နှစ်ပေါင်းများစွာအတွင်း တောင်ကြီး မြို့ကို ထိပ်လန့်တုန်လှုပ်သွားစေသော လူ သတ်မှုဖြစ်သည့် လေးလောင်းပြိုင်လူသတ် မှုကို တောင်ကြီးမြို့တွင် ၂၀၁၉ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့ပါသည်။
တောင်ကြီးမြို့ ကံသာရပ်ကွက် မြင်းဖြူ နှစ်ကောင်ဆေးတိုက် လေးလောင်းပြိုင်အမှုသည် ၂၀၁၉ ခုနှစ် ဧပြီ ၂၈ ရက် နံနက်စော စောအချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တရားခံကို ဧပြီ ၂၉ ရက် နံနက် ၇ နာရီတွင် ဖမ်းဆီး ရမိခဲ့သဖြင့် တစ်ရက်အတွင်း ပြန်လည်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးပြီး ငါးရက်အကြာ မေ ၄ ရက်၌ လူသတ်မှုတွင် ကျူးလွန်သူဟု စွပ်စွဲခံထားရသူ ဦးအိုက်အုန်းသည် တောင်ကြီးမြို့မရဲစခန်း အချုပ်ခန်း၊ အိမ်သာထဲတွင် မှောက်လျက်သား သေဆုံးနေသည်ကို တွေ့ရကြောင်း တောင်ကြီးခရိုင် ရဲတပ်ဖွဲ့ထံမှ သိရ သည်။
အဆိုပါဖြစ်စဉ်တွင် အိမ်ရှင်အပါအဝင် လူလေးဦးကို သတ်ပြီး ငွေကျပ် သိန်း ၄၀ နှင့် လက်ဝတ်ရတနာ ရွှေထည်ပစ္စည်းပေါင်း ငွေကျပ် သိန်း ၁၅၁၇ သိန်းဖိုးဖြစ်ပြီး စုစုပေါင်း တန်ဖိုးငွေကျပ်သိန်း ၁၅၅၇ ဖြစ်ကြောင်း တောင်ကြီးခရိုင် ရဲတပ်ဖွဲ့ရုံးမှ သိရသည်။ အဆိုပါဖြစ်စဉ်တွင် ကျူးလွန်သူဟု စွပ်စွဲခံ ထားရသူ ဦးအိုက်အုံးနှင့်အတူ သက်တူရွယ် တူ (၆၁) နှစ်ခန့်အရွယ်ရှိသော အဖော်တစ်ဦး လည်းပါဝင်ခဲ့ခြင်းဖြစ်ပြီး ဦးအိုက်အုံးသေဆုံး ခဲ့သဖြင့် အဆိုပါကွင်းဆက်တရားခံမှာ လွတ် မြောက်နေပြီး ယခုအခါ တစ်ဖက်အိမ်နီးချင်း နိုင်ငံတွင် ရောက်ရှိနိုင်ကြောင်း ရဲတပ်ဖွဲ့က သုံးသပ်ပြောကြားထားသည်။
အဆိုပါ မြင်းဖြူနှစ်ကောင်ဆေးတိုက် ပိုင်ရှင် ဒေါ်အေးရွှေ၏ မောင်ဝမ်းကွဲဖြစ်သူ တင်အုန်း (ခ) အိုက်အုံးသည်သားဖြစ်သူ အမွေ ရ နည်းမည်ကိုစိုးရိမ်သဖြင့် သတ်ဖြတ်ခဲ့ခြင်း ဖြစ်ပြီး ဧပြီ ၂၉ ရက် နံနက် ၇ နာရီတွင် တရား ခံ တင်အုန်း (ခ) အိုက်အုံးအား ကျောက်မဲမြို့ နယ် အထက်မြင်းကွင်းကျေးရွာရှိ ၎င်းင်း၏နေ အိမ်၌ ဖမ်းဆီးရမိခဲ့ပြီး သက်သေခံ ရွှေထည် ပစ္စည်းမျိုးစုံ တစ်ပိဿာနီးပါးခန့်နှင့် ငွေကျပ် ခုနစ်သိန်းနှစ်သောင်းတို့ကို ၎င်းင်း၏နေအိမ်မှ မေ ၁ ရက်တွင် အထူးအမှုစစ်အဖွဲ့မှ ရှာဖွေ ဖော်ထုတ်သိမ်းဆည်းနိုင်ခဲ့ခြင်းဖြစ်ပြီး မေ ၃ ရက်တွင် နောက်ထပ် ရွှေချောင်း ငါးချောင်း ကို ပိုက်ဆံအိတ်အတွင်းမှ ထပ်မံရှာဖွေတွေ့ ရှိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
မြင်းဖြူနှစ်ကောင်ဆေးတိုက် လေး လောင်းပြိုင်လူသတ်မှု ကျူးလွန်သည်ဟု စွပ် စွဲခံရသူ ပူးတွဲတရားခံမှာ ထွက်ပြေးတိမ်း ရှောင်နေသဖြင့် တရားရုံးမှ ဖမ်းဝရမ်းထုတ် ထားပြီး တရားခံမျက်ကွယ်တွင် စစ်ဆေးနေ ကြောင်း တောင်ကြီးခရိုင်တရားရုံးမှ သိရ သည်။
အဆိုပါ လေးလောင်းပြိုင်အမှုတွင် ကျူး လွန်သူဟုစွပ်စွဲခံရသူ ဦးတင်အုန်းသည် အ ချုပ်ထဲတွင် သေဆုံးခဲ့သဖြင့်ကျောက်မဲမြို့နယ် တောင်ဆေးလိတ်ရွာနေ ပူးတွဲတရားခံ အိုက် စု (ခ) ဘစိန် (ခ) စုဘစိန် (ခ) လုံးစုသည် အ မှုတွင် ဖမ်းဆီးရမိခြင်းမရှိဘဲ ထွက်ပြေးတိမ်း ရှောင်နေကြောင်း၊ ရဲတပ်ဖွဲ့မှ အိုက်စုနှင့်ပတ် သက်၍ ရာဇဝတ်အထွေထွေမှုဖြင့် တရားစွဲ ဆိုတင်ပို့ခြင်းဖြစ်ကြောင်း၊ ရာဇဝတ်အထွေ ထွေမှု (တရားခံပြေးမှု) သည် ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၃၉၄ ကျင့် ၅၁၂ တရားခံအဖြစ် တရားစွဲဆိုတင်ပို့ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းရာ ဇဝတ်အထွေထွေမှုအား (၂၇-၆-၂၀၁၉) ရက် နေ့တွင် တရားစွဲဆိုခဲ့ပြီး ရာဇဝတ်အထွေထွေမှု အမှတ် (၂၅/၂၀၁၉) ဖြင့် လက်ခံစစ်ဆေး ခဲ့ခြင်းဖြစ်ကြောင်း၊ တရားခံပြေးဖြစ်သည့် အတွက် ရုံးတော်ကို လာရောက်ထုချေနိုင်ရန် ဖမ်းဝရမ်းထုတ်ဆင့်ခဲ့ပြီး ကျောက်မဲမြို့နယ် တောင်ဆေးလိတ်ကျေးရွာ အုပ်ချုပ်ရေးမှူး နှင့် ကျောက်မဲမြို့နယ်၊ နောင်ပိန်ရဲစခန်းမှ နယ်ထိန်းကိုစစ်ဆေးပြီး ပူးတွဲတရားခံသည် တောင်ဆေးလိတ်ကျေးရွာတွင် နေထိုင်ခြင်း မရှိကြောင်း ပေါ်ပေါက်ခဲ့သည့်အတွက် အမှု ဖြင့်တိမ်းရှောင်နေသည်ဟု တရားရုံးမှ သတ် မှတ်ခဲ့ကြောင်း သိရသည်။
