၂၀၁၉ ခုနှစ် ဇန်နဝါရီမှ ဒီဇင်ဘာ ၁၁ ရက်အထိ နိုင်ငံတစ်ဝန်းလုံးတွင် မီးလောင်ကျွမ်းမှု အကြိမ် ၂၀၃၁ ကြိမ်ဖြစ်ပွားခဲ့ပြီး မီးလောင်မှုများကြောင့် ၇၈ ဦးသေဆုံးကာ လူ ၆၀၀၀ ကျော် မီးဘေးဒုက္ခရောက်ခဲ့ရကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။ အဆိုပါမီးလောင်မှုများကြောင့် နိုင်ငံ တစ်ဝန်းတွင် အိမ်ခြေအဆောက်အအုံ ၂၇၀၀ ကျော်၊ စက်ရုံ/အလုပ်ရုံ ၂၂ ရုံ၊ ဂိုဒေါင် ၄၆ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ကျပ်သန်းပေါင်း ၂၈၀၀ ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ဆုံးရှုံးမှုကြီးမားခဲ့သော မီးလောင်မှုများအနက် စက်တင်ဘာ ၉ ရက်တွင် ဖြစ်ပွားခဲ့သည့် ဇာမဏီဖယောင်းသိုလှောင်ရုံ မီးလောင်မှုမှာ မီးသတ်ကား ထွက်ခွာငြှိမ်းသတ်ခဲ့သည့် Level -၄ အဆင့် သတ်မှတ်၍ မီးငြှိမ်းသတ်ခဲ့ရပြီး မီးသတ်သမားများ ဒဏ်ရာရရှိခဲ့သည့်အတွက် ၂၀၁၉ ခုနှစ် ၏ ထင်ရှားကျော်ကြား ကဏ္ဍတွင် ဖော်ပြအပ်ပါသည်။
စက်တင်ဘာ ၉ ရက်က ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ စက်မှု ဇုန် (၁)၊ ကွမ်းအပ်သားမင်းသားလမ်း၊ အမှတ် (၁၀) ရှိ ဇာမဏီ ဖယောင်းသိုလှောင်ရုံ အကျယ်အဝန်း (၂၀၀x၁၀၀)ပေ Steel Structure တွင် စက်တင်ဘာ ၁၀ ရက် ည ၇ နာရီတွင် မီးလောင်မှုဖြစ်ခဲ့ကြောင်း၊ မီးလောင်မှုကို မီးသတ်ကားထွက်ခွာငြှိမ်းသတ်သည့် အဆင့် Level -၄ သတ်မှတ်ကာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ သန္ဓေ မီးသတ်တပ်ဖွဲ့ဝင် ၅၉၇ ဦး၊ အရန်မီးသတ်တပ် ဖွဲ့ဝင် ၂၂၃ ဦး၊ မီးငြှိမ်းသတ်ယာဉ် ၄၉ စီး၊ ရေသယ်ယာဉ် ၂၁ စီး၊ မီးသတ်စက်ယာဉ် တစ်စီး၊ ကွပ်ကဲမှုယာဉ်ရှစ်စီး၊ လျှပ်စစ်မီး ဖြတ်တောက်ထားရသဖြင့် ဆလိုက်မီးမောင်းကြီးများ တပ်ဆင်ထားသည့် အထောက်အကူပြုယာဉ်နှင့် ဓာတုဆေးရည်တင်ယာဉ် ၂၁ စီး၊ Foam အမြှုပ်ဆေးရည် ၆၉၇ ဂါလန်၊ ရေဂါလန် ၂၅၀၀၀၀ ဖြင့် မီးငြှိမ်းသတ်ခဲ့ရ ကြောင်း၊ မီးလောင်ကျွမ်းမှုကြောင့် ဖယောင်း များ မီးအပူရှိန်ဖြင့် အရည်ပျော်ကျကာ မီး လောင်မှုဖြစ်ပွားရာ နေရာများတွင် စီးဆင်း နေသည့်အတွက် မီးငြှိမ်းသတ်နေသည့် မီး သတ်တပ်ဖွဲ့ဝင်များ၏ ဖိနပ်များအတွင်း ဝင်ရောက်ခဲ့ခြင်းကြောင့် မီးသတ်တပ်ဖွဲ့ဝင် ၁၀ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် နှစ်ဦးနှင့် အရပ် သား ငါးဦး စုစုပေါင်း ၁၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ် ၉၆ သန်းခန့်ရှိကြောင်းသိရသည်။
