၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက် နံနက် ၅ နာရီက မာန်အောင်မြို့နယ် မာန်အောင်ကျွန်း အနောက်မြောက်ဘက် ဇီးတောကျေးရွာမှ ရေမိုင်လေးမိုင်ခန့်အကွာ လက်ဖက်ကျွန်း မီးပြတိုက်အနီး၌ ညအိပ်ရပ်နားနေသည့် ဆင်ပြောင်အမည်ရှိ ရေယာဉ်သည် ရေအောက် ကျောက်ဆောင်နှင့်တိုက်မိ၍ သင်္ဘောဝမ်းဗိုက်ပေါက်ပြီး နစ်မြုပ်သွားခဲ့ရာ မှ သေဆုံးသူ ၁၃ ဦး၊ ပျောက်ဆုံးသူ ခြောက်ဦး အထိရှိခဲ့သဖြင့် ထူးခြားဖြစ်စဉ်အဖြစ် ဖော်ပြလိုက်ရပါသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၀ ရက်တွင် မာန်အောင်မြို့နယ် မာန်အောင်ကျွန်း အ နောက်မြောက်ဘက် ဇီးတောကျေးရွာမှ ရေ မိုင်လေးမိုင်ခန့်အကွာ လက်ဖက်ကျွန်းမီးပြ တိုက်အနီး၌ အဆိုပါ မီးပြတိုက်ပြုပြင်ရန် လာရောက်သည့် ပို့ဆောင်ရေးနှင့်ဆက်သွယ် ရေးဝန်ကြီးဌာန မြန်မာ့ဆိပ်ကမ်းအာဏာ ပိုင်မှ အလျား ပေ ၁၈၀၊ အနံ ပေ ၄၀၊ ရေစူး ၁၁ ပေရှိ ‘ဆင်ပြောင်’ သင်္ဘောသည် ကျောက်ချရပ်နားခဲ့ပြီး ဖေဖော်ဝါရီ ၁၁ ရက် နံနက် ၅ နာရီတွင် လှိုင်းရိုက်ခတ်မှုကြောင့် ရေအောက် ကျောက်ဆောင်နှင့်တိုက်မိ၍ သင်္ဘောဝမ်း ဗိုက်ပေါက်ပြီး နစ်မြုပ်သွားခဲ့ခြင်းဖြစ်သည်။
ရေယာဉ်အတွင်းသို့ ရေများ အလုံးအရင်းဖြင့် ဝင်လာသည့်အတွက် ရေစုပ်ထုတ်ရန် ကြိုးစားနေစဉ် နာရီဝက်ခန့်အချိန်အတွင်း ဝဲဘက်သို့စောင်းပြီး နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရသည်။
နစ်မြုပ်ဆင်ပြောင်ရေယာဉ်မှ ပျောက်ဆုံးနေသူများအနက် နောက်ဆုံးတစ်ဦး၏အလောင်းအား မတ် ၂ ရက် နံနက်ပိုင်းက မာန်အောင်မြို့နယ် ကမားကျေးရွာအုပ်စု ကမားကျေးရွာပင်လယ်ကမ်းစပ်၌ ထပ်မံ တွေ့ရှိခဲ့သည်။ ယင်းနောက်ပိုင်းတွင် နစ်မြုပ် ဆင်ပြောင်ရေယာဉ်မှ အသက်ရှင်လျက်ကယ် ဆယ်ရရှိထားသူ ခုနစ်ဦးနှင့် သေဆုံးသူ ၁၃ ဦး၊ ပျောက်ဆုံးနေသူ ခြောက်ဦးရှိခဲ့သည်။
ဆင်ပြောင်ရေယာဉ်သည် ၁၉၅၉ ခုနှစ် တွင် ဟောင်ကောင် ပစိဖိတ်အိုင်လန်တွင် တည်ဆောက်ခဲ့ပြီး အလျား ၁၉၄ ပေ၊ အနံ ၃၉ ပေ၊ ရေစူး ၁၁ ပေရှိကာ တစ်နာရီလျှင် ရေမိုင်ခုနစ်မိုင် ခုတ်မောင်းနိုင်ကာ တန်ချိန် ၇၄၂ ဒသမ ၂၀၁၈ တန်ရှိကြောင်း သိရသည်။
ဆင်ပြောင်ရေယာဉ် နစ်မြုပ်မှုသတင်း အရ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အထွေထွေ မန်နေဂျာနှင့် တာဝန်ရှိသူများ၊ ပြင်ပရေငုပ် လုပ်ငန်းအဖွဲ့ဝင်များ၊ တပ်မတော် (ရေ) မှ ဆေးဘက်ဆိုင်ရာအဖွဲ့နှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးဦးစီးသည့် ရှာဖွေကယ်ဆယ် ရေးအဖွဲ့များက ရှာဖွေကယ်ဆယ်ရေးလုပ် ငန်းများလုပ်ဆောင်ခဲ့ကြောင်းနှင့် တပ်မတော် (ရေ) မှ စစ်ရေယာဉ်နှစ်စင်းရောက်ရှိလာပြီး ကျွန်းအပြင်တွင် ကျောက်ချကာအသက်ကယ် လှေဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။









