ကန့်ကွက်ဝေဖန်မှုမြင့် မားခဲ့သော International Paper အတုများဖြင့် ရာထူးတိုးပြောင်း လျှောက်လွှာများ

ကန့်ကွက်ဝေဖန်မှုမြင့် မားခဲ့သော International Paper အတုများဖြင့် ရာထူးတိုးပြောင်း လျှောက်လွှာများ
အောက်တိုဘာ ၂၅ ရက်က နေပြည်တော် ပညာရေးဝန်ကြီးဌာနတွင် ရာထူးတိုးပြောင်းလျှောက်ထားသူများ၏ သူတေသနစာတမ်း Paper များ စစ်ဆေးနေသည်ကို တွေ့ရစဉ်
အောက်တိုဘာ ၂၅ ရက်က နေပြည်တော် ပညာရေးဝန်ကြီးဌာနတွင် ရာထူးတိုးပြောင်းလျှောက်ထားသူများ၏ သူတေသနစာတမ်း Paper များ စစ်ဆေးနေသည်ကို တွေ့ရစဉ်
Published 31 December 2019
မျိုးထက်ပိုင်

International Paper အတုများဖြင့် ရာထူးတိုးပြောင်း လျှောက်ထားမှုများကို ပညာရေးဝန်ကြီးဌာနက ခွင့်ပြုပေးခဲ့သည့်အပေါ် တက္ကသိုလ်အသီးသီးမှ ဆရာ ဆရာမများက ကန့်ကွက်မှုသည်လည်း ၂၀၁၉ ခုနှစ် အတွင်း ထင်ရှားကျော်ကြားဖြစ်စဉ်တစ်ခုဖြစ် ခဲ့သည်။

နေပြည်တော် ပညာရေးဝန်ကြီးဌာန တွင် တက္ကသိုလ်အသီးသီးရှိ ဘာသာရပ်အသီးသီးမှ ဆရာဆရာမ အင်အား ၅ဝဝကျော်ဖြင့် ရာထူးတိုးပြောင်းမှုအတွက် သုတေသန စာတမ်းစစ်ဆေးမှုများကို အောက်တိုဘာ ၂၄ ရက်မှ အောက်တိုဘာ ၂၆ ရက်အထိ ပြုလုပ် ခဲ့သည်။

ထိုသို့ ၀ိဇ္ဇာ/သိပ္ပံတက္ကသိုလ်များရှိ သင် ကြားရေး ဆရာဆရာမများ၏ သုတေသန စာတမ်းများကို စစ်ဆေးရာ Paper အတု  တစ်ထောင်ကျော် စိစစ်တွေ့ရှိထားပြီး တစ်ဦးတည်း Paper အတု ၂၀ ကျော်အထိ တင်ထား မှုများ ရှိခဲ့သည်။

သုတေသနစာတမ်း Paper နှစ်သောင်းခန့်တွင် ကိုယ်တိုင်ရေးထားသည့် Paper အစစ်မဟုတ်ဘဲ နိုင်ငံခြား  Website များမှ ဝယ်ယူထားသည့် Paper အတုများ ပါဝင်နေကြောင်း၊ အဆိုပါ PAPER များကို နိုင်ငံတကာ တွင်လည်း အတုအဖြစ်သတ်မှတ်ထားသည့် Paper များဖြစ်ကြောင်း သိရသည်။

ရာထူးတိုးပြောင်း လျှောက်ထားမှု သုတေသနစာတမ်း Paper အတုပြုလုပ်သူများထဲတွင် တွဲဖက်ပါမောက္ခရာထူးမှ ပါမောက္ခရာထူးသို့  ရာထူးတိုးပြောင်းလျှောက်ထားသူများတွင် အများဆုံး တွေ့ရကြောင်း သိရသည်။

အဆိုပါသုတေသနစာတမ်းများကို Computer မှတစ်ဆင့် Online ရှိ Website များတွင် စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း၊ Paper အတုများမှာ သိပ္ပံတွဲများတွင် အများဆုံး တွေ့ရှိရပြီး အချို့မှာ တစ်ဦးလျှင် မြန်မာ ကျပ်ငွေ ရှစ်သိန်းခန့်အထိ Paper အတုများ ဝယ်ယူမှုများရှိခဲ့သည်။

