နေမာ ပါဝင်နိုင်ခြင်းမရှိသော်လည်း မက်ဆီ ဦးဆောင်လာမည့် အာဂျင်တီးနားကို မကြောက်ကြောင်း ဘရာဇီးလ်နောက်ခံလူ သီယာဂိုဆေးလ်ဗား ပြောကြား

နေမာ ပါဝင်နိုင်ခြင်းမရှိသော်လည်း မက်ဆီ ဦးဆောင်လာမည့် အာဂျင်တီးနားကို မကြောက်ကြောင်း ဘရာဇီးလ်နောက်ခံလူ သီယာဂိုဆေးလ်ဗား ပြောကြား
Photos: Getty Images
Photos: Getty Images
Published 13 November 2019

မက်ဆီသည် ယခုအခါ ပွဲပယ်ပြစ်ဒဏ်စေ့သွားပြီဖြစ်သွားသဖြင့် အာဂျင်တီးနားအသင်းတွင် ပြန်လည် ပါဝင်လာပြီး ဆော်ဒီအာရေဗျနိုင်ငံ၊ ရီယာ့ဒ်မြို့၌ ကစားမည့် ဘရာဇီးလ်-အာဂျင်တီးနား ခြေစမ်းပွဲတွင် ပါဝင်ကစားမည်ဖြစ်သည်။ ဘရာဇီးလ်နောက်ခံလူ သီယာဂိုဆေးလ်ဗားက ကမ္ဘာ့အကောင်းဆုံးကစားသမား မက်ဆီနှင့် ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည့်အတွက် ဂုဏ်ယူမိကြောင်း ပြောကြားခဲ့သည်။

 

ဘရာဇီးလ်အသင်းနောက်ခံလူ သီယာဂိုဆေးလ်ဗားက နိုဝင်ဘာ (၁၅)ရက်တွင် ကစားမည့် ခြေစမ်းပွဲ၌ မက်ဆီ ဦးဆောင်လာမည့် အာဂျင်တီးနားအသင်းကို မိမိတို့အနေဖြင့် ကြောက်ရွံခြင်းမရှိကြောင်း ပြောကြားခဲ့သည်။

 

အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီသည် ယခုနှစ်၊ ဇူလိုင်လက ကျင်းပခဲ့သည့် ကိုပါအမေရိကပြိုင်ပွဲတွင် ပြိုင်ပွဲကျင်းပရေးတာဝန်ရှိသူများကို ဝေဖန်ခဲ့သဖြင့် (၂)လပွဲပယ်ပြစ်ဒဏ်နှင့် ဒေါ်လာ (၅၀၀၀၀) ဒဏ်တပ်ရိုက်ခံခဲ့ရသည်။ 

မက်ဆီသည် ယခုအခါ ပွဲပယ်ပြစ်ဒဏ်စေ့သွားပြီဖြစ်သွားသဖြင့် အာဂျင်တီးနားအသင်းတွင် ပြန်လည် ပါဝင်လာပြီး ဆော်ဒီအာရေဗျနိုင်ငံ၊ ရီယာ့ဒ်မြို့၌ ကစားမည့် ဘရာဇီးလ်-အာဂျင်တီးနား ခြေစမ်းပွဲတွင် ပါဝင်ကစားမည်ဖြစ်သည်။ ဘရာဇီးလ်နောက်ခံလူ သီယာဂိုဆေးလ်ဗားက ကမ္ဘာ့အကောင်းဆုံးကစားသမား မက်ဆီနှင့် ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည့်အတွက် ဂုဏ်ယူမိကြောင်း ပြောကြားခဲ့သည်။

သီယာဂိုဆေးလ်ဗားက "အာဂျင်တီးနားအသင်းမှာ မက်ဆီ ပြန်လာတာကို ကျွန်တော်တို့အနေနဲ့ စိတ်ပူနေတာမျိုးမရှိဘဲ သူနဲ့ ယှဉ်ပြိုင်ခွင့်ရတဲ့အတွက် ဂုဏ်ယူပါတယ်။ အာဂျင်တီးနားအသင်းမှာ သူတို့ရဲ့ ကြယ်ပွင့်ကစား သမားပါဝင်လာပေမယ့် ကျွန်တော်တို့မှာတော့ နေမာ ပါဝင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဘရာဇီးလ်က ဘရာဇီးလ်ပါပဲ။ ကိုပါအမေရိကပြိုင်ပွဲမှာတုန်းကလည်း ဒါကို ကျွန်တော်တို့ သက်သေပြပြီးပါပြီ။ ဘရာဇီးလ်နဲ့ အာဂျင်တီးနားတို့ ထိပ်တိုက်တွေ့တဲ့ပွဲတွေက ပွဲကောင်းတွေ ဖြစ်လေ့ရှိပြီး ဒီပွဲမှာ အနိုင်ရဖို့ (၂)သင်းစလုံး ဆတူအခွင့်အရေးရှိနေပါတယ်" ဟု ပြောကြားခဲ့သည်။ 

ဘရာဇီးလ်အသင်းသည် ဇူလိုင်လက ကစားခဲ့သည့် ကိုပါအမေရိကဆီမီးဖိုင်နယ်တွင် အာဂျင်တီးနားအသင်းကို (၂-၀)ဂိုးဖြင့် အနိုင်ရခဲ့သည်။ 

Most Read

Most Recent