အထူးကုန်စည်ခွန် ထမ်းဆောင်သော နိုင်ငံခြားကုမ္ပဏီများ စာရင်းတွင် ကျပ်ဘီလျံ ၁၀၀ ကျော်ဖြင့် Myanmar Brewery နှင့် Virginia Tobacco၊ ပြည်တွင်းကုမ္ပဏီများ စာရင်းတွင် ကျပ်သန်း ၃၀၀၀၀ အထက်ဖြင့် Dagon Beverages က ဦးဆောင်

အထူးကုန်စည်ခွန် ထမ်းဆောင်သော နိုင်ငံခြားကုမ္ပဏီများ စာရင်းတွင် ကျပ်ဘီလျံ ၁၀၀ ကျော်ဖြင့် Myanmar Brewery နှင့် Virginia Tobacco၊ ပြည်တွင်းကုမ္ပဏီများ စာရင်းတွင် ကျပ်သန်း ၃၀၀၀၀ အထက်ဖြင့် Dagon Beverages က ဦးဆောင်
Published 3 December 2019

၂၀၁၈-၂၀၁၉ စည်းကြပ်နှစ်အတွက် အထူးကုန်စည်ခွန် ထမ်းဆောင်သော နိုင်ငံခြားကုမ္ပဏီများ စာရင်းတွင် ကျပ်ဘီလျံ ၁၀၀ ကျော်ဖြင့်  Myanmar Brewery နှင့် Virginia Tobacco၊ ပြည်တွင်းကုမ္ပဏီများ စာရင်းတွင် ကျပ်သန်း ၃၀၀၀၀ အထက်ဖြင့် Dagon Beverages က ဦးဆောင်ခဲ့ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနက ထုတ်ပြန်သော အခွန်ထမ်းဆောင်မှု ပမာဏစာရင်းအရ သိရသည်။

၂၀၁၈-၂၀၁၉ စည်းကြပ်နှစ်အတွက် အထူးကုန်စည်ခွန် အများဆုံး ထမ်းဆောင်သည့် ပုဂ္ဂလိကပိုင် နိုင်ငံခြားကုမ္ပဏီ/လုပ်ငန်းရှင် ရှစ်ဦးစာရင်းကို ပြည်တွင်းအခွန်များ ဦးစီးဌာနက ထုတ်ပြန်ထားသည်။

ယခုစည်းကြပ်နှစ်အတွက် အထူးကုန်စည်ခွန် အများဆုံး ပေးဆောင်သူများစာရင်း၌ ထိပ်ဆုံးရှစ်ဦးတွင် ပါဝင်သည့် နိုင်ငံခြား လုပ်ငန်းများမှာ ကျပ်သန်း ၁၀၀၀၀၀ အထက်တွင် Myanmar Brewery Ltd၊ Virginia Tobacco Co.,Ltd၊ ကျပ်သန်း ၈၀၀၀၀ အထက်တွင် Grand Royal Group International Co.,Ltd၊ ကျပ်သန်း ၂၀၀၀၀ အထက်တွင် Heineken Myanmar Ltd၊ Myanmar Carlsberg Co.,Ltd၊ Myanmar Japan Tobacco Co.,Ltd၊ ကျပ်သန်း ၅၀၀၀ အောက်တွင် Myanmar Vineyard Estate Co.,Ltd တို့ဖြစ်သည်။

၂၀၁၈-၂၀၁၉ စည်းကြပ်နှစ်အတွက် အထူးကုန်စည်ခွန် အများဆုံး ထမ်းဆောင်သည့် ပုဂ္ဂလိကပိုင် ပြည်တွင်းကုမ္ပဏီ/လုပ်ငန်းရှင် ၁၀၀ ဦးစာရင်းကို ပြည်တွင်းအခွန်များ ဦးစီးဌာနက ထုတ်ပြန်ထားသည်။ ယခုစည်းကြပ်နှစ်အတွက် အထူးကုန်စည်ခွန် အများဆုံး ပေးဆောင်သူများ စာရင်း၌ ထိပ်ဆုံး ၁၀ ဦးတွင် ပါဝင်သည့် ပြည်တွင်းလုပ်ငန်းများမှာ ကျပ်သန်း ၃၀၀၀၀ အထက်တွင် Dagon Beverages Co.,Ltd၊ ကျပ်သန်း ၁၀၀၀၀ အထက်တွင် Royal Club Beverages Co.,Ltd၊ ကျပ်သန်း ၁၀၀၀၀ အောက်တွင် SMM Shwe Myanmar Beverages၊ ဦးတင်ဝင်း အရက်ချက်စက်ရုံ၊ ကျပ်သန်း ၅၀၀၀ အောက်တွင် Golden Oriental Leaf Co.,Ltd၊ Victory Myanmar Group Co.,Ltd၊ Central Manufacturing Co.,Ltd၊ Asia Beverages Co.,Ltd၊ ကျပ်သန်း ၃၀၀၀ အောက်တွင် Linn Lett Win Yadanar Gems Co,.Ltd၊ Treasure Star Co.,Ltd တို့ဖြစ်သည်။

အထူးကုန်စည်ခွန် အများဆုံး ပေးဆောင်သူများ စာရင်း၌ ထိပ်ဆုံး ၁၀ ဦးတွင် ပါဝင်သည့် ပြည်တွင်း လုပ်ငန်းများတွင် ကုန်ထုတ်လုပ်မှု လုပ်ငန်းကိုးခုနှင့် ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်းတစ်ခု ပါဝင်ခြင်းဖြစ်သည်။

 

Most Read

Most Recent