ရာထူးတိုးပြောင်းရေးအတွက် သုတေသနစာတမ်း International  Paper များ တင်ရာတွင် Paper တစ်စောင်တည်းကို မိတ္တူ သုံးစုံကူးပြီး တင်သူအရေအတွက် ၅၀ ကျော် တွေ့ရှိရကြောင်း၊ Paper အစောင်ရေ ၂၀ ရှိ သူများကို စစ်ဆေးရာ Paper အစစ် သုံးစောင်သာရှိသည်ကို တွေ့ရှိရသည်။

 

သုတေသနစာတမ်း Paper အတုများဖြင့် ရာထူးတိုးပြောင်း တင်ထားသူများကို ပြင်းထန်စွာသတိပေးခြင်း

ရာထူးပြန်လျှော့ခြင်း၊ နယ်များသို့ပို့ခြင်း၊ ရာထူးတိုးတစ်နှစ် သို့မဟုတ် နှစ်နှစ် ရပ်ဆိုင်းခြင်း၊ Black List လုပ်ပြီး မှတ်တမ်း ထားခြင်းများ စသည့်အချက်ငါးချက်ကို Paper စစ်ဆေးသူ ဆရာဆရာမများ၏ သဘောထားမှတ်ချက်ဖြင့် ပညာရေးဝန်ကြီး၊ ညွှန်ချုပ်တို့ထံ တင်ပြခဲ့သော်လည်း ယခင်နှစ်အတိုင်း ရာထူးတိုးပြောင်းမှုများ ပြုလုပ်ခဲ့ကြောင်း  Paper စစ်ဆေးရေးအဖွဲ့ခေါင်းဆောင် ဒေါက်တာထွန်းထွန်းနိုင်က ပြောကြား သည်။

အပယ်ခံရသည့် International Paper သုတေသနစာတမ်းအတုများဖြင့် ရာထူးတိုး ပြောင်းတင်ထားသူများ၏ အမည်၊ ရာထူး၊ ဌာန၊ တက္ကသိုလ်၊ အပယ်ခံရသည့် စာတမ်း အရေအတွက်စာရင်းကို သက်ဆိုင်ရာ ပါ မောက္ခချုပ်များထံ ပေးပို့ရန် စီစဉ်ခဲ့ကြောင်း သိရသည်။

ပေးပို့ရာတွင် ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ တစ်နိုင်ငံလုံးရှိ  ၀ိဇ္ဇာ/သိပ္ပံတက္ကသိုလ် များရှိ ပါမောက္ခချုပ်များထံ ပေးပို့မည်ဖြစ်ပြီး International Paper အတုတင်ထားသူ ဆရာ ဆရာမများက ပေးပို့ခြင်းမပြုရန် တားဆီးမှု များရှိနေသည်ဟု သုတေသနစာတမ်းစစ် ဆေးမှုအဖွဲ့ခေါင်းဆောင် ရန်ကုန်တက္ကသိုလ် ရူပဗေဒဌာန ကထိက ဒေါက်တာထွန်းထွန်း နိုင်က ပြောကြားသည်။

သို့သော် ရာထူးတိုးပြောင်း လျှောက်ထားရာတွင် International Paper အတုများ စိစစ်တွေ့ရှိခဲ့သော်လည်း ပုဂ္ဂိုလ်ရေးထိခိုက်မှုများ ရှိလာနိုင်သည်ဟုဆိုကာ နိုင်ငံတစ်ဝန်းရှိ ပါမောက္ခချုပ်များ၏ ကန့်ကွက်မှုကြောင့် ယခင်အတိုင်း ရာထူးတိုးပြောင်းမှုများ ပြုလုပ် ခဲ့သည်ဟု  သုတေသနစာတမ်းစစ်ဆေးမှု အဖွဲ့ခေါင်းဆောင် ဒေါက်တာထွန်းထွန်းနိုင် က ပြောကြားသည်။

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့် ပညာဦးစီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကော လိပ်၊ ကောလိပ်များ၏ စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များ ညှိနှိုင်းဆောင်ရွက်ရန် နေပြည်တော် အဆင့်မြင့်ပညာဦးစီးဌာန အစည်း အဝေးခန်းမတွင် နိုင်ငံတစ်ဝန်းရှိ ပါမောက္ခချုပ် ၁၇၁ ဦးအား ခေါ်ယူတွေ့ဆုံဆွေးနွေးခဲ့ ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် ပါမောက္ခချုပ် ၁၇၁ ဦးကပုဂ္ဂိုလ်ရေး ထိခိုက် မှုများရှိလာနိုင်သည့်အတွက် Paper များကို တရားဝင်မထုတ်ပြန်ရန် ကန့်ကွက်ခဲ့ကြောင်း၊ ထိုသို့ကန့်ကွက်ခြင်းကြောင့် အဆင့်မြင့်ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သိန်းဝင်းက  Paper စစ်သည့်စာရင်းများကို ပြဿနာတက်မည်ဆိုသည့်အတွက် တရားဝင်ထုတ်ပြန်ခြင်းမရှိခဲ့ကြောင်း သုတေသန စာတမ်းစစ်ဆေးမှု အဖွဲ့ခေါင်းဆောင်ဖြစ်သူ  ရန်ကုန်တက္ကသိုလ် ရူပဗေဒဌာန ကထိက ဒေါက်တာထွန်းထွန်းနိုင်က ပြောကြား သည်။

