ဘွန်ဒစ်လီဂါပြိုင်ပွဲ၏ ဇန်နဝါရီအသုံးစရိတ် ပေါင် ၁၆၄ သန်းဖြင့် စံချိန်သစ်တင်ခဲ့ပြီး ဟာသာဘာလင်သို့ရောက်ရှိလာသည့် ပီယွန်တက်ခ် ပြောင်းရွှေ့ကြေးအများဆုံးဖြစ်ခဲ့

ဘွန်ဒစ်လီဂါပြိုင်ပွဲ၏ ဇန်နဝါရီအသုံးစရိတ် ပေါင် ၁၆၄ သန်းဖြင့် စံချိန်သစ်တင်ခဲ့ပြီး ဟာသာဘာလင်သို့ရောက်ရှိလာသည့် ပီယွန်တက်ခ် ပြောင်းရွှေ့ကြေးအများဆုံးဖြစ်ခဲ့
Photos: Getty Images
Photos: Getty Images
Published 2 February 2020

ဇန်နဝါရီကာလတွင် ငွေသုံးစွဲမှုအများဆုံးအဖြစ် ဟာသာဘာလင်အသင်းက ရပ်တည်ခဲ့ပြီး ကစားသမားသစ်လေးဦးကို ပေါင် ၆၄ ဒသမ ၂ သန်း အသုံးပြု၍ ခေါ်ယူခဲ့သည်။ ဟာသာဘာလင်အသင်းသည် အေစီမီလန် အသင်းမှ ပိုလန်တိုက်စစ်မှူး ပီယွန်တက်ခ်ကို ပေါင် ၂၂ ဒသမ ၈ သန်း၊ လိုင်ယွန်အသင်းမှ ပြင်သစ်ကွင်းလယ်လူ တူဆက်ကို ပေါင် ၂၀ ဒသမ ၃ သန်း၊ လိုက်ပ်ဇစ်အသင်းမှ ဘရာဇီးလ်တောင်ပံကစားသမား ကွန်ဟာ ကို ပေါင် ၁၂ ဒသမ ၆ သန်း၊ စတုဂတ် အသင်းမှ အာဂျင်တီးနားကွင်းလယ်ခံစစ်ကစားသမား အက်စ်ကာစီဘာ ကို ပေါင် ၈ ဒသမ ၅ သန်းဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်။

 

ဘွန်ဒစ်လီဂါပြိုင်ပွဲ၏ ဇန်နဝါရီ အသုံးစရိတ် စုစုပေါင်းမှာ ပေါင် ၁၆၄ သန်း (ယူရို ၁၉၆ သန်း) ရှိပြီး ငွေကြေးသုံးစွဲမှုအများဆုံးအဖြစ် စံချိန်တင်ခဲ့ကြောင်း သိရသည်။

ဥရောပထိပ်တန်းငါးခုအနက် ပရီးမီးယားလိဂ်ပြိုင်ပွဲက ပေါင်သန်း ၂၃၀ ဖြင့် အသုံးစရိတ်အများဆုံးလိဂ်အဖြစ် ဆက်လက်ဦးဆောင်နိုင်ခဲ့ပြီး ဘွန်ဒစ်လီဂါက ပေါင် ၁၆၄ သန်းဖြင့် ဒုတိယအများဆုံးသုံးစွဲသည့်လိဂ် ဖြစ်ခဲ့သည်။ ဘွန်ဒစ်လီဂါပြိုင်ပွဲ၏ ဇန်နဝါရီအသုံးစရိတ်မှာ ၂၀၁၇ ခုနှစ် (၂၀၁၆-၂၀၁၇ ရာသီ) တွင် စံချိန်တင်ထားသည့် ပေါင် ၈၄ သန်း (ယူရိုသန်း ၁၀၀) ကို ကျော်ဖြတ်၍ စံချိန်သစ်တင်ခဲ့ခြင်းဖြစ်သည်။

