မန်စီးတီးအသင်းသည် အသင်းကွင်းလယ်လူ ဖာနန်ဒင်ဟိုအား တစ်နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် စီစဉ်နေကြောင်း သိရသည်။
မန်စီးတီးအသင်းသည် အသင်းကွင်းလယ်လူ ဖာနန်ဒင်ဟိုအား တစ်နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် စီစဉ်နေကြောင်း သိရသည်။
မန်စီးတီးအသင်းနှင့် ချုပ်ဆိုထားသည့် ဖာနန်ဒင်ဟို၏ လက်ရှိစာချုပ်မှာ ယခုရာသီကုန်တွင် ကုန်ဆုံးမည်ဖြစ်ပြီး အသင်းမှထွက်ခွာရဖွယ်ရှိနေသည်ဟု ဗြိတိန်မီဒီယာများ ဖော်ပြခဲ့သည်။
သို့သော် မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာသည် ဖာနန်ဒင်ဟိုကို လက်လွှတ်လိုခြင်းမရှိသေးဘဲ တစ်နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။
အသက် (၃၄)နှစ်အရွယ်ရှိ ဘရာဇီးလ်ဝါရင့်ကွင်းလယ်လူ ဖာနန်ဒင်ဟိုသည် ၂၀၁၃ ခုနှစ်တွင် ယူကရိန်းကလပ် ရှက်တာဒိုးနက်အသင်းမှ မန်စီးတီးအသင်းသို့ ပေါင် (၃၄)သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။
၎င်းသည် မန်စီးတီးအသင်းတွင် (၆)ရာသီအတွင်း ပြိုင်ပွဲစုံ ပွဲ (၂၇၀)အထိ ကစားထားပြီး (၂၃)ဂိုး သွင်းယူထားသည်။
ဖာနန်ဒင်ဟိုသည် မန်စီးတီးအသင်းနှင့်အတူ ပရီးမီးယားလိဂ်ဖလား (၃)ကြိမ်နှင့် လိဂ်ဖလား (၄)ကြိမ် ရယူထားနိုင်ပြီး ယခုရာသီတွင် အသင်းခံစစ်ကစားသမားများ ဒဏ်ရာပြဿနာများနှင့် ရင်ဆိုင်နေရသည့် နောက်တန်းတွင် ကစားနေသူဖြစ်သည်။