လူ ၇၀ နီးပါး သေဆုံးခဲ့ရပြီး ဒေသခံများကို တုန်လှုပ်ချောက်ချား စေခဲ့သော မလတ်တောင်ပြိုကျမှု

လူ ၇၀ နီးပါး သေဆုံးခဲ့ရပြီး ဒေသခံများကို တုန်လှုပ်ချောက်ချား စေခဲ့သော မလတ်တောင်ပြိုကျမှု
ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာအုပ်စု ရဲပြား ကုန်းကျေးရွာ၊ မရမ်းစမ်းပိုင်းရှိ မလတ်တောင် သြဂုတ်၉ ရက် နံနက် ၈ နာရီခန့်က မြေပြိုကျမှုဖြစ်ပွားခဲ့စဉ် (ဓာတ်ပုံ-ဘိုဘိုမြင့်)
ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာအုပ်စု ရဲပြား ကုန်းကျေးရွာ၊ မရမ်းစမ်းပိုင်းရှိ မလတ်တောင် သြဂုတ်၉ ရက် နံနက် ၈ နာရီခန့်က မြေပြိုကျမှုဖြစ်ပွားခဲ့စဉ် (ဓာတ်ပုံ-ဘိုဘိုမြင့်)
Published 31 December 2019

မွန်ပြည်နယ် ပေါင်မြို့နယ် သဲဖြူကုန်း ကျေးရွာအုပ်စု ရဲပြားကုန်းကျေးရွာ မရမ်းစမ်းပိုင်းရှိ မလတ်တောင်သည် သြဂုတ် ၉ ရက် နံနက် ၈ နာရီခန့်က မြေပြိုကျမှုဖြစ်ပွားခဲ့ပြီး လူ ၇၀ နီးပါးသေဆုံးခဲ့့ခြင်းကြောင့် မွန်ပြည် နယ်အတွင်း ယခုနှစ် အဆိုးရွားဆုံး သဘာဝဘေးအန္တရာယ်တစ်ခုအဖြစ် ဖော်ပြလိုက်ပါသည်။

မလတ်တောင်ပြိုကျမှုကြောင့် နေအိမ် ၂၇ လုံးခန့်နှင့် ရန်ကုန်-မော်လမြိုင် အဝေး ပြေးလမ်းမပေါ်ရပ်ထားသည့် ယာဉ်ကားမျိုးစုံ ၁၀ စီးခန့် မြေပြိုကျသည့်အရှိန်ဖြင့် လွင့်စင် ကာ မြေကြီးများ ဖုံးလွှမ်းပျက်စီးခဲ့ကြောင်း၊ သြဂုတ် ၁၆ ရက် မွန်းလွဲပိုင်းအချိန်အထိ သေ ဆုံးသူ ၆၉ ဦး၏ရုပ်အလောင်းများ ရှာဖွေတွေ့ ရှိခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။ ထိခိုက် ဒဏ်ရာရရှိခဲ့သူ လူ ၄၀ ကျော်ရှိခဲ့ကြောင်း သိရသည်။

မလတ်တောင် ပြိုကျရခြင်းအကြောင်း ရင်းမှာ မိုးသည်းထန်စွာရွာသွန်းခြင်း၊ ပြတ် ရွေ့အက်ကြောင်းများအတွင်း ရေဝင်ခြင်း၊ တောင်စောင်းအငိုက်ထောင့်များခြင်း စသည့် အချက်များကြောင့်ဖြစ်ကြောင်း ပညာရှင် များက သုံးသပ်ထားကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်းက စက်တင်ဘာ ၁၉ ရက်က ကျင်းပပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် မွန်ပြည် နယ်လွှတ်တော်(၁၄)ကြိမ်မြောက်ပုံမှန်အစည်း အဝေး (ပထမနေ့) က ပြောကြားခဲ့သည်။

ပေါင်မြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒ နယ် အမှတ် (၂) မှ ကိုယ်စားလှယ် ဦးဇော်ဇော် ထူး မေးမြန်းသည့် မွန်ပြည်နယ် ပေါင်မြို့နယ် အတွင်း မြေပြိုမှုများနှင့်ပတ်သက်ပြီး ဘူမိ ပညာရှင်များဖြင့် စမ်းသပ်တိုင်းတာ ဆောင် ရွက်ပေးရန်အစီအစဉ် ရှိ၊မရှိ သိရှိလိုကြောင်း မေးခွန်းအား ဒေါက်တာမင်းကြည်ဝင်းက ပြန်လည်ဖြေကြားရာမှာ ယင်းကဲ့သို ့ထည့်သွင်းပြောကြားသွားခြင်းဖြစ်သည်။

