ဧရာဝတီတိုင်းဒေသကြီးသည် မြစ်ချောင်းပေါများသည့် ဒေသဖြစ်ခြင်းကြောင့် ကုန်းလမ်းဆက်သွယ်ရေးတွင် တံတားများစွာကို လိုအပ်လျက်ရှိသည်။ မြောင်းမြကြိုးတံတား ပျက်ကျမှုဖြစ်စဉ်အပြီးတွင် ကြိုးတံတားများ၏ ကြံ့ခိုင်မှုကိုသာ စစ်ဆေးခဲ့သော်လည်း ဘေလီတံတားများ၏ ကြ့ံခိုင်မှုကို စစ်ဆေးရန် လိုအပ်လျက်ရှိသေးကြောင်းကို ဆိပ်မတံတား နှင့်သိုင်းချောင်းတံတား (၁)ကျိုးကျမှုက သက် သေခံနေခြင်းကြောင့် ဆိပ်မတံတားနှင့် သိုင်းချောင်းတံတား (၁) ကျိုးကျမှုဖြစ်စဉ်များကို ၂၀၁၉ ခုနှစ် ထင်ရှားကျော်ကြားသည့် ဖြစ်စဉ်တစ်ခုအဖြစ် ဖော်ပြလိုက်ပါသည်။
ဧပြီ ၄ ရက်တွင် ဘိုကလေးမြို့နယ် ဘိုကလေး-ကြိမ်ချောင်း-ကဒုံကနိ လမ်းမကြီး ပေါ်ရှိ ကဒုံဖလာချောင်းကူူး သိုင်းချောင်းတံ တား (၁) မှာ လမ်းခင်းကျောက်များတင်ဆောင်လာသည့် မော်တော်ယာဉ်တစ်စင်း ဖြတ်သန်း စဉ်ကျိုးကျခဲ့သည်။ သိုင်းချောင်း (၁) တံတား မှာ ဘေလီတံတားအမျိုးအစားဖြစ်ပြီး တံတား အရှည် ပေ ၆၀ ခံနိုင်ဝန်တန်ခြောက်တန်ရှိပြီး နာဂစ်မုန်တိုင်းပြီးချိန်တွင် တည်ဆောက်ထား ခဲ့သည့် တံတားတစ်စင်းဖြစ်သည်။ တံတား ကျိုးကျမှုကြောင့် လမ်းပန်းဆက်သွယ်ရေး များ ပြတ်တောက်သွားရပြီး တံတားဦးစီးဌာန မှ အရေးပေါ်တံတားတစ်စင်းကို တစ်လအ တွင်း အပြီးသတ်တည်ဆောက်ခဲ့သည်။
နိုဝင်ဘာ ၉ ရက်တွင် ဖျာပုံ-အမာလမ်း ပေါ်ရှိ ဆိပ်မဘေလီတံတားမှာ ကုန်တင်ယာဉ်တစ်စင်းဖြတ်သန်းစဉ် ကျိုးကျမှုဖြစ်စဉ် ထပ်မံဖြစ်ပွားခဲ့ပြီး လမ်းပန်းဆက်သွယ်ရေးများပြတ်တောက်ကာ အရေးပေါ် ဇက်ရေယာဉ်များ ကူးတို့ရေယာဉ်များကို တိုင်းဒေသကြီးအစိုးရက စီစဉ်ပေးခဲ့သည်။ တံတားကျိုး ကျမှုဖြစ်စဉ်ဖြစ်ပွားပြီး တစ်လအတွင်းမှာပင် တံတားဦးစီးဌာနမှ အရေးပေါ် ဘေလီတံတား တစ်စင်းကို ထပ်မံတည်ဆောက်ပေးခဲ့ရသည်။
ထို့ပြင် ၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်က ဖြစ်ပွားခဲ့သည့် မြောင်းမြကြိုးတံတားကျိုးကျမှုဖြစ် စဉ်အပြီးမှာ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လပွတ္တာ (ပင်လယ်လေး) ကြိုးတံတား၊ ရွှေလောင်း၊ ကျွန်းကုန်း၊ ၀ါးခယ်မနှင့် ပုသိမ်ကြိုး တံတားများ၏ ကြံ့ခိုင်မှုများကိုပါ စစ်ဆေးရာ တံတားများ၏ကြံ့ခိုင်မှုအားနည်းနေခြင်း ကြောင့် ၀ါးခယ်မ ကြိုးတံတား၊ ရွှေလောင်းကြိုးတံတားနှင့် လပွတ္တာ(ပင်လယ်လေး)ကြိုး တံတားများကို မူလကြိုးတံတားများအဖြစ်မှ သံကူကွန်ကရစ်တံတားများအဖြစ် အဆင့်မြှင့်တင်ခဲ့သည်။ တံတားများ အဆင့်မြှင့်တင် နေစဉ်အတွင်း ဇက်ရေယာဉ်များကို စီစဉ်ပေး ထားပြီး ဇက်ရေယာဉ် ကူးသန်းချိန်ကြာမြင့် ခြင်းကြောင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း ရှိ မြို့ကြီးအချို့မှာ လမ်းပန်းဆက်သွယ်ရေး ကဏ္ဍနှောင့်နှေးခဲ့ရသည်။ လပွတ္တာ (ပင်လယ်လေး)တံတားကို အဆင့်မြှင့်တင်ခြင်းလုပ်ငန်း များပြီးစီးသွားပြီဖြစ်သည့်အတွက် မော်တော်ယာဉ်များ သွားလာမှုကို ပြန်လည်ခွင့်ပြုနေ ပြီဖြစ်သော်လည်း ၀ါးခယ်မတံတားနှင့် ရွှေ လောင်းတံတားတို့မှာ တစ်နှစ်ကျော်ကြာမြင့် လာသည်အထိ အဆင့်မြှင့်တင်ခြင်းလုပ်ငန်း များ မပြီးဆုံးခဲ့သေးပေ။ ပုသိမ်ကြိုးတံတား၊ ကျွန်းကုန်းကြိုးတံတားတို့ကို ပြင်ဆင်ဆောက် လုပ်ခြင်းမဟုတ်ဘဲ တံတားအသစ်တစ်စင်း ထပ်မံတိုးချဲ့တည်ဆောက်လျက်ရှိသည်။