ထို့ပြင် ၂၀၁၉ ခုနှစ် အတွင်း နေအိမ်များ ဆုံးရှုံးခဲ့သည့် မီးလောင်မှုများနှင် ့လူသေဆုံး ခဲ့သည့် မီးလောင်မှုများမှာ ဇန်နဝါရီ ၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် စဉ့်ငူရပ်ကွက်တွင် ဖြစ်ပွားခဲ့သည့် နေအိမ်ရှိ ဖယောင်းတိုင်မီး အပူလွန်ကဲရာမှ နေအိမ်၁၇ လုံးဆုံးရှုံးခဲ့သည့် မီးလောင်မှု၊ ဇန်နဝါရီ ၃ ရက် က ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့ ဒေးဒလူ ကျေးရွာအုပ်စု ချင်ရွာတွင် ဖြစ်ပွားခဲ့သည့် ထင်း ကြပ်တင်ထားရာမှ အကာဓနိများကို မီးကူး စက်လောင်ရာမှ နေအိမ် ၁၆၄ လုံး မီးလောင် ဆုံးရှုံးခဲ့ပြီး ပြည်သူ ၆၀၀ ကျော် မီးဘေးဒုက္ခ ရောက်ခဲ့သည့် မီးလောင်မှု၊ ဇန်နဝါရီ ၂၃ ရက် က ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် လင်းလွန်းတောင်ရပ်ကွက်ရှိ ဂက်စ်အိုးယိုစိမ့် နေသည်ကိုမသိရှိဘဲ မီးမွှေးရာမှတစ်ဆင့် လူ သုံးဦးသေဆုံးခဲ့သည့် ငွေတောင်လက်ဖက် ရည် ဆိုင်မီးလောင်မှုတို့ဖြစ်သည်။
ထို့ပြင် မတ် ၄ ရက်က ဧရာဝတီတိုင်းဒေ သကြီး၊ လပွတ္တာမြို့နယ်၊ ကြိမ်ကုန်းကြီးကျေး ရွာအုပ်စုတွင် မီးဖိုမီးကြွင်း မီးကျန်မှတစ်ဆင့် နေအိမ်ခြောက်လုံးမီးလောင်ဆုံးရှုံးခဲ့ပြီး မီးဘေးသင့် ပြည်သူ ၂၄ ဦး ဖြစ်ခဲ့သည့်မီး လောင်မှုနှင့် မန္တလေးတိုင်းဒေသကြီး၊ ပျော် ဘွယ်မြို့နယ်၊ ရန်အောင်ကျေးရွာအုပ်စုတွင် ရေခဲသေတ္တာကို မီးမပိတ်ဘဲ ဖွင့်ထားရာမှ ရေခဲသေတ္တာ အပူလွန်ကဲပြီး မီးလောင်ကျွမ်း ရာမှ ဆိုင်ခန်းရှစ်ခန်း မီးလောင်ဆုံးရှုံးခဲ့ပြီး ကျပ် ၁၀ သန်းကျော်ဆုံးရှုံးခဲ့သည့် ရန်အောင် စျေးမီးလောင်မှု၊ မတ် ၉ ရက်က ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် ၁ ပန်းလှိုင် ဂေါက်ကွင်းလမ်းအနီးရှိ ဓာတ်ဆီ ဖလှယ်နေစဉ် အနီးတွင် ဝရိန်ဆော်ရာမှ တစ်ဆင့် မီးပွားထွက်ပြီး မီးကူးစက်လောင် ရာမှ ကျူးကျော်နေအိမ် ၉၄ လုံးနှင့် ပြည်သူ ၃၆၀ ဦး မီးဘေးဒုက္ခရောက်ခဲ့ရသည့် မီးလောင်မှု၊ မတ် ၁၀ ရက်က ရန်ကုန်တိုင်းဒေသ ကြီး၊ လှိုင်သာယာ ရွှေလင်ဗန်းစက်မှုဇုန်တွင် ခြင်ဆေးခွေမီးမှတစ်ဆင့် ကျပ် ၅၅ သန်းကျော် ဆုံးရှုံးခဲ့သည့် King Foam Industrial Co.,Ltd ဖိနပ်ကုန်ကြမ်းထုတ်လုပ်သည့်စက်ရုံ မီးလောင်မှု၊ ဧပြီ ၁၁ရက်က မကွေးတိုင်းဒေသကြီး ၊ သရက်မြို့နယ်၊ အနောက်ပိုင်းရပ်ကွက် ပွဲစားလမ်း၊ ဟင်းချက်ရန် ဆီအိုးတည်ထားရာ ဆီအိုးအတွင်းရှိဆီများ အပူလွန်ကဲ၍ မီးတောက်ဖြစ်ကာ မီးကူးစက်လောင်မှုကြောင့် နေအိမ် ခြောက်လုံးမီးလောင်ဆုံးရှုံးခဲ့ပြီး ၃၁ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သည့် မီးလောင်မှု၊ ဧပြီ ၂၇ ရက်က မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြေ့ သာစည်မြို့နယ်၊ ချင်းတောင်ရပ်ကွက်တွင် မီးဖိုဆောင်၌ ပေါင်းအိုးနှင့် ဒယ်အိုး တစ်ပြိုင်နက် အသုံးပြု ရာမှ ပလပ်ခုံအပူလွန်ကဲရာ၍ မီးလောင်မှု ဖြစ်ပွားခဲ့ရာ နေအိမ် ၃၂ လုံးခန့် မီးလောင်ဆုံးရှုံးမှုတို့ဖြစ်သည်
အလားတူ မေ ၈ ရက် စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့နယ်၊ ကျောက်စစ်ပုံ (မ) ကျေးရွာရှိ ကိုင်းတောမီးလောင်ရာမှ လူနေ အိမ်အလုံး ၂၀ မီးလောင်ဆုံးရှုံးခဲ့ပြီး ကြက်ခြံ ၃၄ လုံးနှင့် ကြက်အကောင်ရေ ၁၀၀၀ ကျော် မီးလောင်သေဆုံးခဲ့သည့်မီးလောင်မှု၊ မေ ၁၁ ရက်က ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ ဗျိုင်းကဖီးကျေးရွာအုပ်စု၊ ဗျိုင်းကဖီးကျေးရွာ တွင် စပါးများအချိန်ကြာမြင့်စွာ သိုလှောင်ထားရာမှ အောင်းပူဖြစ်ပြီး မီးလောင်မှု ဖြစ်ပွားရာ စပါးသိုလှောင်ရုံခြောက်ရုံနှင့် လူနေ အိမ်ခုနစ်လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ၂၅ ဦး မီးဘေးသင့်ခဲ့သည့် မီးလောင်မှု၊ သြဂုတ် ၁၁ ရက်က လှိုင်သာယာမြို့နယ် ရွှေလင်ဗန်း စက်မှုဇုန်တွင် ဟောင်းနွမ်းဆွေးမြေ့ပြီး နှစ် ကာလကြာမြင့်စွာ သုံးစွဲထားသော ၀ိုင်ယာ ကြိုးများ အပူလွန်ကဲရာမှ မီးပွားထွက်ကာ မီးလောင်မှုဖြစ်ပွားရာ အဆောက်အအုံတစ် လုံး၊ သစ်သားခုံအလုံး ၁၀၀၊ ပုစွန်ဖွဲအိတ် ၂၀၀ အိတ်နှင့် ပီနံအိတ်ခွံ ၃၀၀၀၀ လုံး မီး လောင်ဆုံးရှုံးခဲ့ပြီး ကျပ်သန်းပေါင်း ၄၆ သန်း ကျော်ဆုံးရှုံးခဲ့သည့် ထူသစ်အစာတောင့် စက်ရုံမီးလောင်မှုနှင့် နိုဝင်ဘာ ၂၇ ရက်တွင် လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန် တွင် ဆေးလိပ်မီးမှတစ်ဆင့် အဆောက်အအုံ တစ်လုံး၊ ဖော့လိပ် အလိပ် ၃၀၀၊ ဖော့ချပ် ၅၀ ချပ် မီးလောင်ဆုံးရှုံးခဲ့ပြီး စုစုပေါင်း သိန်း ၄၈၀ ကျော် ဆုံးရှုံးခဲ့ရသည့် Yuan Hing အသက်အကျႌထုတ်လုပ်သည့် စက်ရုံမီးလောင်မှုတို့ဖြစ်သည်။









