ပြည်တွင်းကုမ္ပဏီများ အခွန်ထမ်းစာရင်းတွင် ကုန်သွယ်လုပ်ငန်းခွန် ကျပ်သန်း ၄၀၀၀၀ အထက်ဖြင့် Denko Trading၊ ဝင်ငွေခွန် ကျပ်သန်း ၂၀၀၀၀ အထက်ဖြင့် Europe & Asia Commercial နှင့် Myanma Economic Holdings Public Co., Ltd တို့ ဦးဆောင်

ပြည်တွင်းကုမ္ပဏီများ အခွန်ထမ်းစာရင်းတွင် ကုန်သွယ်လုပ်ငန်းခွန် ကျပ်သန်း ၄၀၀၀၀ အထက်ဖြင့် Denko Trading၊ ဝင်ငွေခွန် ကျပ်သန်း ၂၀၀၀၀ အထက်ဖြင့် Europe & Asia Commercial နှင့် Myanma Economic Holdings Public Co., Ltd တို့ ဦးဆောင်
Published 3 December 2019
စည်သူအောင်

၂၀၁၈-၂၀၁၉ စည်းကြပ်နှစ်အတွက် ဝင်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် အများဆုံးပေးဆောင်သည့် ပြည်တွင်း ကုမ္ပဏီ/လုပ်ငန်းရှင်များ စာရင်းတွင် ကုန်သွယ်လုပ်ငန်းခွန် ကျပ်သန်း ၄၀၀၀၀ အထက်ဖြင့် Denko Trading၊ ဝင်ငွေခွန် ကျပ်သန်း ၂၀၀၀၀ အထက်ဖြင့် Europe & Asia Commercial နှင့် Myanma Economic Holdings Public Co., Ltd တို့ ဦးဆောင်ခဲ့ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနက ထုတ်ပြန်သော အခွန်ထမ်းဆောင်မှု ပမာဏ စာရင်းအရ သိရသည်။

ယခုစည်းကြပ်နှစ်အတွက် ဝင်ငွေခွန် အများဆုံး ပေးဆောင်သူများ စာရင်း၌ ထိပ်ဆုံး ၁၀ ဦးတွင်ပါဝင်သည့် လုပ်ငန်းများမှာ ကျပ်သန်း ၂၀၀၀၀ အထက်တွင် Europe & Asia Commercial Co.,Ltd နှင့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၊ ကျပ်သန်း ၁၀၀၀၀ အထက်တွင် E-Lan Co.,Ltd၊ ကျပ်သန်း ၁၀၀၀၀ အောက်၌ International Beverages Trading Co.,Ltd၊ Myawaddy Bank Ltd၊ Co-Operative Bank Public Co.,Ltd၊ Kanbawza Bank Ltd၊ Myanmar Winery & Distillery Co.,Ltd၊ Ayarwaddy Bank Ltd၊ Denko Trading Co.,Ltd တို့ဖြစ်ပြီး ထိပ်သီးဝင်ငွေ ခွန်ထမ်းဆောင်သူများစာရင်း ၁၀ ဦးတွင် အခြေပစ္စည်းမှ မြတ်စွန်းငွေကြောင့် အခွန်ထမ်း ကုမ္ပဏီသုံးခု၊ ဘဏ်လုပ်ငန်းလေးခု၊ ကုန်ထုတ်လုပ်ငန်း တစ်ခု၊ ကုန်သွယ်ရေးလုပ်ငန်းနှစ်ခု ပါဝင်ခဲ့သည်။

ထို့အတူ ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ပေးဆောင်သူများစာရင်း၌ ထိပ်ဆုံး ၁၀ ဦးတွင် ပါဝင်သည့် လုပ်ငန်းများမှာ ကျပ်သန်း ၄၀၀၀၀ အထက်တွင် Denko Trading Co.,Ltd၊ ကျပ်သန်း ၃၀၀၀၀ အောက်တွင် KyawSan Co.,Ltd၊ PT Power Trading Co.,Ltd၊ ကျပ်သန်း ၂၀၀၀၀ အောက်တွင် City Mart Holding Co.,Ltd၊ Asia Energy Co.,Ltd၊ International Beverages Trading Co.,Ltd၊ Shwe Bayin Phyu Co.,Ltd၊ Heyday Energy Trading Co.,Ltd၊ ကျပ်သန်း ၁၀၀၀၀ အောက်တွင် Max Energy Co.,Ltd၊ Iluvia Ltd တို့ဖြစ်ပြီး ထိပ်သီးကုန်သွယ်လုပ်ငန်းခွန် ထမ်းဆောင်သူ ၁၀ ဦးစာရင်းတွင် ကုန်သွယ်ရေးလုပ်ငန်း ကိုးခုနှင့် ကုန်ထုတ်လုပ်ငန်း တစ်ခုတို့ ပါဝင်ခဲ့သည်။

