တောင်ကလေး ကရင်ရိုးရာနှစ်သစ်ကူးပွဲအထိမ်းအမှတ် မြန်မာ-ထိုင်း ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲတွင် စိုးလင်းဦး၊စောဘဦးနှင့် ရဲသွေးနီတို့ ပါဝင်ထိုးသတ်မည်

တောင်ကလေး ကရင်ရိုးရာနှစ်သစ်ကူးပွဲအထိမ်းအမှတ် မြန်မာ-ထိုင်း ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲတွင် စိုးလင်းဦး၊စောဘဦးနှင့် ရဲသွေးနီတို့ ပါဝင်ထိုးသတ်မည်
Photo: EMG
Photo: EMG
Published 22 December 2019

ဒီဇင်ဘာ ၂၉  ရက်တွင် ထိုးသတ်ရမည့် အထူးစိန်ခေါ်တွဲ ဆိုင်းများတွင်  ခေါင်ပွဲအဖြစ် စိုးလင်းဦး (မြန်မာ) နှင့် ပကော(ထိုင်း) တို့ ထိုးသတ်ကြမည်ဖြစ်ပြီး ဒု-ခေါင်ပွဲအဖြစ် ရဲသွေးနီ (တောင်ကလေး) နှင့် စန်းလီယန်(ထိုင်း)၊ စောဒါ၀ိတ်နှင့်စောမင်းမင်းတို့၏ တွဲဆိုင်းများအပြင် အခြားပြည်တွင်းမှ မကျေပွဲများကိုလည်း ပြန်လည်တွဲဖက်ထားသော တွဲဆိုင်းအမြောက်အမြားဖြင့် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

ကရင်ပြည်နယ် တောင်ကလေးတွင် ၂၈ ကြိမ်မြောက်ကျင်းပမည့် ကရင်ရိုးရာ နှစ်သစ်ကူး အထိမ်းအမှတ် ရိုးရာလက်ဝှေ့စိန်ခေါ် ပွဲတွင် မြန်မာနှင့်ထိုင်းလက်ဝှေ့စိန်ခေါ်တွဲဆိုင်းများထည့်သွင်းထားပြီး စိုးလင်းဦး၊စောဘ ဦးနှင့် ရဲသွေးနီတို့ ပါဝင်ထိုးသတ်သွားမည် ဖြစ်ကြောင်း သိရသည်။

တောင်ကလေး ဖလုံပညာ့တဝေါင်၌ ကျင်းပမည့်လက်ဝှေ့ပွဲစဉ်ကို သုံးရက်တိုင် တိုင်ကျင်းပသွားမည်ဖြစ်ပြီး တွဲဆိုင်းစုစုပေါင်း ၃၉ ဆိုင်းထည့်သွင်းကျင်းပသွားမည် ဖြစ်သည်။ ကြားပွဲစိန်ခေါ်ပွဲတွဲဆိုင်းများ

အပြင် အောင်လံလုပွဲများကိုလည်း ထည့်သွင်းထားကြောင်း သိရသည်။ တောင်ကလေး ဖလုံပညာ့တဝေါင် ကရင်အမျိုးသား နှစ်သစ်ကူးအထိမ်းအမှတ် မြန်မာ့ရိုးရာလက်ဝှေ့စိန် ခေါ်ပွဲစဉ်များကို ဒီဇင်ဘာ ၂၇၊ ၂၈၊ ၂၉ ရက်များတွင် ကျင်းပမည်ဖြစ်ပြီး ဒီဇင်ဘာ ၂၇ ရက် အထူးစိန်ခေါ်တွဲဆိုင်းများတွင်  မင်းမောင်မောင် (မြန်မာ) နှင့် တခွန်းဆင် (ထိုင်း) တို့၏ တွဲဆိုင်းအပါအဝင် ပြည်တွင်း စိန်ခေါ် တွဲဆိုင်းများ ထိုးသတ်ကြမည်ဖြစ်သည်။

