ဆွီဒင်လူငယ်ကြယ်ပွင့် ကူလူဆက်ဗ်စကီးကိုခေါ်ယူရန် ဂျူဗင်တပ်စ် သဘောတူညီမှုရရှိ

ဆွီဒင်လူငယ်ကြယ်ပွင့် ကူလူဆက်ဗ်စကီးကိုခေါ်ယူရန် ဂျူဗင်တပ်စ် သဘောတူညီမှုရရှိ
Photos: Getty Images,YouTube
Photos: Getty Images,YouTube
Published 1 January 2020

အသက် ၁၉ နှစ်သာရှိသေးသည့် ကူလူဆက်ဗ်စကီးသည် ယခုရာသီတွင် အတ္တလန္တာအသင်းမှ ပါးမားသို့ အငှားသွားရောက်ကစားနေသူဖြစ်ပြီး ခြေစွမ်းပြကစားနိုင်သောကြောင့် ဂျူဗင်တပ်စ်အသင်းက အင်တာမီလန် အပါ အဝင် အခြားပြိုင်ဘက်များထက် လက်ဦးမှုရယူ၍ ခေါ်ယူရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။ ၎

 

စီးရီးအေချန်ပီယံ ဂျူဗင်တပ်စ်အသင်းသည် ပါးမားအသင်း၌ အငှားဖြင့်ကစားနေသည့် ဆွီဒင်လူငယ်ကြယ်ပွင့်ကစားသမား ကူလူဆက်ဗ်စကီးကိုခေါ်ယူရန် သဘောတူညီမှုရခဲ့ပြီဖြစ်ကြောင်း သိရသည်။

အသက် ၁၉ နှစ်သာရှိသေးသည့် ကူလူဆက်ဗ်စကီးသည် ယခုရာသီတွင် အတ္တလန္တာအသင်းမှ ပါးမားသို့ အငှားသွားရောက်ကစားနေသူဖြစ်ပြီး ခြေစွမ်းပြကစားနိုင်သောကြောင့် ဂျူဗင်တပ်စ်အသင်းက အင်တာမီလန် အပါ အဝင် အခြားပြိုင်ဘက်များထက် လက်ဦးမှုရယူ၍ ခေါ်ယူရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။ ၎င်းသည် စီးရီးအေပြိုင်ပွဲ၌ ၁၇ ပွဲကစား လေးဂိုးသွင်းယူထားသလို ဂိုးဖန်တီးမှု ခုနစ်ကြိမ် ပြုလုပ်ထားသဖြင့် ထိပ်တန်းကလပ်များ၏ အပြိုင်အဆိုင်ကြိုးပမ်းမှု ခံနေရခြင်းဖြစ်သည်။

Sky Sport Italia သတင်းဌာန၏ဖော်ပြချက်အရ ဂျူဗင်တပ်စ်အသင်းသည် ကူလူဆက်ဗ်စကီးအတွက် ကနဦးပြောင်းရွှေ့ကြေး ယူရို ၃၅ သန်း ပေးချေရမည်ဖြစ်ပြီး ခြေစွမ်းနှင့် အောင်မြင်မှုအပေါ်မူတည်၍ add-ons ကြေး ယူရို ၁၀ သန်း ထပ်မံပေးချေမည်ဖြစ်ကြောင်း သိရသည်။ ၎င်း၏ပြောင်းရွှေ့ကြေးကို အတ္တ လန္တာအသင်းအပြင် လူငယ်ကစားသမားဘဝ စတင်ခဲ့သည့် ဆွီဒင်ကလပ် ဘရွမ်မာပိုကာနာ အသင်းကလည်း တစ်စိတ်တစ်ပိုင်းခံစားခွင့် ရမည်ဖြစ်သည်။

ဂျူဗင်တပ်စ်အသင်းသည် ဇန်နဝါရီ ၂ ရက် (သို့မဟုတ်) ၃ ရက်တွင် ကူလူဆက်ဗ်စကီးနှင့် ဆေးစစ်မှုပြုလုပ်မည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်အထိ သက်တမ်းရှိမည့်စာချုပ်ချုပ်ဆို၍ တစ်နှစ်လစာ ယူရိုလေးသန်းပေးချေ ဖွယ်ရှိနေသည်။ သို့သော် လက်ကျန်ရာသီဝက်ကာလတွင် ၎င်းအား ပါးမားအသင်းထံ ဆက်လက်အငှားချမချ မသိရသေးကြောင်း မီဒီယာများက ဖော်ပြလျက်ရှိသည်။

 

Most Read

Most Recent