်ကာပူနိုင်ငံ၌ ကျင်းပမည့် အမျိုးသမီးဂေါ့ဖ်ပြိုင်ပွဲနှစ်ပွဲကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း LPGA Tour က သတင်းထုတ်ပြန်ခဲ့သည်။

မူလက Honda LPGA Thailand ပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၀ ရက်မှ ၂၃ ရက်အထိ ထိုင်းနိုင်ငံ ပတ္တရားကမ်းခြေမြို့၌လည်းကောင်း၊ HSBC Women's World Championship ပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၇ ရက်မှ မတ် ၁ ရက်အထိ စင်ကာပူနိုင်ငံ၌လည်းကောင်း ကျင်းပရန်စီစဉ်ထားသော်လည်း ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်စိုးရိမ်ရသဖြင့် ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ 

LPGA Tour အနေဖြင့် ပြီးခဲ့သည့်ရက်သတ္တပတ်ကလည်း တရုတ်နိုင်ငံတောင်ပိုင်းရှိ ဟိုင်နန်ကျွန်း၌ မတ် ၅ ရက်မှ ၈ ရက်အထိ ကျင်းပမည့် Blue Bay LPGA ပြိုင်ပွဲကို ဖျက်သိမ်းရန် ဆုံးဖြတ်ထားပြီးဖြစ်ရာ အာရှသုံးနိုင်ငံရှိ ရာသီအစောပိုင်းပြိုင်ပွဲ သုံးပွဲဆက်တိုက် ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။ 

''ကျန်းမာရေးဆိုင်ရာအခြေအနေနှင့် အာရှနိုင်ငံအချို့က ကိုရိုနာဗိုင်းရပ်စ်၏ရလဒ် ကြောင့် ပြိုင်ပွဲများကိုဖျက်သိမ်း (သို့မဟုတ်)  ရွှေ့ဆိုင်းရန် အကြံပေးချက်အရ LPGA  နှင့် မိတ်ဖက်များအနေဖြင့် 2020 Honda LPGA Thailand နှင့် 2020 HSBC Women's World Championship ပြိုင်ပွဲများကို ဖျက်သိမ်းရန် ဆုံးဖြတ်လိုက်ပါပြီ။ ကစားသမားများ၊ ပရိသတ်များနှင့် ပြိုင်ပွဲအတွက် ပါဝင်လုပ်ကိုင်နေသူများအားလုံး၏ လုံခြုံရေး နှင့် ကျန်းမာရေးမှာ အရေးကြီးဆုံးအချက်ဖြစ်ပါသည်။ 

 SCC) 

ယခုရာသီတွင် ယင်းပြိုင်ပွဲများ မကျင်းပနိုင်ခြင်းအတွက် စိတ်မကောင်းဖြစ်ရပြီး အာရှဒေသသို့ မကြာခင်ပြန်လာနိုင်ရန် မျှော်လင့်ထားပါသည်''ဟု LPGA Tour ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် ၂၀၂၀ ရာသီ LPGA Tour ပြိုင်ပွဲ သုံးပွဲကျင်းပပြီးစီးသွားပြီဖြစ်ပြီး ဖေဖော် ၀ါရီ ၁၃ ရက်မှ ၁၆ ရက်အထိ သြစတြေးလျနိုင်ငံ၌ကျင်းပမည့် ပြိုင်ပွဲပြီးပါက အာရှဒေသတွင် ကျင်းပမည့် ပြိုင်ပွဲများမရှိတော့ဘဲ အောက်တိုဘာမှသာ ပြန်လည်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ 

ကိုရိုနာဗိုင်းရပ်စ် ကြောင့် တရုတ်တစ်နိုင်ငံတည်းမှာပင် သေ ဆုံးသူ ၉၀၀ ကျော်နှင့် ရောဂါကူးစက်ခံရသူ ၄၀၀၀၀ ထက်မနည်းရှိနေပြီး ဘောလုံးအပါ အဝင် အားကစားပြိုင်ပွဲများစွာကို ရွှေ့ဆိုင်း (သို့မဟုတ်) ဖျက်သိမ်းထားရသည်။ 

တရုတ် စူပါလိဂ်အပါအဝင် ပြည်တွင်းဘောလုံးပြိုင်ပွဲများကို အကန့်အသတ်မရှိရွှေ့ဆိုင်းထားပြီး ပြေးခုန်ပစ်၊ လက်ဝှေ့၊ ဘက်စကတ်ဘော၊ စက်ဘီး၊ တင်းနစ်၊ စနူကာ၊ ကြက်တောင်၊ နှင်းလျှောစီး၊ ဂေါ့ဖ်၊ ရပ်ဘီပြိုင်ပွဲများကိုလည်း ရွှေ့ဆိုင်းထားရသည်။

 

Most Read

Most Recent