ဇန်နဝါရီတွင် ကစားသမားသစ်မခေါ် နိုင်သဖြင့် ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ်စိတ်ပျက်နေပြီး ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲအတွက် အနိမ့်အသင်းဖြစ်သွားနိုင်ကြောင်း သတိပေး

ဇန်နဝါရီတွင် ကစားသမားသစ်မခေါ် နိုင်သဖြင့် ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ်စိတ်ပျက်နေပြီး ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲအတွက် အနိမ့်အသင်းဖြစ်သွားနိုင်ကြောင်း သတိပေး
Photo: AFP,Getty Images
Photo: AFP,Getty Images
Published 2 February 2020

ချယ်လ်ဆီးအသင်းသည် ဇန်နဝါရီတွင် တိုက်စစ်ပိုင်းအတွက် ရေတိုကုစားမှုပြုလုပ်ရန် ကြိုးပမ်းခဲ့ပြီး နာပိုလီအသင်းတိုက်စစ်မှူး မာတင်နှင့် PSG အသင်းတိုက်စစ်မှူး ကာဗာနီတို့ကို ကမ်းလှမ်းသော်လည်း အဆင်မပြေဘဲ ပျက်ပြယ်ခဲ့ရသည်။ သို့ဖြစ်ရာ စာချုပ်သက်တမ်း ခြောက်လသာကျန်ရှိတော့သည့် ဂျရူးကိုလည်း အခြားအသင်းများထံ ရောင်းချနိုင်ခြင်းမရှိဘဲ နွေရာသီတွင် အလွတ်ဖြင့် ထွက်ခွာခွင့်ပြုရမည်ဖြစ်သည်။

 

ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ်သည် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ကစားသမားသစ် ခေါ်ယူနိုင်ခြင်းမရှိသဖြင့် စိတ်ပျက်နေပြီး မိမိအသင်းမှာ ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲအတွက် အနိမ့်အသင်း ဖြစ်သွားနိုင်ကြောင်း သတိပေး ပြောကြားခဲ့သည်။

ချယ်လ်ဆီးအသင်းသည် ဇန်နဝါရီတွင် တိုက်စစ်ပိုင်းအတွက် ရေတိုကုစားမှုပြုလုပ်ရန် ကြိုးပမ်းခဲ့ပြီး နာပိုလီအသင်းတိုက်စစ်မှူး မာတင်နှင့် PSG အသင်းတိုက်စစ်မှူး ကာဗာနီတို့ကို ကမ်းလှမ်းသော်လည်း အဆင်မပြေဘဲ ပျက်ပြယ်ခဲ့ရသည်။ သို့ဖြစ်ရာ စာချုပ်သက်တမ်း ခြောက်လသာကျန်ရှိတော့သည့် ဂျရူးကိုလည်း အခြားအသင်းများထံ ရောင်းချနိုင်ခြင်းမရှိဘဲ နွေရာသီတွင် အလွတ်ဖြင့် ထွက်ခွာခွင့်ပြုရမည်ဖြစ်သည်။

ထို့ပြင် ချယ်လ်ဆီးအသင်းသည် တရုတ်ကလပ် ဒါလီလျန်ဖန်းအသင်းတိုက်စစ်မှူး ရွန်ဒွန်ကို အငှားဖြင့်ခေါ်ယူနိုင်မည့်အခွင့်အရေးကိုလည်း ငြင်းဆန်ပယ်ချခဲ့ကြောင်း ဗြိတိန်အခြေစိုက် The Guardian သတင်းဌာနက ဖော်ပြသည်။ ပရီးမီးယားလိဂ်ကြီးခြောက်ကြီး စာရင်းဝင်အသင်းများအနက် မန်စီးတီးနှင့် ချယ်လ်ဆီးအသင်းတို့ သာ ကစားသမားခေါ်ယူအားဖြည့်ခြင်းမရှိဘဲ ဇယားထိပ်ဆုံးမှ လီဗာပူးလ်၊ မန်ယူ၊ စပါးနှင့် အာဆင်နယ် အသင်းတို့က ကစားသမားသစ်များ ခေါ်ယူခဲ့သလို ချန်ပီယံလိဂ်ဝင်ခွင့် ခြိမ်းခြောက်နိုင်သည့် ရှက်ဖီးယူနိုက်တက်နှင့် ဝုလ်ဗ်အသင်းတို့ကလည်း ကစားသမားသစ်များ ခေါ်ယူအားဖြည့်ထားသည်။

သို့ဖြစ်ရာ လမ်းပတ်က " မန်ချက်စတာယူနိုက်တက်ကိုကြည့် လိုက်ပါ။ ကျွန်တော့်အမြင်ပြောရရင် သူတို့က ကမ္ဘာ့အဆင့်ထိပ်တန်း ကစားသမားတစ်ယောက် (ဘရူနိုဖာနန်ဒက်စ်) ကို ခေါ်ယူနိုင်ခဲ့တာပါ။ ကျွန်တော်တို့အနီးတစ်ဝိုက်မှာ ရှိတဲ့အသင်းတွေထဲမှာဆိုရင်လည်း ရှက်ဖီးယူနိုက်တက်က အံ့အားသင့်စရာခေါ်ယူမှုတွေ လုပ်နိုင်ခဲ့တယ်။ ခရစ္စဝိုင်လ်ဒါက မယုံနိုင်လောက်အောင် စွမ်းဆောင်ရည်ကောင်းမွန် နေတယ်ဆိုတာ သူက ဒီအစုအဖွဲ့နဲ့ နှစ်တွေအကြာကြီး လက်တွဲလာတာ ဖြစ်သလို အခုဆိုရင် ဖြည့်တင်းမှုတွေလည်း လုပ်ထားနိုင်ပါပြီ။ ကျွန်တော်တို့နဲ့သိပ်မဝေးတဲ့ တော့တင်ဟမ်ကလည်း ခေါ်ယူမှုတချို့လုပ်ထားပါ တယ်။ ဒါတွေက ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြီးတော့ ပြောနေတာမဟုတ်ပါဘူး။ အနီးတစ်ဝိုက်မှာ ရှိတဲ့အသင်းတွေက အင်အားတောင့် တင်းလာလို့ ကျွန်တော်တို့က အနိမ့်ဖြစ်သွားနိုင်ပါတယ်" ဟု ပြောကြးခဲ့သည်။

 

 

Most Read

Most Recent