ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်တွင် ခရီးသည် ၁၁ ဦးသေဆုံးပြီး ၂၅ ဦးဒဏ်ရာရရှိခဲ့သော ကလေး-ရန်ကုန် ခရီးသည်တင် မှန်လုံယာဉ်တိမ်းမှောက်မှု

ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်တွင် ခရီးသည် ၁၁ ဦးသေဆုံးပြီး ၂၅ ဦးဒဏ်ရာရရှိခဲ့သော ကလေး-ရန်ကုန် ခရီးသည်တင် မှန်လုံယာဉ်တိမ်းမှောက်မှု
အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၇၇ မိုင်အနီးတွင် ၂၀၁၉ ခုနှစ် မတ် ၅ ရက် နံနက် ၆ နာရီခန့်က ကလေး-ရန်ကုန် ခရီးသည်တင်မှန်လုံယာဉ်တစ်စီး တိမ်းမှောက်ခဲ့စဉ်
အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၇၇ မိုင်အနီးတွင် ၂၀၁၉ ခုနှစ် မတ် ၅ ရက် နံနက် ၆ နာရီခန့်က ကလေး-ရန်ကုန် ခရီးသည်တင်မှန်လုံယာဉ်တစ်စီး တိမ်းမှောက်ခဲ့စဉ်
Published 31 December 2019

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ် တွင် ယာဉ်မတော်တဆမှုများကြောင့် လူသေဆုံး ထိခိုက်မှုများ မကြာခဏဖြစ်ပွားလျက်ရှိရာ ယခု ၂၀၁၉ ခုနှစ်အတွင်း၌ အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၇၇ မိုင်အနီးတွင် ကလေးမြို့မှ ရန်ကုန်မြို့သို့ပြေးဆွဲနေသော  HIGHT CLASS ခရီးသည်တင် မှန်လုံယာဉ်တစ်စီး တိမ်းမှောက်ရာမှ သံဃာလေးပါးအပါအဝင် ခရီးသည် ၁၁ ဦးသေဆုံးခဲ့ပြီး ခရီးသည်၂၅ ဦး  ထိခိုက်ဒဏ်ရာရရှိခဲ့သော ယာဉ်မတော်တဆမှုဖြစ်စဉ်မှာလည်း ပြည်သူများအကြား ထင် ရှားသောဖြစ်စဉ်တစ်ခုအဖြစ် ပါဝင်ခဲ့သည်။

အဆိုပါဖြစ်စဉ်မှာ ၂၀၁၉ ခုနှစ် မတ် ၅ ရက် နံနက် ၆ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကလေးမြို့မှ ရန်ကုန်မြို့သို့ပြေးဆွဲနေသော  HIGHT CLASS ခရီးသည်တင်မှန်လုံယာဉ် တစ်စီးမှာ ယာဉ်ပေါ်တွင် သံဃာငါးပါးအပါ အဝင် ခရီးသည် ၄၂ ဦး လိုက်ပါစီးနင်းလျက် ယာဉ်မောင်း ဦးဝင်းထွန်း (၃၈ နှစ်) နယ်မြေ (၂) ကလေးမြို့နေသူမောင်းနှင်လာစဉ် အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၇၇ မိုင် ၃ ဖာလုံနှင့် ၄ ဖာလုံအကြားသို့အရောက်၌ မော်တော် ယာဉ်၏ ယာဘက်ဘီးပေါက်ရာမှ အရှိန်မထိန်း နိုင်ဘဲ လမ်းမကြီးဘေး မြေသားလမ်းတွင် တစောင်းအနေအထားဖြင့် တိမ်းမှောက်သွားခဲ့ ခြင်းဖြစ်သည်။ ထိုသို့တိမ်းမှောက်ရာမှ ယာဉ် ပေါ်လိုက်ပါသူ ခရီးသည် ၄၂ ဦးအနက် သံဃာ လေးပါးအပါအဝင် ခရီးသည် ၁၁ ဦးသေဆုံး ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၂၅ ဦးခန့်ရှိခဲ့သည်။ ထိခိုက်ဒဏ်ရာရရှိသူ ၂၅ ဦးတို့အား နီးစပ်ရာ ဒိုက်ဦးမြို့နယ်ဆေးရုံနှင့် မြို့ချောင်းဆေးရုံ များသို့ လွှဲပြောင်းကုသပေးခဲ့သော်လည်း သုံး ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် ရန်ကုန်ဆေးရုံ ကြီးသို့ ထပ်မံလွှဲပြောင်းကုသပေးခဲ့ရကြောင်း သိရသည်။

