မကွေးတိုင်း ရေနံချောင်းမြို့နယ်အတွင်း ကျေးရွာနှစ်ရွာတွင် မြေနုကျွန်းမြေပုုိင်ဆိုုင်မှု အငြင်းပွားရာမှ ပဋိပက္ခဖြစ်ပွားပြီး စက်လှေနစ်၍ လူ ၄၀ သေဆုံးမှုဖြစ်ပွားခဲ့သောကြောင့် ၂၀၁၉ ခုနှစ်အတွင်း ပဋိပက္ခကြောင့် လူသေဆုံးမှုအများဆုံး ထူးခြားဖြစ်စဉ်အဖြစ် ဖော်ပြလိုက်ပါသည်။
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့ နယ်အတွင်း ဧရာဝတီမြစ်လယ်ကျွန်း ကျေး ရွာနှစ်ရွာတွင် ဇူလိုုင် ၂၃ ရက် ညနေပိုင်းက မြေနုကျွန်းမြေပိုင်ဆိုင်မှုအငြင်းပွားရာမှ ပဋိပက္ခဖြစ်ပွားပြီး စက်လှေနစ်၍ လူ ၄၀ သေဆုံး ခဲ့သည်။
ရေနံချောင်းမြို့နယ် မာန်မြေကျေးရွာ အုပ်စု ဖရဲကျွန်းကျေးရွာမှ စာသင်ကျောင်း ဖွံ့ဖြိုးရေးပိုင်မြေဟုဆိုသည့် မြေနုုကျွန်းမြေ သည် ကျမ်းကိုင်ကျွန်းကျေးရွာအုပ်စု ကန်သာ ကျေးရွာနှင့် နယ်နိမိတ်ချင်းထိစပ်တွင် တည်ရှိ သည်။ ထိုမြေပေါ်တွင် ကျမ်းကိုင်ကျွန်း ကျေး ရွာအုပ်စုမှ လူနေအိမ်များတည်ဆောက်ထား သောကြောင့် ဖရဲကျွန်းကျေးရွာနေ ဒေသခံ ၁၅၀ ခန့်က ဇူလိုုင် ၂၃ ရက် ညနေ ၃ နာရီခန့် က စက်လှေဖြင့် သွားရောက်ခဲ့ရာမှ ပဋိပက္ခ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းသို့ ပဋိ ပက္ခဖြစ်ပွားသောကြောင့် ဖရဲကျွန်းကျေးရွာ ဒေသခံများက စက်လှေပေါ်သို့ ပြန်တက်ကြ စဉ် စက်လှေတိမ်းမှောက်၍ လူ ၃၉ ဦး ပျောက် ဆုံးခဲ့သည်။
အဆိုပါဖြစ်စဉ်ကြောင့် ပျောက်ဆုံးခဲ့သူ များအနက် ရုပ်အလောင်းပေါင်း ၂၀ ကျော် သာ ရှာဖွေတွေ့ရှိခဲ့ပြီး ကျမ်းကိုုင်ကျွန်းကျေး ရွာအုပ်စုမှ အမျိုးသားတစ်ဦးလည်း ဒဏ်ရာရ ၍ နေပြည်တော်သို့ သွားရောက်ဆေးကုသမှု ခံနေစဉ် သေဆုုံးခဲ့သည်။
အဆိုပါဖြစ်စဉ်ဖြစ်ပွားရာနေရာသိုု့ ရဲ တပ်ဖွဲ့ဝင်များ၊ တပ်မတော်တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင် များနှင့် ဒေသခံများက ပျောက်ဆုံးနေသူများ အား ရှာဖွေပေးခဲ့သည်။ ရှာဖွေတွေ့ရှိခဲ့သည့် ရုုပ်အလောင်းများအား ရေနံချောင်းမြို့နယ် ပြည်သူ့ဆေးရုံကြီးမှ တာဝန်ရှိသူများက ဖရဲကျွန်းကျေးရွာအနီး အထိ လာရောက်စစ်ဆေးပေးခဲ့ပြီး ချက်ချင်းမီးသင်္ဂြိုဟ်ခဲ့သည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ကျေးရွာနှစ်ရွာက အပြန်အလှန် အမှုဖွင့်ခြင်းများ ရှိခဲ့သည်။