ထို့ပြင် အောက်တိုဘာ ၂၉ ရက်တွင် နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္က သိုလ်များမှ ရာထူးတိုးပြောင်း လျှောက်ထားသူ ဆရာဆရာမများ၏ သုတေသနစာတမ်း Paper များကို စစ်ဆေးခဲ့ပြီး Paper နှစ် သောင်းကျော်ရှိကြောင်း၊ ယင်းတက္ကသိုလ်များ တွင် Paper အတု ပိုမိုများပြားစွာ တွေ့ရှိိခဲ့ ကြောင်း သိရသည်။

မူဝါဒပိုင်းဆိုင်ရာတိကျခိုင်မာမှုမရှိ ခြင်း ကြောင့် လက်ရှိ ရာထူးတိုးအမိန့်များနှင့် အပြောင်းအရွှေ့အမိန့်များကို ပြန်လည်စိစစ်ပြီး နစ်နာခဲ့သည့် ဆရာဆရာမများကို တရားမျှတစွာ ပြန်လည်ကုစားပေးရန် ဒီဇင် ဘာ ၃ ရက်တွင် တက္ကသိုလ်ဆရာဆရာမ အသင်းများ ကိုယ်စားပြုကော်မတီ UTA က တောင်းဆိုသည်။

တက္ကသိုလ်ဆရာဆရာမများ၏ ရာထူးတိုးမြှင့်ခြင်း ကိစ္စ၊ ရွှေ့ပြောင်းခန့်ထားရေး ကိစ္စများနှင့်ပတ်သက်ပြီး မူဝါဒများချမှတ်ရာ တွင် နိုင်ငံ၏လက်ရှိအခြေအနေနှင့် ကိုက်ညီ မှုမရှိခြင်း၊ တက္ကသိုလ်ပညာရပ်အသိုင်း အဝိုင်း၏ အကျိုးကျေးဇူးထက် မူဝါဒရေးဆွဲ သူများပါဝင်သည့် ပုဂ္ဂိုလ်အချို့၏ ပုဂ္ဂလိက အကျိုးစီးပွားအပေါ် အခြေခံထားမှုများပေါ် လွင်နေခြင်း၊ တရားမျှတမှုမရှိခြင်းနှင့် ဆရာ ဆရာမအသိုင်းအဝိုင်းတွင် သွေးကွဲမှုများဖြစ် ပေါ်စေနိုင်သဖြင့် တက္ကသိုလ်ဆရာ ဆရာမ အသင်းများ ကိုယ်စားပြုကော်မတီနှင့် မိတ်ဖက်တက္ကသိုလ် ဆရာဆရာမသမဂ္ဂများက အကြိမ်ကြိမ်ကန့်ကွက်ခဲ့သော်လည်း ပညာရေးဝန်ကြီးဌာနနှင့်တက္ကသိုလ် အာဏာပိုင် များသည် ဆရာဆရာမအသိုင်းအဝိုင်း၏ အသံကို မျက်ကွယ်ပြုဆောင်ရွက်ခဲ့သည်ကို ဝမ်းနည်းဖွယ်တွေ့မြင်ခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် အကျိုးဆက်အနေဖြင့် မကြာခင် ရက်အတွင်းက အမိန့်စာထွက်ခဲ့သော ရာထူးတိုးများနှင့် ရွှေ့ပြောင်းခန့်ထားမှုများတွင် ၂၀၀၉ ခုနှစ်ခန့် ဆရာဆရာမများ၏ လက်ထောက်ကထိကမှ ကထိကရာထူးတိုးမြှင့်ပေးရာတွင် အရည်အချင်းပြည့်မီပြီး မည်သည့် ပြစ်ချက်မျှမရှိသည့် ရာထူးတိုးသင့်သူများ ပါဝင်လာမှုမရှိခြင်း၊ ၂၀၀၉ နှင့်၂၀၁၂ အလုပ် ခန့်အပ်ခံရသူချင်းအတူတူ ရာထူးတိုးကျန် ရစ်သူများမှာ ပွင့်လင်းမြင်သာမှုမရှိ၊ မညီမျှဘက်လိုက်မှုများရှိခြင်းကြောင့် ခွဲခြားဆက် ဆံခံရပြီး အလုပ်ခွင်အတွင်း အနိုင်ကျင့်ခံရနိုင် ခြင်း၊ ဖွဲ့စည်းပုံကျဉ်းမြောင်းသည့်ဌာနများတွင် တာဝန်ရှိ  ပါမောက္ခ/ဌာနမှူးအချို့သည် ၎င်းင်းတို့၏လက်ရှိနေရာ မရွှေ့ပြောင်းရရေး အတွက် အတ္တကိုရှေ့တန်းတင်၍ ဌာနဖွဲ့ စည်းပုံကို တိုးချဲ့နိုင်သည့်အခြေအနေရှိပါလျက် မတိုးချဲ့ခဲ့သည့်အတွက် အဆိုပါဌာန များတွင် တာဝန်ထမ်းဆောင်နေသည့် ဆရာ ဆရာမများသည် အရည်အချင်းပြည့်မီပါ လျက် ရာထူးတိုးမြှင့်ရေးတွင် အကြိမ်ကြိမ် ချန်လှပ်ခြင်း ခံခဲ့ရသည့်အတွက် များစွာနစ် နာနေကြရသည်ဟု ထုတ်ပြန်ချက်က ဆို သည်။

