ဧရာဝတီတိုင်းဒေသကြီးတွင် စိုက်ပျိုးရေးဝန်ထမ်းနည်းပါးပြီး ဝန်ထမ်းတစ်ဦးလျှင် စိုက်ပျိုးဧက ၆၀၀၀ ခန့်အထိ တာဝန်ယူဆောင်ရွက်နေရသောကြောင့် ဝန်ထမ်းအင်အား ထပ်မံတိုးမြှင့်ပေးရန် လိုအပ်နေကြောင်းသိရ

ဧရာဝတီတိုင်းဒေသကြီးတွင် စိုက်ပျိုးရေးဝန်ထမ်းနည်းပါးပြီး ဝန်ထမ်းတစ်ဦးလျှင် စိုက်ပျိုးဧက ၆၀၀၀ ခန့်အထိ တာဝန်ယူဆောင်ရွက်နေရသောကြောင့် ဝန်ထမ်းအင်အား ထပ်မံတိုးမြှင့်ပေးရန် လိုအပ်နေကြောင်းသိရ
ဧရာဝတီတိုင်းဒေသကြီးရှိ လယ်ယာလုပ်ငန်းခွင်တစ်ခုအား တွေ့ရစဉ်
ဧရာဝတီတိုင်းဒေသကြီးရှိ လယ်ယာလုပ်ငန်းခွင်တစ်ခုအား တွေ့ရစဉ်
Published 16 November 2019
မင်းသူဝင်းထွဋ်

ဧရာဝတီတိုင်းဒေသကြီးမှာ စိုက်ပျိုးရေးအား အခြေခံသည့် တိုင်းဒေသကြီးတစ်ခုဖြစ်သော်လည်း စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေးပညာရှင်ဝန်ထမ်းအင်အားနည်းပါးနေမှုကြောင့် ဝန်ထမ်းတစ်ဦးလျှင် စို်က်ပျိုးဧက ၆၀၀၀ ခန့်အထိ တာဝန်ယူဆောင်ရွက်နေရပြီး တောင်သူလယ်သမားများထံ စိုက်ပျိုးနည်း ပညာများ ထိရောက်စွာဖြန့်ဝေပေးနိုင်ရေးအတွက် ဝန်ထမ်းအင်အား ထပ်မံတိုးမြှင့် ခန့်ထားပေးရန် လိုအပ်နေကြောင်း သိရသည်။

အသားတင်စိုက်ပျိုးဧက ၃ရသိန်းကျော် ထိရှိသော ဧရာဝတီတိုင်းဒေသကြီးအတွင်း တောင်သူလယ်သမားများအား စိုက်ပျိုးရေးနည်းပညာများဖြန့်ဝေပေးရန်နှင့်သီးနှံ အရည် အသွေးများ မြင့်မားစေရန်အတွက် လုပ်ငန်းများလုပ်ဆောင်ရာတွင် စိုက်ပျိုးရေးဦးစီးဌာန၌ ဝန်ထမ်းဦးရေမှာ တိုင်းဒေသကြီးတစ်ခုလုံးတွင် ၆ဝဝခန့်သာ ရှိနေကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေးပညာရှင် ဝန်ထမ်းတစ်ဦးမှာ စိုက်ပျိုးမြေဧက ၆၀၀၀ ခန့်အထိ တာဝန်ယူ လုပ် ဆောင်နေရပြီး တောင်သူများသီးနှံအထွက် တိုးရေး စိုက်ပျိုးရေးနည်းစနစ်များ မြင့်မားလာစေရေးအတွက် အသိပညာများ ဖြန့်ဝေခြင်း ကွင်းဆင်းဆောင်ရွက်ခြင်းများတွင် လိုအပ်ချက်များရှိနေသောကြောင့် ဝန်ထမ်းဦးရေ ထပ်မံတိုးချဲ့ခန့်ထားပေးရန် လိုအပ်ကြောင်း သိရသည်။

