ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်အား ခန့်အပ်တာဝန်ပေးရန် ပြည်ထောင်စုလွှတ်တော် သဘောတူ

ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်အား ခန့်အပ်တာဝန်ပေးရန် ပြည်ထောင်စုလွှတ်တော် သဘောတူ
Published 10 February 2020

ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်အား ခန့်အပ်တာဝန်ပေးရန် အတွက် ပြည်ထောင်စုလွှတ်တော်က သဘောတူကြောင်း ပြည်ထောင်စု လွှတ်တော်နာယက ဦးတီခွန်မြတ်က လွှတ်တော်၌ ကြေညာခဲ့သည်။

ဖေဖော်ဝါရီ ၁၀ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်အား ခန့်အပ်တာဝန် ပေးလိုကြောင်း တင်ပြထားခြင်းနှင့် ပတ်သက်၍ ကန့်ကွက်သည့် လွှတ်တော်ကိုယ်စားလှယ် မရှိခဲ့ခြင်းကြောင့် ပြည်ထောင်စုလွှတ်တော်က အတည်ပြုကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က ကြေညာခဲ့ခြင်းဖြစ်သည်။

ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်အား ခန့်အပ်တာဝန် ပေးလိုကြောင်း တင်ပြထားခြင်းနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၃၂ ပုဒ်မခွဲ(က)ပါ သတ်မှတ် အရည်အချင်းများနှင့် မပြည့်စုံကြောင်း ခိုင်လုံသော သတ်သေအထာက်အထားပြ၍ ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ဖေဖော်ဝါရီ ၇ ရက် နောက်ဆုံးထား၍ အမည်စာရင်း ပေးပို့နိုင်ကြောင်း ဖေဖော်ဝါရီ ၆ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယကက ကြေညာခဲ့သော်လည်း ကန့်ကွက်ရန် တင်သွင်းသည့် လွှတ်တော်ကိုယ်စားလှယ် မရှိခဲ့ပေ။

“တင်ပြပါ။ နောက်ဆုံး သတ်မှတ်ချိန်အထိ ကန့်ကွက်လိုကြောင်း တင်ပြချက် တစ်စုံတစ်ရာ မရှိတဲ့အတွက် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်အား ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးရန် လွှတ်တော်က သဘောတူကြောင်း ကြေညာပါတယ်” ဟု ပြည်ထောင်စု လွှတ်တော်နာယက က လွှတ်တော်၌ ကြေညာခဲ့သည်။

ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသော ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေအား မူလစစ်ဘက်ဆိုင်ရာ တာဝန်ဝတ္တရားများ ပြန်လည်ထမ်းဆောင်စေမည် ဖြစ်သဖြင့် ခွင့်ပြုလိုက်ကြောင်း ဖေဖော်ဝါရီ ၄ ရက်က နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ကြေညာခဲ့ပြီ ယခုကဲ့သို့ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနေရာတွင် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်အား ခန့်အပ်တာဝန် ပေးလိုကြောင်း နိုင်ငံတော်သမ္မတက ပြည်ထောင်စု လွှတ်တော်သို့ တင်ပြခဲ့ခြင်းဖြစ်သည်။

ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ရန် ပြည်ထောင်စုလွှတ်တော်က သဘောတူ အတည်ပြုခဲ့သည့် တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်မှာ ဗိုလ်မှူးချုပ်လွန်းမောင် (ကွယ်လွန်) ၏ သားဖြစ်ပြီး ၁၉၆၀ ပြည့်နှစ်တွင် မွေးဖွားခဲ့ရာ အသက် ၅၉ နှစ်နှင့် ကိုးလ ရှိပြီဖြစ်သည်။

ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်တွင် သားသုံးဦးရှိပြီ ၎င်းတို့သုံးဦးသည် ဆောက်လုပ်ရေးနှင့် ခရီးသွားလုပ်ငန်း လုပ်ကိုင်ကြောင်း ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့ထားသည့် ကိုယ်ရေးအကျဉ်းအရ သိရသည်။

Most Read

Most Recent