အဆိုပါအမှုတွင် တရားလိုပြသက်သေများဖြစ်သော (မင်ပြာ) သက်သေ ၂၇ ဦးတို့ကို ရဲတပ်ဖွဲ့ကတင်ပြထားပြီး သြဂုတ် ၂၁ ရက်အ ထိ ခုနစ်ဦးအထိ စစ်ဆေးနိုင်ခဲ့ပြီး ကျန်သက် သေများကို စစ်ဆေးနိုင်ရန် စက်တင်ဘာ၂ ရက်ကို ထပ်မံချိန်းဆိုခဲ့ကြောင်း သိရသည်။
‘‘အဲဒီအမှုမှာ အဓိကတရားခံဖြစ်တဲ့ ဦးတင်အုန်းဟာ အချုပ်မှာသေဆုံးခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ တရားခံ အိုက်စုကို တရားစွဲဆိုတင်ပို့ထားခြင်းဖြစ်ပါတယ်။ ထွက်ပြေးတိမ်းရှောင်နေတဲ့ တရားခံဖြစ်တဲ့ အိုက်စုကို တရားရုံးက ဖမ်းဝရမ်းထုတ်ဆင့်ထားပြီးတော့ ဥပဒေဘောင်အတွင်းကနေ လာရောက် ထုခြေဖို့အတွက် ခေါ်ယူခြင်းဖြစ်ပါတယ်။ ၎င်းလာရောက်ခြင်းမရှိသည့်အတွက် သူ့မျက်ကွယ်မှာ ဥပဒေအကြောင်းအရာကို သိတဲ့ တရားလိုပြသက်သေတွေကို ဆက်လက်စစ်ဆေးနေခြင်းဖြစ်ပါတယ်။တရားခံရဲ့မျက်ကွယ် မှာစစ်ဆေးနေရတဲ့အဓိပ္ပာယ်ကတော့ အကယ်၍ တရားခံကို ပြန်လည်ဖမ်းဆီးရမိတဲ့အခါမှာ သက်သေတွေဟာ မရှိတော့ရင် ကွယ်လွန် သွားရင်၊ ပြောင်းရွှေ့သွားရင်၊ ရှာမတွေ့တော့ ရင် သက်သေတွေရဲ့ထွက်ချက်ကို ပြန်အသုံး ပြုနိုင်ဖို့ တရားခံရဲ့မျက်ကွယ်မှာသက်သေတွေ ကိုစစ်ဆေးထားခြင်းပဲဖြစ်ပါတယ်။ဆက်လက်ပြီး ထူးခြားဖြစ်စဉ်များကို ပြည်သူကို ထုတ်ပြန်ပေးသွားပါမယ်’’ဟု တောင်ကြီးခရိုင် တရားရုံး မှ သတင်းနှင့်ပြန်ကြားရေးအရာရှိ ဒေါ်အိအိထွန်းက ပြောကြားသည်။
ထိုပူးတွဲတရားခံ အိုက်စုကို ပြန်လည် ဖမ်းဆီးရမိချိန်တွင် ရာဇဝတ်ကြီးအမှုဖြင့် ပြောင်းလဲဖွင့်လှစ်ပြီး စစ်ဆေးထားသော တရားလိုပြသက်သေများကို အမှုတွင်အစမှ ပြန်လည်စစ်ဆေးသွားရမည်ဖြစ်ပါကြောင်း၊ အကယ်၍ ထိုအချိန်တွင် သက်သေများ ခေါ် မရတော့လျှင်၊ ပြောင်းရွှေ့သွားလျှင်၊ ဆက် သွယ်မရတော့လျှင် သက်သေများကို ခေါ်ယူ ၍ မရတော့ကြောင်း ပေါ်ပေါက်လျှင် တရား ခံမျက်ကွယ်တွင် စစ်ဆေးထားသော သက်သေ ထွက်ချက်များကို တရားခံပြန်လည်ဖမ်းဆီးရမိပြီး အမှုရင်ဆိုင်ရာတွင် သက်သေထွက် ချက်များကို ပြန်လည်အသုံးပြု၍ အမှုကို စစ်ဆေးစီရင်သွားမည်ဖြစ်ကြောင်း တောင်ကြီး ခရိုင်တရားရုံး သတင်းနှင့်ပြန်ကြားရေးအရာ ရှိက ပြောကြားသည်။