အဆိုပါ ယာဉ်မတော်တဆ ဖြစ်စဉ်နှင့် ပတ်သက်ပြီး HIGHT CLASS ခရီးသည်တင် မှန်လုံယာဉ်မောင်း ကိုဝင်းထွန်းအား အုတ်ရှစ်ကုန်းအမြန်လမ်းမကြီးရဲစခန်းမှ ယာဉ် (ပ) ၆/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄- (က)/ ၃၃၈/  ၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ယာဉ်မတော်တဆမှုများ မကြာခဏ ဖြစ်ပွားလျက်ရှိရာ ယခု ၂၀၁၉ ခုနှစ်အတွင်း၌ ဇန်နဝါရီမှ နိုဝင်ဘာလကုန်အထိ ၁၁ လတာ ကာလအတွင်း ယာဉ်မတော်တဆမှုပေါင်း ၄၇၉ ကြိမ်ဖြစ်ပွား၍ ယာဉ်မတော်တဆမှုများကြောင့် သေဆုံးသူ ၉၈ ဦးနှင့် ထိခိုက်ဒဏ်ရာ ရရှိသူ ၉၂၅ ဦးအထိရှိခဲ့ပြီး တစ်လပျမ်းမျှ ယာဉ်မတော်တဆမှု ၄၃ မှု၊ တစ်လပျမ်းမျှ လူသေဆုံးမှု ကိုးဦးနှင့် တစ်လ ပျမ်းမျှထိခိုက် ဒဏ်ရာရရှိသူ ၈၄ ဦးအထိရှိခဲ့ကြောင်း အမြန် လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး၏ မှတ်တမ်းများ အရ သိရသည်။

အမြန်လမ်းတွင် လစဉ် ယာဉ်မတော်တဆမှုများ လူသေဆုံးထိခိုက်မှုများ ဖြစ်ပွားခြင်းကြောင့် ယာဉ်မောင်းများ သတိပြုမောင်း နှင်ရန်အတွက် မိုင်တိုင် ၁၆၊ ၅၃၊ ၇၉၊ ၈၅၊ ၁၄၂၊ ၁၄၇၊ ၁၅၃၊ ၁၇၀၊ ၃၁၄၊၁၉၅၊ ၂၁၈၊ ၂၄၃၊ ၃၂၂၊ ၃၂၇၊ ၃၄၁၊ ၃၅၂ တို့မှာ အမြန် လမ်းတစ်လျှောက် ယာဉ်မတော်တဆမှုဖြစ်ပွားလေ့ရှိသော မိုင်တိုင်အမှတ်များဖြစ်ပြီး လမ်းမကြီးအနေအထားအရ အရှိန်လျှော့ပြီး သတိပြုမောင်းနှင်သင့်သော မိုင်တိုင်များမှာ မိုင်တိုင် ၁၅၊ ၅၈၊ ၅၉၊ ၆၉၊ ၇၁၊ ၈၂၊ ၈၅၊ ၁၁၃၊ ၁၄၆၊ ၁၄၉၊ ၁၇၂၊ ၁၇၄၊၂၃၃၊ ၃၂၅ တို့ဖြစ် ကြောင်း နေပြည်တော်အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတိပေးထုတ်ပြန်ထား ကြောင်း သိရသည်။

 

Most Read

Most Recent