“ကျွန်တော်တို့ တစ်တိုင်းလုံးမှာ မိုးစပါး စိုက်ဧက ၃ရသိန်းကျော်တယ်၊ နွေစပါး ၁၃ သိန်းဆိုပေမဲ့ နွေစပါး မိုးစပါးအပြင် အခြား သောသီးနှံများပါ ကျွန်တော်တို့ရဲ့ဝန်ထမ်းများက တာဝန်ယူဆောင်ရွက်နေရတဲ့ အနေ အထားရှိပါတယ်။ အဲ့တော့ ရှိတဲ့ ၃ရသိန်းပေါ်မှာပဲ ကျွန်တော်တို့က ပြန်စဉ်းစားမယ်ဆိုလို့ရှိရင် ဝန်ထမ်းဦးရေက ၆ဝဝကျော်ပဲ ရှိ တဲ့အတွက် ကျွန်တော်တို့ ဝန်ထမ်းတစ်ဦးဦး မှာ ဧက ၈ဝဝဝတို့ ၄ဝဝဝတို့ ကိုင်နေရတဲ့ ဝန်ထမ်း တွေက များပါတယ်၊ ဝန်ထမ်းနဲ့ တာဝန်ယူရတဲ့ ဧကနဲ့တွက်မယ်ဆိုရင်တော့ ဝန်ထမ်း ဦးရေနဲ့ စိုက်ဧကနဲ့တော်တော်လေးများ တယ် လို့ တွေ့ရပါတယ်၊ လက်ရှိဝန်ထမ်းဖွဲ့စည်းပုံရဲ့ အပြည့်ကို ဌာနရဲ့ သဘောတရားအရ ၆၀ ရာခိုင်နှုန်းလောက်ပဲ ကျွန်တော်တို့က ဖြည့်ပေးနိုင်ပါတယ်၊ သို့သော်လည်းပဲ ဒါကတော့ ဝန်ထမ်းရဲ့အခြေအနေအရ ဖွဲ့စည်းပုံအပြည့်တော့ ကျွန်တော်တို့က ပေးထားနိုင်ခြင်း မရှိပါဘူး။ ဝန်ထမ်းအင်အား ဖြည့်ဆည်းပေးဖို့ တောင်းခံခဲ့ပါတယ်။ကျွန်တော်တို့ရဲ့ စိုက်ပျိုး ရေးဦးစီးဌာနရုံးချုပ်ကိုလည်း တရားဝင် တင်ပြပြီး တောင်းခံထားပါတယ်။ လက်ရှိ အနေအထားအရ ဥပမာဆိုရင် ဒီနှစ်ဆိုရင် စိုက်ပျိုးရေးပညာရှင်ဝန်ထမ်းများက စိုက်ပျိုးရေး ဒီပလိုမာရထားတဲ့ သူများက ပညာရှင် ကျောထောက်နောက်ခံ နေ့စားဝန်ထမ်းများနဲ့ တစ်နှစ်ကနေ သုံးနှစ်အထိမှာ စုစုပေါင်း တစ်နိုင်ငံလုံးဆိုရင် စုစုပေါင်း ကျွန်တော်တို့က နှစ်ထောင်ကျော်လောက်ရှိပါတယ်။ အဲ့နှစ် ထောင် ကျော်လောက်မှာ တစ်ထောင်ကျော် လောက်ကိုတော့ တရားဝင်ရဖို့အတွက်ကို ကျွန်တော်တို့က လွှတ်တော်မှာတင်ပြပြီး တော့ အတည်ပြုပြီးပြီပေါ့နော်။ ကျွန်တော် တို့ဝန်ထမ်းတွေရဖို့ သို့သော်လည်း ကျွန်တော် တို့ဆီမှာတော ဝင်လာတဲ့ကျောင်းဆင်းပြီး ဝင်လာတဲ့ ကလေးတွေကျတော့ ဒီလိုပဲ နေ့ စားအဖြစ် တစ်နှစ်ကနေ သုံးနှစ်အထိတော့ လုပ်နေရတုန်းပါပဲ” ဟု ဧရာဝတီတိုင်းဒေသ ကြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးစိန်မောင်မြင့်က ပြောကြားသည်။

