စပိန်ဘုရင့်ဖလား ကွာတားဖိုင်နယ်တွင် ဘာစီလိုနာနှင့် ရီးယဲလ်မက်ဒရစ်အသင်း ပွဲကျပ်ကစားရမည်

စပိန်ဘုရင့်ဖလား ကွာတားဖိုင်နယ်တွင် ဘာစီလိုနာနှင့် ရီးယဲလ်မက်ဒရစ်အသင်း ပွဲကျပ်ကစားရမည်
Photos: AFP,Getty Images
Photos: AFP,Getty Images
Published 2 February 2020

ကွာတားဖိုင်နယ်တွင် ဘာစီလိုနာအသင်းက ဘီလ်ဘာအိုအသင်းနှင့် အဝေးကွင်းကစားရမည်ဖြစ်သလို ရီးယဲလ်မက်ဒရစ်အသင်းကလည်း ဆိုစီဒက်အသင်းကို အိမ်ကွင်း၌လက်ခံကစားရမည်ဖြစ်သည်။ လက်ရှိချန်ပီယံ ဗလင်စီယာအသင်းမှာလည်း လာလီဂါပြိုင်ဘက် ဂရန်နာဒါအသင်းနှင့် အဝေးကွင်းသွားရောက် ကစားရမည်ဖြစ်ပြီး ဗီလာရီးယဲလ်အသင်းမှာမူ ဆီဂန်ဒါကလပ် မီရန်ဒက်အသင်းနှင့်ဆုံ တွေ့နေသည်။

 

 

၀၁၉-၂၀၂၀ ရာသီ စပိန်ဘုရင့်ဖလား ကွာတားဖိုင်နယ်ပွဲစဉ်များကို ရေးဆွဲထုတ်ပြန်ခဲ့ရာ ရေပန်းအစားဆုံး ဘာစီလိုနာနှင့် ရီးယဲလ်မက်ဒရစ် အသင်းတို့ လာလီဂါပြိုင်ဘက်အသင်းများနှင့် ဆုံတွေ့နေပြီး ပွဲကျပ်ကစားရမည်ဖြစ်ကြောင်း သိရသည်။

ကွာတားဖိုင်နယ်တွင် ဘာစီလိုနာအသင်းက ဘီလ်ဘာအိုအသင်းနှင့် အဝေးကွင်းကစားရမည်ဖြစ်သလို ရီးယဲလ်မက်ဒရစ်အသင်းကလည်း ဆိုစီဒက်အသင်းကို အိမ်ကွင်း၌လက်ခံကစားရမည်ဖြစ်သည်။ လက်ရှိချန်ပီယံ ဗလင်စီယာအသင်းမှာလည်း လာလီဂါပြိုင်ဘက် ဂရန်နာဒါအသင်းနှင့် အဝေးကွင်းသွားရောက် ကစားရမည်ဖြစ်ပြီး ဗီလာရီးယဲလ်အသင်းမှာမူ ဆီဂန်ဒါကလပ် မီရန်ဒက်အသင်းနှင့်ဆုံ တွေ့နေသည်။

ယခုအဆင့်တွင် လိဂ်အဆင့်အတန်းနိမ့်သည့် ဆီဂန်ဒါကလပ် မီရန်ဒက်အသင်းမှလွဲ၍ ကျန်အိမ်ကွင်းကစားရသည့် အသင်းများကို မဲနှိုက်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ကွာတားဖိုင်နယ်ပွဲစဉ်များ ထွက်ပေါ်လာပြီး နောက် ဗိုလ်စွဲရန် အလေးပေးမှုစာရင်းတွင် ဘာစီလိုနာအသင်းက ၆/၄ ဖြင့် ရေပန်းအစားဆုံးဖြစ်နေပြီး ရီးယဲလ်အသင်းက ၉/၅ ဖြင့် ဒုတိယ၊ လက်ရှိချန်ပီယံ ဗလင်စီယာက ၇/၁ ဖြင့် တတိယနေရာ၌ ရပ်တည်လျက်ရှိသည်။ ယင်းပွဲစဉ်များကို လာမည့် ဖေဖော်ဝါရီ ၄၊ ၅၊ ၆ ရက်တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

စပိန်ဘုရင့်ဖလားပြိုင်ပွဲတွင် ဘာစီလိုနာအသင်းက ချန်ပီယံဆုအကြိမ် ၃၀ ဖြင့် အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နေသည်။

ကွာတားဖိုင်နယ်ပွဲစဉ်များ (၄၊ ၅၊ ၆-၂-၂၀)

    ဂရန်နာဒါ    -    ဗလင်စီယာ

    မီရန်ဒက်    -    ဗီလာရီးယဲလ်

    ရီးယဲလ်မက်ဒရစ်    -    ဆိုစီဒက်

    ဘီလ်ဘာအို    -    ဘာစီလိုနာ

Most Read

Most Recent