ပေါင်ခြံဒဏ်ရာကြောင့် အဲဗာတန်နှင့်ပွဲကို ကီတာ လွဲချော်မည်ဟု ကလော့ပ် အတည်ပြု

ပေါင်ခြံဒဏ်ရာကြောင့် အဲဗာတန်နှင့်ပွဲကို ကီတာ လွဲချော်မည်ဟု ကလော့ပ် အတည်ပြု
Photo: Getty Images
Photo: Getty Images
Published 3 January 2020

လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က အသင်းကွင်းလယ်လူ ကီတာသည် ပေါင်ခြံဒဏ်ရာကြောင့် အဲဗာတန်နှင့်ကစားမည့် FA ဖလားပွဲစဉ်ကို လွဲချော်မည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။ 

လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က အသင်းကွင်းလယ်လူ ကီတာသည် ပေါင်ခြံဒဏ်ရာကြောင့် အဲဗာတန်နှင့်ကစားမည့် FA ဖလားပွဲစဉ်ကို လွဲချော်မည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။ 

အသက် (၂၄)နှစ်အရွယ်ရှိ ဂီနီကွင်းလယ်လူ ကီတာသည် ဒီဇင်ဘာ (၂)ရက်က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် လီဗာပူးလ် (၂-၀) ရှက်ဖီးယူနိုက်တက်ပွဲတွင် ပွဲထွက်ကစားသမားစာရင်း၌ ပါဝင်ခဲ့သော်လည်း ပွဲမစခင်ပြုလုပ်ခဲ့သည့် သွေးပူလေ့ကျင့်ခန်းအစီအစဉ်၌ ပေါင်ခြံဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။ 

ထို့ကြောင့် အဆိုပါပွဲစဉ်တွင် ယာဂန်ကလော့ပ်သည် ကီတာအစား ဂျိမ်းစ်မီလ်နာကို ပွဲထွက်ကစားသမားအဖြစ် အသုံးပြုခဲ့ရသည်။ 

ကလော့ပ်က ကီတာအနေဖြင့် မည့်မျှအနားယူရမည်ကို မိမိအနေဖြင့် မသိရှိသေးသော်လည်း ဒီဇင်ဘာ (၅)ရက်တွင် ကစားမည့် အဲဗာတန်နှင့် FA ဖလားတတိယအဆင့် အိမ်ကွင်းပွဲစဉ်ကို ကျိန်းသေလွဲချော်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

"ရှက်ဖီးယူနိုက်တက်နဲ့ ပွဲမတိုင်ခင် ပြုလုပ်ခဲ့တဲ့ သွေးပူလေ့ကျင့်ခန်းအစီအစဉ်မှာ ကီတာ ဒဏ်ရာရရှိခဲ့ပါတယ်။ ပေါင်ခြံဒဏ်ရာ ဖြစ်ပြီး ဘယ်လောက်အနားယူရမယ်ဆိုတာကို ကျွန်တော် မသိသေးပါဘူး။ ဒါပေမဲ့ သေချာတာကတော့ ကီတာဟာ တနင်္ဂနွေနေ့ ကစားမယ့် အဲဗာတန်နဲ့ပွဲစဉ်မှာ ပါဝင်နိုင်မှာ မဟုတ်ပါဘူး"ဟု ကလော့ပ်က ပြောကြားခဲ့သည်။ 

အသက် (၂၄)နှစ်အရွယ်ရှိ ကီတာသည် ယခုရာသီ လီဗာပူးလ်အသင်းတွင် ခြေစွမ်းပြနေသူဖြစ်ပြီး ပြိုင်ပွဲစုံ (၁၄)ပွဲတွင် (၃)ဂိုး သွင်းယူထားသည်။ 

 

Most Read

Most Recent