ဆီးဂိမ်းစ်ပြိုင်ပွဲဝင်မည့် မြန်မာ ယူ-၂၂ အသင်းတွင် အသက်ကျော် ကစားသမားအဖြစ် လှိုင်းဘိုဘိုနှင့် စည်သူအောင်ကို ရွေးချယ်ခဲ့ပြီး ဒဏ်ရာပြဿနာကြောင့် အောင်သူ လွဲချော်

ဆီးဂိမ်းစ်ပြိုင်ပွဲဝင်မည့် မြန်မာ ယူ-၂၂ အသင်းတွင် အသက်ကျော် ကစားသမားအဖြစ် လှိုင်းဘိုဘိုနှင့် စည်သူအောင်ကို ရွေးချယ်ခဲ့ပြီး ဒဏ်ရာပြဿနာကြောင့် အောင်သူ လွဲချော်
Photo: Nyi Nyi Soe Nyunt
Photo: Nyi Nyi Soe Nyunt
Published 22 November 2019

မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ် ပိုပေါ့ဗ်သည် ဆီးဂိမ်းစ်ပြိုင်ပွဲယှဉ်ပြိုင်မည့်အသင်း၌ အသက်ကျော်ကစားသမားအဖြစ် စည်သူအောင်နှင့် လှိုင်းဘိုဘိုတို့ကို ရွေးချယ်ခဲ့ကြောင်း သိရသည်။ တိုက်စစ်မှူး အောင် သူမှာမူ ဒဏ်ရာကြောင့် ဆီးဂိမ်းစ်ပြိုင်ပွဲကို လွဲချော်ခဲ့ခြင်းဖြစ်သည်။

နည်းပြချုပ် ပိုပေါ့ဗ်သည် ယခင်က အသက်ကျော်ကစားသမားအဖြစ် အောင်သူနှင့် လှိုင်းဘိုဘိုကို ရွေးချယ်ထားသော်လည်း အောင်သူသည် မွန်ဂိုလီးယားအသင်းနှင့် ကစားခဲ့သည့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ဒူးဒဏ်ရာရရှိခဲ့သောကြောင့် လွဲချော်ခြင်းဖြစ်သည်။ 

အောင်သူသည် မွန်ဂိုလီးယားကစားသမားများ၏ ဖျက်ထုတ်မှုကြောင့် ဝဲဘက်ဒူး၌ ဒဏ်ရာရရှိခဲ့ပြီး ဆီးဂိမ်းစ်ပြိုင်ပွဲအမီ ကောင်းမွန်လာဖွယ်မရှိသဖြင့် စည်သူအောင်ကို ပြောင်းလဲရွေးချယ်ခဲ့ခြင်းဖြစ်သည်။ 

မြန်မာ ယူ- ၂၂ အသင်းနည်းပြချုပ် ပိုပေါ့ဗ်သည် အသက်ကျော်ကစားသမားများအတွက် မှတ်ပုံတင်ရာတွင် တိုက်စစ်မှူး (၂) ဦး ထည့်သွင်းထားသော်လည်း ကျော်ကိုကိုနှင့် အောင်သူတို့ (၂)ဦးစလုံး ဒဏ်ရာရခဲ့သောကြောင့် ကွင်းလယ်ကစားသမား လှိုင်းဘိုဘိုနှင့် တောင်ပံကစားသမား စည်သူအောင်တို့ကိုသာ ရွေးချယ်ခဲ့ရခြင်းဖြစ်သည်။ 

စည်သူအောင်သည် ၂၀၁၃ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ဆီးဂိမ်းစ်ပြိုင်ပွဲ (၄) ကြိမ်ဆက်တိုက်ယှဉ်ပြိုင်ခွင့်ရခြင်းဖြစ်ပြီး လှိုင်းဘိုဘိုမှာမူ ၂၀၁၅ ခုနှစ်တွင် စတင်ပါဝင်ခဲ့ပြီး (၃)ကြိမ်ဆက်ယှဉ် ပြိုင်ခွင့်ရမည်ဖြစ်သည်။ 

"ဆီးဂိမ်းစ်ပြိုင်ပွဲ ယှဉ်ပြိုင်မယ့်အသင်းမှာ အသက် ကျော်ကစားသမားအဖြစ် လှိုင်းဘိုဘိုနဲ့ စည်သူအောင်ကို ရွေးချယ်ခဲ့ပါတယ်။ နိုဝင်ဘာ(၂၁)ရက် ညနေပိုင်းကစပြီး အသင်းနဲ့ ပူးပေါင်းနေပါတယ်။ အောင်သူက ဒဏ်ရာအခြေအနေကြောင့် မပါဝင်တာလို့ သိရပါတယ်။ အောင်သူအနေနဲ့ အသင်းကို ရောက်ရှိလာပေမယ့် ဒဏ်ရာအခြေအနေကြောင့် နည်းပြနှင့် ညှိနှိုင်းပြီး ကစားသမားပြောင်းလဲခဲ့ရတာပါ"ဟု မြန်မာ ယူ-၂၂ အသင်းတာဝန်ရှိသူတစ်ဦးက Eleven Sports သို့ ပြောကြားခဲ့သည်။

မြန်မာ ယူ-၂၂ အသင်းတွင် အသက်ကျော်ကစားသမား(၂)ဦး လာရောက်ပူးပေါင်းခဲ့သောကြောင့် ပဏာမကစားသမား(၂၂)ဦးဖြင့် နိုဝင်ဘာ(၂၁)ရက် ညနေပိုင်းမှစ၍ လေ့ကျင့်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent