ကမ္ဘာတွင် အဆင့်မြင့်ဆုံး စစ်လေယာဉ်တစ်မျိုးဖြစ်သော F-35B တိုက်လေယာဉ် ၁၂ စင်းအား တန်ဖိုး ဒေါ်လာ ၂.၇၅ ဘီလျံ ဝန်းကျင်ဖြင့် စင်ကာပူသို့ ရောင်းချရန် အမေ ရိကန်က အတည်ပြုခဲ့ကြောင်း တာဝန်ရှိသူ များက ဇန်နဝါရီ ၁၀ တွင် ပြောကြားခဲ့သည်။
မြို့ပြနိုင်ငံ စင်ကာပူသည် ၂၀၁၉ ခုနှစ် တွင် ဥရောပနှင့် တရုတ်တို့မှ ပြိုင်ဘက်များ အား ကျော်ဖြတ်၍ လော့ဟိမာတင်၏ ထို တိုက်လေယာဉ်လေးစင်းအား ဝယ်ယူရန် စီ စဉ်ခဲ့ပြီး နောက်ထပ် ရှစ်စင်း ဝယ်ယူရန် ရွေး ချယ်ခွင့်ကိုလည်း ထည့်သွင်းခဲ့သည်။
နိုင်ငံအရွယ်အစား သေးငယ်သော်လည်း စင်ကာပူသည် ဒေသတွင်း၌ အင်အား အကောင်း ဆုံး လက်နက်ကိုင်တပ်ဖွဲ့ကို ပိုင်ဆိုင်ထားပြီး အစိုးရအသုံးစရိတ်၏ ပမာဏအများအပြား အား ကာကွယ်ရေးအတွက် သုံးစွဲနေသည်။
စင်ကာပူသို့ ထိုတိုက်လေယာဉ်များ ရောင်းချရန် အမေရိကန်နိုင်ငံခြားရေးဌာန က အတည်ပြုခဲ့ကြောင်း ကာကွယ်ရေးဌာန၏ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု အေဂျင်စီ က ထုတ်ပြန်ခဲ့သည်။ ထိုရောင်းချမှုအတွက် ကွန်ဂရက်အား အသိပေးထားပြီးဖြစ်သည် ဟု ယင်းအေဂျင်စီက ထုတ်ပြန်ခဲ့သည်။
စင်ကာပူသည် မဟာဗျူဟာမြောက် မိတ်ဖက်နှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင် ရွက်မှု၏ အဓိက မိတ်ဖက်နိုင်ငံဖြစ်ပြီး အာရှ- ပစိဖိတ်ဒေသတွင် နိုင်ငံရေးဆိုင်ရာ တည်ငြိမ်မှုနှင့် စီးပွားရေးဆိုင်ရာ တိုးတက်မှုများအတွက် အရေးပါသောနိုင်ငံဖြစ်ကြောင်း ထိုအေဂျင်စီက ထုတ်ပြန်ခဲ့သည်။ ထိုအရောင်း အဝယ်သဘောတူညီချက်ကြောင့် ဒေသတွင်း ၌ အခြေခံ စစ်ဘက်ချိန်ခွင်လျှာကို ပြောင်းလဲ စေမည် မဟုတ်ကြောင်းလည်း ယင်းအေဂျင်စီ က ထုတ်ပြန်ခဲ့သည်။
F-35 တိုက်လေယာဉ်များကြောင့် စင်ကာပူအနေဖြင့် ၎င်း၏နယ်စပ်အား ကာကွယ်ရန် စွမ်းရည်ကို ပိုမိုကောင်းမွန်စေမည် ဖြစ်ပြီး အခြားမဟာမိတ်နှင့် မိတ်ဖက်အင် အားစုများနှင့် ညွန့်ပေါင်းဆိုင်ရာ စစ်ဆင်ရေး များကို အထောက်အကူပြုစေမည်ဖြစ်ကြောင်း ယင်းအေဂျင်စီက ထုတ်ပြန်ခဲ့သည်။
စင်ကာပူသည် F-35 တိုက်လေယာဉ် များအား မဝယ်ယူမီ ၎င်းတို့၏ သက်တမ်းရင့် F-16 တိုက်လေယာဉ်များနေရာတွင် မည်သည့်တိုက်လေယာဉ်များဖြင့် အစားထိုးသင့် ကြောင်းကို နှစ်ပေါင်းများစွာ အချိန်ယူ၍ ချင့်တွက်ခဲ့ကြသည်။ စင်ကာပူစစ်တပ်တွင် F-15 တိုက်လေယာဉ်များ၊ အပါချီရဟတ် ယာဉ်များနှင့် ရေငုပ်သင်္ဘောများလည်း ပိုင် ဆိုင်ထားသည်။
အဆင့်မြင့် စတဲ့သ်နည်းပညာများ ပါဝင် သော F-35 သည် လေယာဉ်မှူးများအား ရေဒါ၏ ထောက်လှမ်းမှုမှ ရှောင်လွှဲမောင်းနှင်နိုင်ရန်အတွက် တည်ဆောက်ထားကြောင်း လော့ဟိမာတင်က ထုတ်ပြန်ခဲ့သည်။
ထို့ပြင် အဆင့်မြင့် အီလက်ထရွန်နစ်ဆိုင်ရာ စစ်ပွဲ စွမ်းဆောင်ရည်များကြောင့် လေယာဉ်မှူးများသည် ရန်သူတပ်များအား ခြေရာခံ ထောက်လှမ်းခြင်း၊ ရေဒါများအား တန်ပြန်ဖျက်ဆီးပြီး တိုက်ခိုက်မှုများအား အဟန့်အတားပြုခြင်း ဆောင်ရွက်နိုင်သည်။
သို့သော် ပြီးခဲ့သောဧပြီတွင် ဂျပန်၌ F-35 တိုက်လေယာဉ်တစ်စင်းသည် ပစိဖိတ် သမုဒ္ဒရာထဲသို့ ပျက်ကျခဲ့ပြီး လေယာဉ်မှူး တစ်ဦး သေဆုံးခဲ့ရပြီးနောက် ဘေးကင်းလုံခြုံ မှုဆိုင်ရာ စိုးရိမ်မှုထွက်ပေါ်ခဲ့သည်။
F-35 သည် နည်းပညာပိုင်းဆိုင်ရာ ချွတ်ယွင်းချက် ဆက်လက်ဖြစ်ပေါ်နေမည် ဖြစ်ပြီး မပြုပြင်ပါက လေယာဉ်မှူးများ၏ ဘေးကင်းလုံခြုံမှုနှင့် လေယာဉ်၏ တာဝန် ထမ်းဆောင်နိုင်စွမ်းကို အန္တရာယ် ဖြစ်စေ နိုင်ကြောင်း Defense news က ပြီးခဲ့သော နှစ် ဇွန်တွင် ဖော်ပြခဲ့သည်။