ထို့ပြင် မလတ်တောင်၏ အပေါ်ဘက်မှာ မာ၍ထူသောသဲကျောက်များရှိပြီး အောက် တွင် ထမ်းထားရသော ရွှံ့စေးကျောက်သည် ရာသီဥတုဒဏ်ခံစားထားရခြင်းနှင့် အပေါ် မှ လေးသောသဲကျောက်များအား ဆက်လက် မထမ်းထားနိုင်တော့ခြင်းတို့ကြောင့်လည်း ကောင်း၊ မိုးများပြား၍ မြေအောက်ရေ ခို အောင်းမှုများပြီး ရွှံ့၊ ကျောက်နှင့် သဲမှုန် ကျောက်များသည် နူးအိပျော်ဝင်၍ ချောဆီ သဖွယ်ဖြစ်နေ၍လည်းကောင်း၊ ကျောက်တုံး ကြီးများနှင့်မြေစာများအစုအပုံအလိုက် တောင် စောင်းအတိုင်း အောက်ဘက်သို့ မြေပြိုဆင်း ရခြင်းဖြစ်ကြောင်း၊ မလတ်တောင်မြေပြိုကျမှု အတိုင်းအတာမှာ အလျား မီတာ ၁၁၀၊ အနံ မီတာ ၇၀၊ အမြင့် မီတာ ၃၀ ခန့်ဖြစ်ကြောင်းနှင့် မြေအောက်ရေအလွန်အကျွံများနေ၍ မြေပြို ကျမှုတွင် ရေအားနှင့်တွန်းသကဲ့သို့ အဝေးသို့ ရောက်ရှိဖုံးလွှမ်းသွားခြင်း၊ ရွှံ့နွံပြင်ဖြစ်၍ လူနှင့် တိရစ္ဆာန်များ နစ်မြုပ်သေကျေ ပျက်စီး ဆုံးရှုံးမှုများရခြင်းဖြစ်ကြောင်း ဒေါက်တာ မင်းကြည်ဝင်းက လွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

‘‘မွန်ပြည်နယ်အစိုးရအဖွဲ့ထံကနေ ကျွန်တော်တို့ ကြားသိရသလောက်က မြေပြိုမှု ကြောင့် ပြိုကျသွားတဲ့ လူနေအိမ်တွေကို ပေ (၆၀ x ၈၀) မြေကွက် စက်တင်ဘာ၂၄ ရက် စပြီး နေရာပြန်ပေးဖို့ အကွက်တွေရိုက်နေပါ တယ်လို့ သိရပါတယ်။ အဲဒီနေရာမှာ ကွန်ကရစ် လမ်းခင်းပေးမယ်။ မီးတိုင်တွေ ထောင်ပေးမယ်။ ရေမြောင်းဖောက်ပေးမယ်။ နောက် တစ်ဆင့်အနေနဲ့ ရေသွယ်တန်းဖို့ လုပ်ဆောင် ပေးသွားမယ်။ အိမ်တွေကိုလည်း ကျပ်သိန်း ၁၀၀ ဝန်းကျင်တန်လောက် တည်ဆောက် ပေးမယ်လို ့သိထားပါတယ်။ နေရာက သဲဖြူ ကုန်းကျေးရွာ ဘောလုံးကွင်း မရောက်ခင် ကားလမ်းမရဲ့အောက်ဘက်ခြမ်း၊ စားကျက်မြေပေါ်မှာပါ။ စားကျက်မြေထုတ်နုတ်ခွင့်ကိုပါ တစ်ခါတည်းတွဲတင်ထားပြီးတော့ မြေယာပိုင်ဆိုင်မှုကိုပါ တစ်ခါတည်းလုပ်ဆောင် ပေးမယ့်အနေအထားမျိုးတွေ့ရပါတယ်’’ ဟု ပေါင်မြို့နယ် မဲဆန္ဒနယ်မြေအမှတ်(၂)မှ ပြည် နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော် ထူးက ပြောကြားသည်။

မြေပြိုကျမှုကြောင့် ပျက်စီးသွားသည့် အိမ်ခြေစာရင်းအတိုင်း ပေးမည်ဟုသိရ ကြောင်း၊ သန်းခေါင်စာရင်းနှင့် အိမ်ခြေအ ပေါ်မူတည်ပြီး ပေးသွားမည်ဟုသိရကြောင်း၊ သန်းခေါင်စာရင်းအရ အိမ်ထောင်စု ၃၀ ခန့် ရှိသော်လည်း အိမ်ခြေစာရင်းမှာ ၂၄ လုံးသာ ရှိသည့်အတွက် အိမ်ခြေ ၂၄ စုစာကို ပေးသွား မည်ဟုသိထားကြောင်း ဦးဇော်ဇော်ထူးက ပြောကြားသည်။

လက်ရှိအချိန်အထိ ပြည်နယ်အစိုးရ အဖွဲ့က ဆောက်လုပ်ပေးနေသည့် အိမ်ရာ မပြီးပြတ်သေးသောကြောင့် မလတ်တောင် ပြိုကျမှုကြောင့် ဘေးဒုက္ခရောက်ခဲ့ကြရသည့် ပြည်သူများ နေထိုင်စရာမရသေးသည့်အပြင် တချို့မှာ လက်ရှိပြန်လည်နေရာချထားပေး သည့်နေရာတွင် နေထိုင်လိုခြင်းမရှိသည့်အ တွက် အသနားခံစာတင်ပြထားသည်။ 

 

Most Read

Most Recent