ဘရူနိုဖာနန်ဒက်စ်ရောက်ရှိလာခြင်းမှာ ပေါ့ဘာကိုရောင်းချမည့် အဓိပ္ပာယ်မဟုတ်ဘဲ ၎င်းတို့နှစ်ဦး တွဲကစားနိုင်လိမ့်မည်ဟု ဆိုးလ်ရှား သုံးသပ်

ဘရူနိုဖာနန်ဒက်စ်ရောက်ရှိလာခြင်းမှာ ပေါ့ဘာကိုရောင်းချမည့် အဓိပ္ပာယ်မဟုတ်ဘဲ ၎င်းတို့နှစ်ဦး တွဲကစားနိုင်လိမ့်မည်ဟု ဆိုးလ်ရှား သုံးသပ်
Photos: Getty Images
Photos: Getty Images
Published 2 February 2020

မန်ယူအသင်းသည် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် စပို့တင်းလစ္စဘွန်းအသင်း ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ကို ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၄၆ ဒသမ ၅ သန်း၊ တရုတ်ကလပ် ရှန်ဟိုင်းရှင်ဟွာအသင်းတိုက် စစ်မှူး အီဂါလိုကိုအငှား၊ League One ကလပ် ဆောက်အန်းအသင်းဂိုးသမား ဘစ်ရှော့ကို ပြောင်းရွှေ့ကြေးထုတ်ပြန်ခြင်းမရှိဘဲ ခေါ်ယူခဲ့သည်။

 

မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက ပေါ်တူဂီလက်ရွေးစင်ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ရောက်ရှိလာခြင်းမှာ အနာဂတ်မတည်မငြိမ်ဖြစ်နေသည့် ပေါ့ဘာကို ရောင်းချမည့် အဓိပ္ပာယ်မဟုတ်ဘဲ ၎င်းတို့နှစ်ဦး အတူတွဲ ကစားနိုင်လိမ့်မည်ဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။

မန်ယူအသင်းသည် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် စပို့တင်းလစ္စဘွန်းအသင်း ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ကို ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၄၆ ဒသမ ၅ သန်း၊ တရုတ်ကလပ် ရှန်ဟိုင်းရှင်ဟွာအသင်းတိုက် စစ်မှူး အီဂါလိုကိုအငှား၊ League One ကလပ် ဆောက်အန်းအသင်းဂိုးသမား ဘစ်ရှော့ကို ပြောင်းရွှေ့ကြေးထုတ်ပြန်ခြင်းမရှိဘဲ ခေါ်ယူခဲ့သည်။

မန်ယူအသင်းအနေဖြင့် ဘရူနိုဖာနန်ဒက်စ်ကိုခေါ်ယူခြင်းမှာ လာမည့်နွေရာသီတွင် ရီးယဲလ်မက်ဒရစ် (သို့မဟုတ်) အသင်းဟောင်း ဂျူဗင်တပ်စ်သို့ ပြန်လည်ပြောင်းရွှေ့မည့် ပေါ့ဘာနေရာ အစားထိုးရန်ဖြစ်ကြောင်း သုံးသပ်မှုများရှိနေရာ ဆိုးလ်ရှားက ယခုလို တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။

 "ကျွန်တော်တို့က ဆုဖလားတွေစိန်ခေါ်နိုင်တဲ့အသင်းတစ်သင်း ဖြစ်လာဖို့ ကြိုးစားတည်ဆောက်နေတာပါ။ ဒါကြောင့် အသင်းရဲ့ အကောင်းဆုံးကစားသမားတွေကို ဆက်ထိန်းထားချင်ပါတယ်။ သူတို့ကို အတူတွဲကစားခိုင်းလို့ရမှာပါ။ ဘရူနိုက ကစားသမားကောင်းတွေနဲ့ တွဲကစား နိုင်သူပါ။ သူကိုယ်တိုင်က ကစားသမားကောင်းတစ်ယောက်ဖြစ်သလို တခြားသူတွေနဲ့လည်း ကောင်းကောင်းတွဲကစားနိုင်ပါတယ်။ သူက ကွင်းလယ်သုံးယောက်တန်းပုံစံမျိုးလည်း ကစားနိုင်ပါတယ်။ ပြီးတော့ နံပါတ် ၁၀ ကစားသမားနေရာနဲ့ စိန်ပွင့်ပုံစံကစား ကွက်မှာလည်း ကစားနိုင်ပါတယ်။ သူ့ရဲ့ အကောင်းဆုံးနေရာကိုရှာတွေ့ဖို့ ကျွန်တော်တို့ အချိန်ပေးရမှာပါ" ဟု ဆိုးလ်ရှား က ပြောကြားခဲ့သည်။

ဘရူနိုဖာနန်ဒက်စ်သည် ဝုလ်ဗ်အသင်း နှင့် ဂိုးမရှိသရေကျသည့်ပွဲတွင် မိနစ် ၉၀ အပြည့် ပါဝင်ကစားခဲ့ပြီး တည်ကန်ဘောများ၊ အဝေးကန်ချက်များဖြင့် ပြိုင်ဘက်ဂိုးသမားကို ခြိမ်းခြောက်နိုင်ခဲ့ရာ ဆိုးလ်ရှားက ၎င်း၏စွမ်း ဆောင်ရည်ကို ချီးကျူးခဲ့သည်။ မန်ယူအသင်းသည် လာမည့်တစ်ပတ်တွင် ပွဲမရှိဘဲ အနားရမည်ဖြစ်ပြီး ဖေဖော်ဝါရီ ၁၈ ရက်မှသာ ပြန်လည်ကစားရမည်ဖြစ်သည်။

Most Read

Most Recent