ဝင်ငွေခွန် အများဆုံး ပေးဆောင်သူများစာရင်း ၁၀၀၀ ဦး၌ ကဏ္ဍအလိုက် အခွန်အများဆုံး ပေးသွင်းသူများမှာ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် Myanma Economic Holdings Public Co.,Ltd (ကျပ်သန်း ၂၀၀၀၀ အထက်)၊ ကုန်သွယ်ရေးလုပ်ငန်း ကဏ္ဍတွင် Interantional Beverages Trading Co.,Ltd (ကျပ်သန်း ၁၀၀၀၀ အောက်)၊ ဘဏ်လုပ်ငန်း ကဏ္ဍတွင် Myawaddy Bank (ကျပ်သန်း ၁၀၀၀၀ အောက်)၊ ဆောက်လုပ်ရေး ကဏ္ဍတွင် Shwe Taung Development Co.,Ltd (ကျပ်သန်း ၅၀၀၀ အောက်)၊ ကျောက်မျက်ကဏ္ဍတွင် Jade King & Queen Gem & Jewellery Co.,Ltd (ကျပ်သန်း ၅၀၀၀ အောက်)၊ အာမခံလုပ်ငန်း ကဏ္ဍတွင် IKBZ Insurance Co.,Ltd (ကျပ်သန်း ၃၀၀၀ အောက်)၊ ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍတွင်Asia World Port Management Co.,Ltd (ကျပ်သန်း ၃၀၀၀ အောက်) စသည်တို့ဖြစ်ကြောင်း သိရသည်။

ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ပေးဆောင်သူများစာရင်း ၁၀၀၀ ဦး၌ ကဏ္ဍအလိုက် အခွန်အများဆုံး ပေးသွင်းသူများမှာ ကုန်သွယ်ရေးကဏ္ဍတွင် Denko Trading Co.,Ltd (ကျပ်သန်း ၄၀၀၀၀ အထက်)၊ ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် ILuvia Ltd (ကျပ်သန်း  ၁၀၀၀၀ အောက်)၊ ဆောက်လုပ်ရေးကဏ္ဍတွင် Shwe Taung Development Co.,Ltd (ကျပ်သန်း ၁၀၀၀၀ အောက်)၊ ဝန်ဆောင်မှု ကဏ္ဍတွင် Shwe Than Lwin Media Co.,Ltd (ကျပ် ၅၀၀၀ အောက်) စသည်တို့ဖြစ်ကြောင်း သိရသည်။

၂၀၁၈-၂၀၁၉ စည်းကြပ်နှစ်အတွက် ဝင်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ပေးဆောင်သည့် ပြည်တွင်းကုမ္ပဏီ/လုပ်ငန်းရှင်များ စာရင်းတွင် Eleven Media Group က ဝင်ငွေခွန် အများဆုံး ထမ်းဆောင်သော စာရင်းတွင် အဆင့် ၇၅၃ (ကျပ်သန်း ၂၀၀ အောက်)၊ ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ထမ်းဆောင်သော စာရင်းတွင် အဆင့် ၄၃၁ (ကျပ်သန်း ၄၀၀ အောက်) ရရှိခဲ့သည်။

နိုင်ငံတော်သို့ အခွန်အများဆုံး ပေးဆောင်ထားသည့် ထိပ်တန်းအခွန်ထမ်းများစာရင်း ၁၀၀၀ ဦးတွင် Eleven Media Group အနေဖြင့် ရှစ်နှစ်ဆက်တိုက် ပါဝင်ခဲ့ပြီး ယခု ၂၀၁၈-၂၀၁၉ စည်းကြပ်နှစ်တွင်လည်း ဝင်ငွေခွန် အများဆုံး ထမ်းဆောင်သည့် မြန်မာကုမ္ပဏီ/လုပ်ငန်းရှင် ၁၀၀၀ ဦးစာရင်းတွင် အဆင့် ၇၅၃ ဆင့်၊ ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ပေးဆောင်သည့် မြန်မာကုမ္ပဏီ/လုပ်ငန်းရှင် ၁၀၀၀ ဦးစာရင်းတွင် အဆင့် ၄၃၁ ဆင့်ရရှိခဲ့ပြီး ရှစ်နှစ်အတွင်း အခွန်ထမ်းဆောင်မှု ကျပ်သိန်း ၄၀၀၀၀ ကျော်ရှိကြောင်း သိရသည်။

Most Read

Most Recent