၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကျပ် ၆၉၅ ဘီလျံကျော် အသုံးပြု၍ မဂ္ဂါဝပ် ၁၄၀၀ ကျော်ရရှိမည့် ဓာတ်အားပေးစက်ရုံစီမံကိန်းအသစ် ရှစ်ခု စတင်ဆောင်ရွက်မည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း မဂ္ဂါဝပ် ၁၁၇၀ ရရှိမည့် စီမံကိန်းလေးခု ပါဝင်

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကျပ် ၆၉၅ ဘီလျံကျော် အသုံးပြု၍ မဂ္ဂါဝပ် ၁၄၀၀ ကျော်ရရှိမည့် ဓာတ်အားပေးစက်ရုံစီမံကိန်းအသစ် ရှစ်ခု စတင်ဆောင်ရွက်မည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း မဂ္ဂါဝပ် ၁၁၇၀ ရရှိမည့် စီမံကိန်းလေးခု ပါဝင်
သီလဝါအထူးစီးပွားရေးဇုန်အတွင်း သွယ်တန်းထားသည့် လျှပ်စစ်ဓာတ်အားလိုင်းများကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
သီလဝါအထူးစီးပွားရေးဇုန်အတွင်း သွယ်တန်းထားသည့် လျှပ်စစ်ဓာတ်အားလိုင်းများကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
Published 15 November 2019
နီလာ

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကျပ် ၆၉၅ ဘီလျံကျော် အသုံးပြုကာ မဂ္ဂါဝပ် ၁၄၀၀ ကျော် ရရှိမည့် ဓာတ်အားပေးစက်ရုံစီမံကိန်း အသစ်ရှစ်ခု စတင်ဆောင်ရွက်မည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း မဂ္ဂါဝပ် ၁၁၇၀ ရရှိမည့် စီမံကိန်း လေးခုအထိ ပါဝင်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ထပ်မံ ဆောင်ရွက်မည့် စီမံကိန်းအသစ်များအနေဖြင့် အလုံ ၁၂၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံစီမံကိန်း၊ ကျွန်းချောင်း ၂၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံစီမံကိန်း၊ သန်လျင် ၃၅၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံစီမံကိန်း၊ သာကေတ ၄၀၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံစီမံကိန်း၊ ကျောက်ဖြူ ၁၅၀ မဂ္ဂါဝပ်ဓာတ်အားပေးစက်ရုံ စီမံကိန်း၊ မကွေး ၆၆ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံစီမံကိန်း၊ ရွှေတောင် ၂၈ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံစီမံကိန်း၊ ဆိပ်ကြီးခနောင်တို ၃၀၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံစီမံကိန်း ရှစ်ခုကို စတင်ဆောင်ရွက်သွားရန် လျာထားကြောင်း သိရသည်။

စီမံကိန်း တစ်ခုချင်းအလိုက် အလုံ ၁၂၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံစီမံကိန်းအတွက် ကျပ် ၁၃ ဒသမ ၂၈၂ ဘီလျံ၊ ကျွန်းချောင်း ၂၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံစီမံကိန်းအတွက် ကျပ် ၂ ဒသမ ၁၄၈ ဘီလျံ၊ သန်လျင် ၃၅၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံစီမံကိန်းအတွက် ၂၃၃ ဒသမ ၆၅၄ ဘီလျံ၊ သာကေတ ၄၀၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံ စီမံကိန်းအတွက် ၂၆၇ ဒသမ ၀၃၄ ဘီလျံ၊ ကျောက်ဖြူ ၁၅၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံ စီမံကိန်းအတွက် ကျပ် ၁၀၀ ဒသမ ၁၃၈ ဘီလျံ၊ မကွေး ၆၆ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံ စီမံကိန်းအတွက် ကျပ် ၆၄ ဒသမ ၂၃၀ ဘီလျံ၊ ရွှေတောင် ၂၈ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံ စီမံကိန်းအတွက် ကျပ် ၀ ဒသမ ၉၉၇ ဘီလျံ၊ ဆိပ်ကြီးခနောင်တို ၃၀၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံစီမံကိန်းအတွက် ကျပ် ၁၄ ဒသမ ၁၇၃ ဘီလျံရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြောကြားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ပြည်နယ်နှင့်တိုင်းဒေသကြီးအချို့တွင် စတင် ဆောင်ရွက်မည့် ဓာတ်အားပေးစက်ရုံ စီမံကိန်းများအနက် ရန်ကုန်တိုင်းဒေသကြီးတွင် အလုံ ၁၂၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံ စီမံကိန်း၊ သန်လျင် ၃၅၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံ စီမံကိန်း၊ သာကေတ ၄၀၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံ စီမံကိန်းနှင့် ဆိပ်ကြီးခနောင်တို ၃၀၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံစီမံကိန်းတို့ ပါဝင်သည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်အထိ သုံးနှစ်အတွင်း မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုတွင် ရေအားလျှပ်စစ်မှ တစ်နှစ်လျှင် ကီလိုဝပ် နာရီသန်းပေါင်း ၁၁၀၀၀ ကျော် ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး သဘာဝဓာတ်ငွေ့မှ တစ်နှစ်လျှင် ကီလိုဝပ် နာရီသန်းပေါင်း ၉၀၀၀ ဝန်းကျင် ထုတ်လုပ် သုံးစွဲခဲ့ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကို ကိုးကားပြီး ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်ထားသည်။