ဇန်နဝါရီကာလတွင် ငွေသုံးစွဲမှုအများဆုံးအဖြစ် ဟာသာဘာလင်အသင်းက ရပ်တည်ခဲ့ပြီး ကစားသမားသစ်လေးဦးကို ပေါင် ၆၄ ဒသမ ၂ သန်း အသုံးပြု၍ ခေါ်ယူခဲ့သည်။ ဟာသာဘာလင်အသင်းသည် အေစီမီလန် အသင်းမှ ပိုလန်တိုက်စစ်မှူး ပီယွန်တက်ခ်ကို ပေါင် ၂၂ ဒသမ ၈ သန်း၊ လိုင်ယွန်အသင်းမှ ပြင်သစ်ကွင်းလယ်လူ တူဆက်ကို ပေါင် ၂၀ ဒသမ ၃ သန်း၊ လိုက်ပ်ဇစ်အသင်းမှ ဘရာဇီးလ်တောင်ပံကစားသမား ကွန်ဟာ ကို ပေါင် ၁၂ ဒသမ ၆ သန်း၊ စတုဂတ် အသင်းမှ အာဂျင်တီးနားကွင်းလယ်ခံစစ်ကစားသမား အက်စ်ကာစီဘာ ကို ပေါင် ၈ ဒသမ ၅ သန်းဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်။

ဒေါ့မွန်အသင်းက ဥရောပ ထိပ်တန်းကလပ်များစွာ စိတ်ဝင်စားနေသည့် ဆာလ်ဇ်ဘာ့ဂ်အသင်း၏ နော်ဝေလူငယ် ကြယ်ပွင့်တိုက်စစ်မှူး ဟာလန်းကို ပေါင် ၁၉ ဒသမ ၂ သန်းဖြင့် ကြားဖြတ်ခေါ်ယူနိုင်ခဲ့ပြီး ဂျူဗင်တပ်စ်အသင်းကွင်းလယ်လူ အမ်မရီချန်ကိုလည်း ရာသီဝက် အငှားဖြင့် ကနဦးခေါ်ယူ၍ နွေရာသီတွင် ပေါင် ၂၁ သန်းဖြင့် အပြီးသတ် ခေါ်ယူခွင့်ရထားသည်။

လက်ရှိချန် ပီယံ ဘိုင်ယန်မြူးနစ်အသင်းက ကစားသမားသစ်သုံးဦး ခေါ်ယူခဲ့သော်လည်း ပြောင်းရွှေ့ကြေးသုံးစွဲခြင်းမရှိဘဲ ရီးယဲလ်အသင်း နောက်ခံလူ အော်ဒရီယိုဇိုလာနှင့် အေဂျက်စ် အသင်း တောင်ပံကစားသမား နီကို လပ်စ်ခွန်းကို အငှားဖြင့်ခေါ်ယူခဲ့သလို ရှော်လ်ကေးအသင်း ဂိုးသမား နူဘယ်လ်မှာလည်း နွေရာသီမှသာ အလွတ်ပြောင်းရွှေ့ကြေးဖြင့်ရောက်ရှိလာမည်ဖြစ်သည်။ ယခုဇန်နဝါရီ အပြောင်းအရွှေ့၏ ပြောင်းရွှေ့ကြေး အမြင့်ဆုံးကစားသမားအဖြစ် ပီယွန်တက်ခ်က ရပ်တည်ခဲ့ပြီး ၎င်းသည် ဟာသာဘာလင်အသင်းအတွက်လည်း ကလပ်စံချိန်တင်ပြောင်းရွှေ့ ကြေးဖြင့် ခေါ်ယူမှုဖြစ်သည်။

၂၀၂၀ ဇန်နဝါရီအပြောင်းအရွှေ့၏ပြောင်းရွှေ့ကြေးအမြင့်ဆုံးစာရင်း

အမည်    ခေါ်ယူသည့်အသင်း    တန်ဖိုး

ပီယွန်တက်ခ်    ဟာသာဘာလင်    ၂၂.၈ သန်း

တူဆက်    ဟာသာဘာလင်    ၂၀.၃ သန်း

ဟာလန်း    ဒေါ့မွန်    ၁၉.၂ သန်း

အော်လ်မို    လိုက်ပ်ဇစ်    ၁၇ သန်း

ပလာစီယို့စ်    လေဗာကူဆင်    ၁၇ သန်း

တက်ဆိုဘာ    လေဗာကူဆင်    ၁၄.၃ သန်း

 

 

Most Read

Most Recent