ထို့အတူ ဆရာဆရာမအချို့မှာ နစ်နာ နေကြပါသော်လည်း အချို့ဆရာဆရာမများ သည် အရည်အသွေးမမီသည့် စာတမ်းများ၊ စာတမ်းအတုများဖြင့် ရာထူးတိုးမြှင့်ရာတွင် ပါဝင်လာခဲ့သည်ကို တွေ့ရှိရသည့်အတွက် တက္ကသိုလ်ပညာရေးအသိုင်းအဝိုင်းအတွက် အရှက်ရဖွယ်ဖြစ်ကြောင်း၊ အကျိုးဆက်အနေ ဖြင့် အခြားသော ဆရာဆရာမများကိုလည်း ကျင့်ဝတ်သိက္ခာဖောက်ဖျက်ပြီး ဖြတ်လမ်း နည်းဖြင့် ရာထူးတိုးရယူရန် တိုက်တွန်းအား ပေးနေသကဲ့သို့ ဖြစ်နေသည့်အပြင် ဆရာ ဆရာမအသိုင်းအဝိုင်းတွင် သွေးကွဲစေပြီး စည်းလုံးမှုကို ပျက်ပြားစေကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

လက်ရှိဖြစ်ပေါ်နေသည့် အကြောင်း အရာများသည် ဗဟိုချုပ်ကိုင်မှုလွန်ကဲသော အမျိုးသားပညာရေးဥပဒေကို ဆက်လက်ပြင် ဆင်ကာ ကိုယ်ပိုင်လွတ်လပ်ခွင့်ရ တက္က သိုလ်များအဖြစ် အမြန်ဆုံးပြောင်းလဲပြုပြင် ရမည့်အစား ပညာရေးအာဏာပိုင်များသည် ယခင်ကအတိုင်း ပညာရေးပြုပြင်ပြောင်းလဲမှု ပြုသယောင်ယောင် ဟန်ပြအကောင်အထည် ဖော်ဆောင်ရွက်နေမှုများကြောင့် ဖြစ်သည် ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ကြောင့် မူဝါဒပိုင်းဆိုင်ရာ တိကျခိုင်မာမှုမရှိခြင်းကြောင့် လက်ရှိရာထူးတိုးအမိန့်များနှင့် အပြောင်းအရွှေ့အမိန့်များကို ပြန်လည်စိစစ်ပြီး နစ်နာခဲ့သည့် ဆရာဆရာမများ ကို တရားမျှတစွာ ပြန်လည်ကုစားပေးရန် နှင့် တက္ကသိုလ်များအား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ်များအဖြစ် အမြန်ဆုံးဖော် ဆောင်ပေးရန် တက္ကသိုလ်ဆရာဆရာမအသင်းများ ကိုယ်စားပြုကော်မတီ UTA က ထုတ်ပြန်တောင်းဆိုထားသည်။

 

 

Most Read

Most Recent