ဒီဇင်ဘာ ၂၈ ရက် တွဲဆိုင်းများတွင် အထူး စိန်ခေါ်ပွဲတွဲဆိုင်းအဖြစ် စောဘဦး (မြန်မာ)နှင့် တိုတို့ (ထိုင်း)၊ စောမင်းအောင် (မြန်မာ)နှင့် ဖါ့မီချိုင်း (ထိုင်း) တို့၏တွဲဆိုင်းအပြင် အခြားပြည်တွင်းတွဲဆိုင်းများကို ထည့်သွင်း ထားပြီး အမျိုးသမီး လေးချီစိန်ခေါ်ပွဲစဉ် နှစ်ပွဲကိုလည်း ထည့်သွင်းထားကြောင်း သိရသည်။

ဒီဇင်ဘာ ၂၉  ရက်တွင် ထိုးသတ်ရမည့် အထူးစိန်ခေါ်တွဲ ဆိုင်းများတွင်  ခေါင်ပွဲအဖြစ် စိုးလင်းဦး (မြန်မာ) နှင့် ပကော(ထိုင်း) တို့ ထိုးသတ်ကြမည်ဖြစ်ပြီး ဒု-ခေါင်ပွဲအဖြစ် ရဲသွေးနီ (တောင်ကလေး) နှင့် စန်းလီယန်(ထိုင်း)၊ စောဒါ၀ိတ်နှင့်စောမင်းမင်းတို့၏ တွဲဆိုင်းများအပြင် အခြားပြည်တွင်းမှ မကျေပွဲများကိုလည်း ပြန်လည်တွဲဖက်ထားသော တွဲဆိုင်းအမြောက်အမြားဖြင့် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ကြားပွဲများနှင့် လေးချီ၊ သုံးချီ အထူးစိန်ခေါ်တွဲဆိုင်းများကိုလည်း ထည့်သွင်းသွားမည်ဖြစ်ပြီး အောင်လံလုပွဲများကို ဒီဇင်ဘာ ၂၇ ရက်တွင် ထိုး သတ်ကြမည်ဖြစ်ကြောင်း သိရသည်။

ယခုပွဲစဉ်တွင်ခေါင်ပွဲအဖြစ် ထိုးသတ်မည့် စိုးလင်းဦး (ဒို့ရိုးရာ) သည် ၂၀၂၀  ပြည့် နှစ် ဇန်နဝါရီ ၁၉ ရက်တွင် ကျင်းပမည့် ဝင်းစိန်တောရ ဆရာတော် မွေးနေ့အထိမ်းအမှတ် သုံးနိုင်ငံ ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ တွင် မွေထိုင်းလက်ဝှေ့သမားနှင့် ယှဉ်ပြိုင်ထိုးသတ်ရန် သဘောတူညီထားသူဖြစ်ကြောင်း သိရသည်။

              ပါဝင်သည့် တွဲဆိုင်းအချို့

(၂၇-၁၂-၁၉)

    မင်းမောင်မောင်(မြန်မာ)    -    တခွန်းဆင်(ထိုင်း)

    ရန်နိုင်အောင်                   -    စောစေးဝါး

    အောင်နေထူး                  -    မိုးထက်အောင်

(၂၈-၁၂-၁၉)

    စောဘဦး(မြန်မာ)            -    တိုတို့(ထိုင်း)

    စောမင်းအောင်(မြန်မာ)    -    ဖါ့မီးချိုင်း(ထိုင်း)

    လှလေးစိန်                     -    အောင်အောင်ထူး

(၂၉-၁၂-၁၉)

    စိုးလင်းဦး(မြန်မာ)          -    ပကော(ထိုင်း)

    ရဲသွေးနီ(မြန်မာ)             -    စိန်းလီယန်း(ထိုင်း)

    စောဒါ၀ိတ်                   -    စောမင်းမင်း

    စောလှမင်း                    -    ကျော်စွာဝင်း

 

 

Most Read

Most Recent