နှစ်အလိုက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်သုံးစွဲခဲ့မှုအနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ရေအားလျှပ်စစ်မှ ကီလိုဝပ် နာရီသန်းပေါင်း ၁၁၂၂၄ သန်းကျော်၊ သဘာဝဓာတ်ငွေ့ မှ ကီလိုဝပ် နာရီသန်းပေါင်း ၉၂၀၀ ကျော် ထုတ်လုပ်ခဲ့သည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ရေအားလျှပ်စစ်မှ ကီလိုဝပ် နာရီသန်းပေါင်း ၁၁၅၅၃ သန်းကျော်၊ သဘာဝဓာတ်ငွေ့မှ ကီလိုဝပ် နာရီသန်းပေါင်း ၇၆၉၀ သန်းကျော် ထုတ်လုပ်ခဲ့သည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ရေအားလျှပ်စစ်မှ ကီလိုဝပ် နာရီသန်းပေါင်း ၁၁၄၄၁ သန်းကျော်၊ သဘာဝဓာတ်ငွေ့မှ ကီလိုဝပ် နာရီသန်းပေါင်း ၇၅၇၇ သန်းကျော် ထုတ်လုပ်ခဲ့ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

၂၀၁၉ ခုနှစ် သြဂုတ်အထိ အိမ်ထောင်စုများသို့ ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်မှု အခြေအနေမှာ တစ်နိုင်ငံလုံးတွင် အိမ်ထောင်စုပေါင်း ၁၀၈၇၇၈၃၂ ရှိသည့်အနက် ဓာတ်အားစနစ်ဖြင့် မီးလင်းပြီး အိမ်ထောင်စု ၅၀၆၆၈၄၂ စုရှိပြီး ဓာတ်အားစနစ်ဖြင့် မီးလင်းပြီး အိမ်ထောင်စု ရာခိုင်နှုန်းအနေဖြင့် ၄၆ ဒသမ ၅၈ ရာခိုင်နှုန်း ရှိသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဓာတ်အားစနစ်ဖြင့် မီးလင်းပြီး အိမ်ထောင်စုရာခိုင်နှုန်းများမှာ ကချင်ပြည်နယ် ၆၀ ဒသမ ၁၆ ရာခိုင်နှုန်း၊ ကယားပြည်နယ် ၉၄ ဒသမ ၇၅ ရာခိုင်နှုန်း၊ ကရင်ပြည်နယ် ၃၂ ဒသမ ၆၉ ရာခိုင်နှုန်း၊ ချင်းပြည်နယ် ၂၆ ဒသမ ၅၅ ရာခိုင်နှုန်း၊ စစ်ကိုင်းတိုင်းဒေသကြီး ၄၁ ဒသမ ၇၆ ရာခိုင်နှုန်း၊ တနင်္သာရီတိုင်းဒေသကြီး ၁၈ ဒသမ ၅၇ ရာခိုင်နှုန်း၊ ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်း ၄၅ ဒသမ ၈၃ ရာခိုင်နှုန်း၊ ပဲခူးတိုင်းဒေသကြီးအနာက်ပိုင်း ၃၉ ဒသမ ၀၂ ရာခိုင်နှုန်း၊ မကွေးတိုင်းဒေသကြီး ၃၂ ဒသမ ၃၇ ရာခိုင်နှုန်း၊ မွန်ပြည်နယ် ၅၅ ဒသမ ၃၄ ရာခိုင်နှုန်း၊ ရခိုင်ပြည်နယ် ၂၅ ဒသမ ၁၇ ရာခိုင်နှုန်း၊ ရှမ်းပြည်နယ် တောင်ပိုင်း ၄၅ ဒသမ ၇၆ ရာခိုင်နှုန်း၊ ရှမ်းပြည်နယ် မြောက်ပိုင်း ၃၃ ဒသမ ၅၇ ရာခိုင်နှုန်း၊ ရှမ်းပြည်နယ် အရှေ့ပိုင်း ၁၃ ဒသမ ၄၁ ရာခိုင်နှုန်း၊ ဧရာဝတီတိုင်းဒေသကြီး ၁၉ ဒသမ ၀၁ ရာခိုင်နှုန်း၊ နေပြည်တော် ၅၈ ဒသမ ၀၈ ရာခိုင်နှုန်း၊ ရန်ကုန်တိုင်းဒေသကြီး ၈၇ ဒသမ ၇၆ ရာခိုင်နှုန်း၊ မန္တလေးတိုင်းဒေသကြီး ၆၃ ဒသမ ၅၂ ရာခိုင်နှုန်းတို့ ဖြစ်သည်။

Most Read

Most Recent