ဝန်ထမ်းဦးရေးနည်းပါးသောကြောင့် အစိုးရဌာနများတွင် အခက်အခဲများ ကြုံ တွေ့နေရခြင်းနှင့် ပတ်သက်၍ ဖျာပုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇေယျာမင်းသိန်းက “ဧရာဝတီတိုင်းက စိုက်ပျိုးရေးကို အခြေခံတဲ့ တိုင်းဒေသကြီးပေါ့၊ စိုက်ပျိုးရေးမှာလည်း ဝန်ထမ်းတွေ နည်းနေ သလို အခြားဝန်ကြီးဌာနမှာလည်း ဝန်ထမ်း နည်းတဲ့ပြဿနာတွေ့ရတယ်၊ အဓိကရဲတပ်ဖွဲ့ မြေစာရင်း အစရှိတဲ့ဌာနတွေမှာလည်း ဝန်ထမ်းနည်းတယ။ ဝန်ထမ်းတွေမရှိလို့ အလုပ် လုပ်ရတာ ခက်ခဲတယ်ဆိုတဲ့ အနေအထား မျိုးတွေရှိတယ်၊ နောက်စိုက်ပျိုးရေးနဲ့ ပတ် သက်တဲ့ဟာမှာရော အင်းအိုင်ချောင်းမြောင်း နဲ့ပတ်သက်တဲ့ငါးလုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာရော ဌာနတွေနဲ့ ပတ်သက်တဲ့ ဟာတွေမှာ လွှတ်တော်မှာလည်း အဆိုတွေ တင် ထားတာတွေရှိတယ် ၊ အင်းနယ်နိမိတ် မြေပုံတွေကို တိတိကျကျတိုင်းထွာပေးဖို့ဆိုပြီး တော့ ကျွန်တော်တို့တွေ အဆိုတင်ထား တာ တွေရှိတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ အစ်ကို တို့တွေ ဌာနတွေကို ဆက်စပ်ပြီးတော့ မေး မြန်းကြည့်တဲ့အခါမှာ သူတို့တွေ ကွင်းဆင်း ပြီးတော့ ဆောင်ရွက်ဖို့ ကိစ္စတွေ တိုင်းတာဖို့ အတွက်ကို ဝန်ထမ်းအင်အားတွေနည်းတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုရင် လူဦးရေနဲ့ပြော လို့ရှိရင် လူထောင်ကဏန်းလောက်ကို ခုန ပြောတဲ့ လူလေးငါးထောင်လောက်က ရဲတပ် ဖွဲ့ တစ်ဦးလောက် အခြေအနေကိုဖြစ်နေ တယ်ပေါ့နော်။ဖြစ်နေတဲ့အခါကျတော့ အုပ် ချုပ်ရေးဆိုင်ရာ အခက်အခဲ၊တရားဥပဒေစိုးမိုး ရေးဆိုင်ရာ အခက်အခဲ၊နောက်စီးပွားရေး ဖွံဖြိုးတိုးတက်ဖို့အတွက် ဒေတာတွေကောက် ယူတဲ့အခါမှာ အခက်အခဲတွေ အများကြီးဖြစ် လာတယ်ပေါ့ အဲ့တော့ ဝန်ထမ်းခန့်ထားရေးနဲ့ ပက်သက်ပြီးတော့ ပြောလို့ရှိရင်တော့ တိုးပြီး တော့မှဆောင်ရွက်သင့်တယ်လို့ အစ်ကို့ အနေနဲ့ မြင်တယ်၊ ဘာ့ကြောင့်လဲဆိုတော့ ဒီ ဟာသည် အကြောင်းပြချက်တစ်ခုလိုဖြစ်နေ တာပေါ့နော်။ဌာနတွေအတွက် အကြောင်းပြ ချက်တစ်ခုလိုဖြစ်နေတယ်။ဝန်ထမ်းမရှိလို့၊ အမှန်တကယ်လည်း နည်းနေပါတယ်။ ခုန ပြောသလို လုပ်ရတဲ့အလုပ်နဲ့ ရှိတဲ့အင်အားမမျှတဲ့အတွက်သူတို့မှာလည်း အခက်အခဲ တွေ အများကြီးဖြစ်ရပါတယ်။ အဲ့တော့ ပြည် ထောင်စုအစိုးရအဖွဲ့အနေနဲ့ရော ဝန်ထမ်း ခန့်ထားဖို့ဆိုတဲ့နေရာမှာ တိုင်းပြည်ရဲ့ ဘတ် ဂျက်အခြေအနေခန့်ထားနိုင်တဲ့အခြေ အနေ ပေါ့နော်။ ဒီဟာတွေနဲ့ ပတ်သက်ပြီးတော့ အခြေခံအဆောက်အအုံ အစရှိတဲ့ အများကြီး တော့ လိုအပ်နေပါသေးတယ်။ တိုးပြီး ခန့်အပ်ဖို့လည်း လိုအပ်တယ်။ အစ်ကို့အနေနဲ့ မြင်ပါတယ်” ဟု ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း အသားတင်စိုက်ပျိုးမြေ ဧကမှာ ၄၈၁၀၀၄၄ ဧကရှိပြီး သီးထပ်စိုက်ဧကပေါင်း ၂၆၄၈၁၆၃ ဧက၊ သီးညှပ် စိုက်ဧကပေါင်း ၂၄၃၄၅၄ ဧကနှင့် သီးထပ်သီးညှပ် စိုက်ဧကပေါင်း ၂၈၉၁၆၁ရဧက ရှိကာ သီးနှံစိုက်စွမ်းအားမှာ ၁၆၀ ဒသမ ၁၂ ရာခိုင်နှုန်းထိ ရှိနေကြောင်း သိရသည်။                     

 

 

Most Read

Most Recent